အိိမ်မှာထားရင်အိမ်ကိုခိုက်တက်ပြီးအိမ်သားတွေကံဆိုးစေလို့မထားသင့်တဲ့ပစ္စည်းများမသိသေးရင်ဖတ်ထားသင့်တယ်နော်

သင့်အိမ်ထဲကိုယူလာတဲ့ပစ္စည်းတွေကသင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာသင်အမြဲတမ်းသတိထားသင့်ပါတယ်

တချို့သောပစ္စည်းတွေကအိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကိုသေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။အခုဖော်ပြမယ့်

အရာတွေကသင့်အိမ်မှာသိမ်းမထားသင့်တဲ့ကံဆိုးစေတဲ့အရာတွေမို့လို့ဒါတွေကိုအမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်

(၁)ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲမျာ

အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူးဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။

(၂)ပိုးစုန်းကြူး

ပိုးစုန်းကြူးလေးတွေကချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့

ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။

(၃) ပန်းအခြောက်များ

အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါချက်ချင်းပန်းအသစ်လဲပေးပါပန်းအညိုးတွေကိုမလဲပစ်ဘဲထားထားခြင်းကသင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။

(၄)အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း

မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါထီးကိုအိမ်အပြင်ဖက်မှာဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်

(၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ

အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံတွေကိုမဝယ်ပါနဲ့ဒီလိုပုံတွေကိုအိမ်ထဲမှာထားခြင်းကမကောင်းတဲ့အရာတွေကိုဖြစ်စေပါတယ်။

(၆) ကန္တာရဆူးပင်

ကန္တာရဆူးပင်တွေကို အလှပဲဖြစ်ဖြစ်အိမ်ထဲမှာစိုက်မထားပါနဲ့ဆူးပင်သေးသေးလေးတွေက ချစ်စရာကောင်းတယ်ဆိုပေမယ့်သင့်ကိုကံဆိုးစေနိုင်တာကြောင့်အိမ်ထဲမှာမစိုက်ထားတာအကောင်းဆုံးပါ

(၇) ပုဆိန်၊ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းများ

ထင်းခွဲတဲ့ပုဆိန်မြက်ပေါက်တဲ့ပေါက်ပြားနဲ့တံမြက်စည်းအဟောင်းတေကိုဥယျာဉ်ခြံထဲဒါမှမဟုတ်အိမ်အပြင်ဘက်မှာထောင်ရက်သိမ်းထားသင့်ပြီး

အဲ့ဒီပစ္စည်းတွေကိုအိမ်ထဲယူလာတာမျိုးမြေပြင်မှာဒီအတိုင်းလဲပြီးချထားတာမျိုးတွေကခိုက်တတ်တယ်လို့အယူရှိကြပါတယ်

(၈) ရှုပ်ပွနေတဲ့အိပ်ရာ

မနက်အိပ်ရာနိုးလာတာနဲ့ စောင်နဲ့အိပ်ရာခင်းတွေကိုသေချာခေါက်ပြီးသန့်ပြန့်နေအောင်ထားသင့်ပါတယ်ရှုပ်ပွနေတဲ့အိပ်ရာကအိမ်တစ်အိမ်အတွက်ကံဆိုးခြင်းကို ဖြစ်ပေါ်စေပါတယ်ခရက်ဒစ်