အငုံစိတ်အကြောင်းသိကောင်းစရာအငုံစိတ်ရှိသူတွေကိုအုံ့ပုန်း၊မပွင့်လင်းသူဟူရ်ျပတ်ဝန်းကျင်ကသတ်မှတ်လေ့ရှိပါတယ်။အိမ်မှာဖြစ်ဖြစ်၊အလုပ်ထဲမှာဖြစ်ဖြစ် ပတ်ဝန်းကျင်မှာများစွာရှိပါတယ်အငုံစိတ်ရှိသူတွေကထင်တာထက်ပိုပီး

ကြောက်စရာကောင်းလို့သတိပြုဆင်ခြင်တတ်အောင်မျှဝေလိုက်ပါတယ်အငုံစိတ်ကဘယ်လိုလူတွေမှာတွေ့ရလဲအငုံစိတ်ဆိုတာဒာလိုလိုနေရင်းကိုယ့်ကိုကိုမလုံခြုံတဲ့စိတ် ဖြစ်နေတဲ့လူတွေမှာတွေ့ရပါတယ်အတန်းပညာ၊အဆင့်အတန်း၊အသက်

ရွယ်မရွေးဖြစ်နိုင်ပါတယ်သူတပါးပေါ်အလိုလိုနေရင်းစိတ်တိုင်းမကျတာ၊ဒေါသထွက်လွယ်တာ၊လူတိုင်းပေါ်ကောင်းမလိုနဲ့ဟန်ဆောင်နေတာ၊ဘယ်သူဘာဖြစ်ဖြစ်ကိုယ့်အကျိုးတွက်ပဲကြည့်တာစတဲ့လက္ခဏာတွေတွေ့ရပါတယ်အငုံစိတ်များတဲ့

လူတွေကိုကြည့်လိုက်ရင်စိတ်ရင်းနဲ့ဆက်ဆံရေးချိုသာနေတာထက်ဟန်ဆောင်နေရတာများတယ်သဘောကောင်းချင်ယောင်ဆောင်၊ချိုသာချင်ယောင်ဆောင်စသဖြင့်ပါအတွင်းထဲကမနာလိုစိတ်ကိုယ်ထက်သာရင်မနာလိုတာမျိုးပါ။မိသားစု

ဝင်အချင်းချင်းထဲတောင်ဖြစ်နိုင်ပါတယ်သူများပျော်နေတာတွေ့ရရင်ကိုယ်မပျော်ပေးနိုင်ဘူးကို့ဘေးမှာရှိတဲ့လူနဲ့အမြဲယှဉ်နေတတ်ပီးကိုယ့်နားကလူတွေကိုအလိုလိုနေရင်းစိတ်တိုင်းမကျ နေတာတွေတွေ့ရပါတယ်တချို့ကတရားသမားပုံစံ

တရားစကားတွေပြောပီးလူကွယ်ရာမှာနေချင်သလိုနေပီးဟန်ဆောင်နေတတ်ပါတယ်သူကိုယ်တိုင်ကအဖြစ်မရှိလက်ကြောမတင်းပဲသူတပါးရဲ့အရည်အသွေး၊အရည်အချင်းပေါ်အသိမှတ်မပြုတတ်ပါဘူးလူတယောက်ရဲ့ကောင်းခြင်းတွေထက်

အဆိုးတွေသာမြင်နေတတ်ပါတယ်တခုခုဖြစ်လာရင်ကိုယ့်အပြစ်ကိုမမြင်သူတပါးအပြစ်ကိုသာမြင်ပီးဘေးထိုင်ဘုပြော ချောက်ချတတ်ပါတယ်အငုံစိတ်ရှိတဲ့လူတွေကိုကြည့်ရင်ဘဝမှာမအောင်မြင်မဖြစ်ထွန်းတာများပါတယ်ကံကောင်းလို့

လမ်းကြောင်းပေါ်ရောက်နေခဲ့ရင်တောင်စိတ်အလိုမကျခြင်းတွေကြောင့်အမြဲစိတ်ဒုက္ခရောက်နေရပါတယ်အငုံစိတ်ကိုဘယ်လိုပြုပြင်မလဲကိုယ်ကျင့်တရား၊မေတ္တာတရားကိုယ်ချင်းစာတရား၊ဆင်ခြင်တုံတရား တွေနဲ့ပြန်လည်ချိုးနှိမ်ရပါတယ်

ပေါ်လာရင်တောင်ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ကိုယ်ချင်းစာစိတ်ထားနိုင်ရင်ဖြေရှင်းနိုင်ပါတယ်မနာလိုစိတ်တွေကိုအခြေခံပီးအငုံစိတ်ပေါ်လာတဲ့အခါလူဟာဆင်ခြင်တုံတရားကင်းမဲ့ပြီးမဆင်မခြင်လျှောက်လုပ်တတ်ပါတယ်။အဲဒီချိန်မှာ

မှားတယ်မှန်တယ်မသိတော့ဘူး၊နှစ်ဖက်မျှမစဉ်းစားတတ်တော့ပါဘူးအငုံစိတ်ရှိသူတွေကအတ္တကိုအမြဲရှေ့တန်းတင်လို့ငါသည်သာအမှန်ဆိုတဲ့ခံယူချက်ဝင်သွားတတ်ပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုပိုက်ဆံရှိသို့ဘွဲ့ရပီး

အောက်တန်းစားအငုံစိတ်နဲ့လူတန်းစားတစ်ရပ်ရှိတယ်ကိုယ့်ဘဝကိုယ်စိတ်တိုင်းမကျရုံမကကိုယ့်မိသားစုကစလို့သူငယ်ချင်း၊မိတ်ဆွေအမျိုးအဆွေသားသမီအိမ်ထောင်ဖက်၊လုပ်ဖော်ကိုင်ဖက်ယုတ်စွအဆုံးလမ်းဘေးက အောက်ခြေ

လူတန်းစားအထိကိုကိုစိတ်တိုင်းမကျတတ်တာပါသူ့ပတ်ဝန်းကျင်ကလူကအမှားမလုပ်ထားသေးဘူးဒီတိုင်းဆက်သွားရင်နင်လမ်းမှားရောက်တော့မှာသူနဲ့ပေါင်းရင် နင်ပျက်စီးတော့မှာအစရှိသဖြင့်နဲ့ကိုယ့်ပတ်ဝန်းကျင်ကလူတွေ၊ကိုယ်အမြင်

မကြည်သူတွေကိုနှိမ့်ချဆက်ဆံတာမျိုးတွေ့ရပါတယ်တကယ်ကသူတစ်ပါးရဲ့အကျိုးကို ကောင်းစေချင်လို့လိုလားတဲ့စိတ်ရင်းခံပီးဝေဖန်ပိုင်းခြားပြတာနဲ့အငုံစိတ်ကိုအရင်းခံပြီး ဝေဖန်တိုက်ခိုက်ခြင်းကမတူပါဘူးခေါင်းစဉ်တပ်လိုက်တော့

ကောင်းစေချင်လို့ပါဆိုပီး နောက်တော့ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝကိုချစ်သလိုနဲ့နှစ်၊ ကောင်းစေချင်သလိုနဲ့ဆွဲချသွားတာတွေအများကြီးပါကျွန်တော်တော့အဲလိုလူတွေကိုမြင်ရင်ဂုံးအပုပ်ကြီးလို့ပဲမြင်တယ်ကိုယ်တိုင်ကပုပ်နေတော့

သူနဲ့လိုက်တိုက်ကြည့်တဲ့ကျန်လူတွေကိုပါအဆံချောင်နေပီးအပုပ်ကြီးလို့လိုက်ထင်နေတာတကယ်ကကျန်တဲ့လူတွေကအကောင်းသူကိုယ်တိုင်ကပုပ်နေတော့သူနဲ့တိုင်းပီးကျန်တဲ့သူတွေပါပုပ်ပီထင်နေတာပါသူများကိုဆွဲချပီးအားရလို့

သူတစ်ကိုယ်တည်းကျန်ရင်ရော-ပျော်ရွှင်ပီလို့ထင်ပါသလားမဟုတ်ပါအငုံစိတျနဲ့insecure person တွေကဘယ်သောအရပ်မှာနေနေသူတို့ကိုယ်သူတို့ရောပတ်ဝန်းကျင်ကလူတွေ၊အရာတွေကိုစိတ်တိုင်းမကျခြင်းပါပီးရင်အဆိုးဆုံးက

သူတို့ကိုယ်သူတို့အမြဲမှန်တယ်ဆိုပြီးCoverယူပီးဘဝအမောတွေကို ဖြေဖျောက်ကြသေးပါတယ်တစ်ကယ်တမ်းကျတော့အငုံစိတ်ရှိသူတွေဟာသိပ်သနားဖို့ကောင်းတယ်သူတို့ကောင်းချင်ယောင်ဆောင်သမျှကြီးကဘေးလူအနေနဲ့ကြည့်ရရင်

မြင်ရတွေ့ရဟာသတခုလိုရယ်စရာကောင်းနေပါတယ်ဒီစာကိုဖတ်ပီးသင့်မှာအငုံစိတ်ရှိနေရင်အချိန်မှီပြင်ဆင်စေချင်ပါတယ်မပြုပြင်ရင်သင်ကစလို့သင့်ပတ်ဝန်းကျင်၊သင့်သားသမီးကိုအငုံစိတ်နဲ့ပြုစုပျိုးထောင်သမျှကလေးလမ်းမှားရောက်သွားမှာပါ

အကယ်ရ်ျစာဖတ်သူရဲ့ပတ်ဝန်းကျင်မှာအငုံစိတ်ရှိတဲ့လူရှိနေခဲ့ရင်ပြင်ပေးဖို့မကြိုးစားပဲအချိန်မှီသာရှောင်ဖို့အကြံပြုပါတယ်အငုံစိတ်ရှိသူတို့ကမိမိကိုယ်တိုင်ပြောင်းလဲ ပြင်ဆင်လိုစိတ်မရှိမချင်းဘယ်သောအခါမှ ပြောင်းလဲမှာမဟုတ်လို့ပါ။ကျွန်တော်ကတော့သူတစ်ပါးကိုအပြစ်မြင်လာရင်ငါရော

ဂုံးအပုပ်ကြီးများဖြစ်နေပီလားလို့အထပ်ထပ်ပြန်မေးခွန်းထုတ်မိပြီး ပြောင်းလဲပြင်ဆင်တော့တာပဲလူ့ဘဝကတိုတိုလေးဖြစ်လို့ငယ်စဉ်ကလေးဘဝကစလို့လူအများပေါ်စိတ်ကောင်းစေတနာနဲ့ကောင်းကျိုးပြုရင်းအငုံစိတ်ကြောင့်ပတ်ဝန်းကျင်မှာဂုံးအပုပ်ကြီးမဖြစ်ကြစေဖို့ဆန္ဒပြုရင်းမေတ္တာဖြင့်ဒေါက်တာကောင်းထက်ကျော်credit