အိမ်သစ်တက်မင်္ဂလာပွဲပြုလုပ်တဲ့အခါမှာအောင်အတိတ်အောင်နမိတ်နဲ့အောင်ကြောင်းမင်္ဂလာစီးပွါးအဖြာအဖြာတို့တိုးပွါးဖို့ဆိုရင်အိမ်ထောင်ဦးစီးကရှေ့ဆုံးမှနေ၍မြတ်စွာဘုရားကိုပင့်၍တက်ပါ

ဇနီးမယားဖြစ်သူကသောက်တော်ရေချမ်းအိုးကိုပွေ့၍တက်ပါသားသမီးဖြစ်သူများကရွှေငွေဆန်ဆီရိက္ခာတို့ကိုပွေ့၍ပိုက်၍တတိယတက်ပါမီးဖို၊ထင်း၊ဖိနပ်စသောပူလောင်နိမ့်ညံ့သည့်အရာများကိုမှု

နောက်ဆုံးကျမှသွင်းရပါမည်ဤသို့ပြုလုပ်ခြင်းအားဖြင့်အိမ်သစ်၊နေရာသစ်တွင်အန္တရာယ်ကင်းခြင်း၊စီးပွါးတက်ခြင်းမိသားစုစည်းလုံးအေးခြမ်းခြင်းအကျိုးများကိုရရှိစေနိုင်ပါသည်


