ဆံကေသာကိုနူးညံ့ဖြောင့်စင်းစေမယ့်အိမ်မှာအလွယ်တကူရတယ်ရှားစောင်းလက်ပပ်နဲ့ပေါင်းတင်နည်းရှားစောင်းလက်ပပ်ကိုအလှပအတွက်နည်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်အသားအရေလှစေဖို့သုံးကြသလို၊ကျန်းမာရေးအတွက်

သောက်ကြသူတွေလည်းရှိပါတယ်ဒါတင်မကသေးပါဘူးသင့်ဆံကေသာကို နူးညံ့ဖြောင့်စင်းစေပါတယ်ရေဓာတ်ပါဝင်မှုမြင့်မားပြီးAntioxidant ပါဝင်သလိုသတ္တုဓာတ်လည်းပါဝင်လို့သင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်

ရှားစောင်းလက်ပပ်နဲ့အုန်းဆီရှားစောင်းလက်ပပ်နဲ့အုန်းဆီကို ပေါင်းပြီးသုံးတာဟာသင့်ဆံကေသာအတွက် ကောင်းမွန်ပါတယ်ပါဝင်ပစ္စည်းရှားစောင်းလက်ပပ်စားပွဲတင်ဇွန်း၃ဇွန်းအုန်းဆီစားပွဲတင်ဇွန်း၂ဇွန်းပြုလုပ်နည်းခွက်တစ်လုံးထဲကို

ပါဝင်ပစ္စည်းနှစ်မျိုးလုံးရောပြီး သေချာမွေလိုက်ပါပြီးရင်ဆံပင်အရင်းကနေအဖျားလိမ်းပေးပါပြီးရင်Shower Cap ဆောင်းပေးထားပြီးတစ်နာရီလောက်ထားထားပါအဲဒီနောက် ခေါင်းလျှော်ချပေးလိုက်ပါတစ်ပတ်ကို၂ကြိမ်

ပြုလုပ်ပေးနိုင်ပါတယ်ရှားစောင်းလက်ပပ်နဲ့ပျားရည်ရှားစောင်းလက်ပပ်နဲ့ပျားရည်တွဲပြီးသုံးပေးတာဟာလည်းသင့်ဆံကေသာအတွက်ကောင်းမွန်ပါတယ်ပါဝင်ပစ္စည်းရှားစောင်းလက်ပပ်စားပွဲတင်ဇွန်း၃ဇွန်းပျားရည်စားပွဲတင်

ဇွန်း၃ဇွန်းပြင်ဆင်ခြင်းပါဝင်ပစ္စည်းတွေကိုခွက်တစ်လုံးထဲရောထည့်လိုက်ပြီးသေချာမွေပါပြီးရင်ဦးရေပြားနဲ့ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပြီး သေချာနှိပ်ပေးပါအဲဒီနောက်မိနစ်၂ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါတစ်ပတ်ကို၃ကြိမ်လုပ်ပေးနိုင်ပါတယ်။