ထမင်းပေါင်းအိုးနဲ့ချက်တဲ့ထမင်း၂ရက်လောက်ထိမသိုးအာင်ဒီလိုလေးလုပ်ကြည့်ပါထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေဗဟုသုတအဖြစ်ထပ်ဆင့်ဝေမျှပေးပါရစေကိုလည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာဘယ်လောက်ဆိုး

သလဲဆိုမနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်။မဟုတ်ရင်စားခါနီးကျထမင်းကသိုးရောထမင်းကြိုက်တဲ့လူဆိုတော့ထိုင်ငိုချင်စိတ်ပါပေါက်တာအဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါ

ထမင်းမသိုးဖို့ဆိုရင်ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်။ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့အမြဲမှတ်ထားပါတယ်။ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေ

ထည့်ပြီးပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုးကိုအခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ်။ကိုယ်တော့နာရီဝက်လောက်ကိုထိုင်တိုက်တာ။အိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်

အရောင်ပြောင်းသွားလိမ့်မယ်။ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ် ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ။အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်။ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းက

ထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာဒါတောင်မသိုးတော့ဘူးအားလုံးလည်းအဆင်ပြေကြပါစေရှင့်