အိမ်ရှင်မတို့အတွက်မျှင်ငါးပိအစစ်ဟုတ်မဟုတ်ကိုဘယ်လိုခွဲခြားမလဲကျွန်မတို့မြန်မာလူမျိုးတွေရဲ့ထုံးစံနေ့စဉ်စားသောက်တဲ့အချိန်။မှာ ငါးပိကမပါမဖြစ်အရေးပါပါတယ်ငါးပိနဲ့ တို့စရ အစုံအလင်နဲ့ ဆို ထမင်းဝိုင်းကသာမန်ထက်
ပိုစိုပြည်ပြီးထမင်းစားလို့ကောင်းတတ်ကြပါတယ်ဒါကြောင့်ကိုယ်ကငါးပိဆောင်ထားချင်ပေမယ့်လည်းငါးပိမစစ်မှာဓာတု ဆေးတွေဆိုးဆေးတွေပါမှာဝယ်ပြီးတော့မှစားမကောင်းတာတွေကြုံနေရတာလည်းစိတ်ညစ်ဖို့ကောင်းလှပါတယ်
ပြီးတော့အဲ့လို ဆေးတွေပါဝင်ပြီးမသန့်ရှင်းတဲ့ငါးပိကိုကြာရှည်စားမိရင်ကျန်းမာရေးကိုထိခိုက်နိုင် စေပါတယ်ဒါကြောင့်ဒီနေ့မှာတော့အိမ်ရှင်မတွေအတွက်ငါးပိစစ်မစစ်ခွဲခြားနည်းလေးကို ပြောပြပေးမှာပါမျှင်ငါးပိထဲမှာ
အရည်အသွေးအကောင်းဆုံးနဲ့အရသာအရှိဆုံးကလက်ထောင်းမျှင်ငါးပိပါဒါကြောင့်မျှင်ငါးပိစစ်စစ်ကိုလိုချင်ရင် လက်ထောင်းမျှင်ငါးပိကို ရွေးဝယ်ပါနော်မျှင် ငါးပိ အရသာကို မြည်းကြည့်ပါမျှင်ငါးပိအစစ်အရသာမှာဆားပေါ့
ပါတယ်ချိုပါတယ်၊မခါးပါမျှင်ငါးပိအစစ်မှာကြာလာရင်လည်းအနံ့ဆိုး ထွက်ခြင်းမရှိပါကြာလေ မွှေးလေ ဖြစ်ပါတယ်မျှင် ငါးပိအရောင်လှစေဖို့အတွက် အချို့က ဆေးဆိုးလေ့ ရှိပါတယ်ဒါကြောင့်ဆေးဆိုးထားတာ ဟုတ်မဟုတ်
သိချင်ရင်မျှင်ငါးပိအနည်းငယ်ကို ရေမှာစိမ်လိုက်ပါဆေးဆိုးထားလျှင်ဆိုးထားတဲ့အရောင် တက်လာမှာဖြစ်ပြီးသဘာဝမျှင်ငါးပိ ဖြစ်ရင်မူလအရောင်အတိုင်းသာရှိနေပါလိမ်မယ်မျှင်ငါးပိအလေးချိန် တက်စေဖို့အတွက်အချို့က
ဖွဲနုတို့ဂျုံတို့ထည့်လေ့ရှိပါတယ်အဲ့လိုထည့်ထားရင်ငါးပိကိုချက်လိုက်တဲ့အခါငါးပိက ပွလာမှာ ဖြစ်ပါတယ်ဒါဆို ကောင်းမွန်တဲ့မျှင်ငါးပိဟုတ်မဟုတ်ကိုရွေးဝယ်နိုင်ကြပြီပေါ့နော် ပြန်လည်မျှဝေပေးပါသည်မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်