အသားအရေဖြူဝင်းစေမယ့်မန်ကျည်းသီး Scrub အိမ်မှာအလွယ်တကူလုပ်ကြမယ်အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်တဲ့မန်ကျည်းသီးအိမ်ကမီးဖိုချောင်ထဲမှာရှိတဲ့မန်ကျည်းသီးကို ဒီအတိုင်းမထားပဲနဲ့အသားအရေအတွက်လှပအောင်

အသားအရေ ဖြူဝင်းစေမယ့်မန်ကျည်းသီးScrubကိုအိမ်မှာအလွယ်တကူပဲစမ်းကြည့်ကြရအောင်မန်ကျည်းသီးကအင်တီအောက်ဆီးဒင့်ဓာတ်နဲ့ဗီတာမင်C,A တွေ ကြွယ်ဝစွာပါဝင်ပါတယ်မန်ကျည်းသီးကိုအရေပြားမှာ

လိမ်းကြည့်ရင်အသားအရေဝင်းလက်စေပြီးအမဲစက်တွေပျောက်ကင်းစေပါတယ်ဒါ့အပြင်အညစ်အကြေးနဲ့ဆဲလ်အသေတွေကိုလည်း ပျောက်ကင်းစေပါတယ်နနွင်းနဲ့မန်ကျည်းသီးရောပြီးလုပ်ထားတဲ့Scrubကအဆီပြန်ပြီး

ဝက်ခြံများတဲ့အရေပြားအတွက်သင့်လျော်ပါတယ်ဒါပေမယ့်Shavingအမွေးရိတ်ခြင်းသို့မဟုတ်Waxingဖယောင်းဖြင့်အမွေးချွတ်ခြင်းတို့ ပြုလုပ်ပြီးတဲ့အရေပြားပေါ်လိမ်းတဲ့ရင်ဓာတ်မတည့်တာနဲ့ယားယံတာမျိုးတွေ

ဖြစ်နိုင်တဲ့အတွက်ချက်ချင်းမလိမ်းမိဖို့သတိပြုပါမန်ကျည်းသီးScrubလုပ်လို့ရတဲ့ နည်းလမ်းတွေ ရေးသား ဖော်ပြသွားပါမယ်ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ပုံအဆင့်ဆင့်မန်ကျည်းသီးနနွင်းနဲ့သကြာမန်ကျည်းသီးကိုဒီအတိုင်း

မျက်နှာမှာလိမ်းတဲ့အခါဓာတ်မတည့်တာမျိုး ဖြစ်နိုင်တဲ့အတွက်အရင်ဆုံးရေနွေးနဲ့ ပြုတ်ပါပြီးမှအနှစ်ကိုနနွင်းနဲ့ရောပါသကြားသို့မဟုတ်Scrub Salt နဲ့ ရောနှောပြီးရလာတဲ့အနှစ်ကိုမျက်နှာနဲ့ခန္ဓာကိုယ်မှာလိမ်းကြည့်ပါ

နာရီဝက်ခန့်ထားပြီး ရေဆေးချတဲ့အခါသိသိသာသာဝင်းလက်လာတဲ့အရေပြားကို တွေ့ရမှာပါဒီလိုScrubလုပ်တာကိုတပတ်တကြိမ်လောက်လုပ်ပါကြာတဲ့အခါ သူများနဲ့မတူလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ပြီမှာပါ။