အိုးပိုင်အိမ်ပိုင်နေလိုသော်နေစရာအိမ်နဲ့ပတ်သက်လို့ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်ဘုန်းကြီးရဲ့ဒကာတစ်ယောက်မှာအိမ်နဲ့ပတ်သက်ပြီးအခက်အခဲဖြစ်နေတော့ဘုန်းကြီးကစဉ်း

စားပေးတယ်။တစ်ဖက်သားကိုနေစရာချမ်းသာပေးရမယ်သူ့မှာကလည်းသူများအိမ်ငှားနေရတာဆိုတော့ပေးစရာကမရှိဘာလုပ်ရမလဲစဉ်းစားပြီးစာကလေးတွေအတွက်အိမ်ဆောက်

ခိုင်းလိုက်တယ်။အိမ်ဆောက်တဲ့အခါနှလုံးသွင်းရမှာကအပေးနဲ့သွားရမယ်။ စာကလေးတွေမှာမိုးကလာမှာဆိုရင်နေစရာမရှိလို့မိုးတွေကစိုလို့။တချို့စာကလေးတွေမှာသစ်ကိုင်းမှာနားနေ

ရင်းနဲ့အအေးပတ်ပြီးပြုတ်ကျသေတာရှိသေးတယ်။အင်မတန်ဆင်းရဲရှာတယ်။အဲဒီတော့အိမ်ကလေးတွေဆောက်ပေးရအုံးမယ်ဆိုတဲ့စေတနာအပြည့်နဲ့အမိုးလေး၊အကာလေးနဲ့ကပြင်

လေးနဲ့၊စားစရာနေရာလေးနဲ့အိမ်လေးကိုသေချာစဉ်းစားပြီးတော့ဆောက်ပါဆောက်ပြီးတော့ကျကျနနအိမ်အဖြစ်လှူပေးပါအဲဒီလိုအကြိမ်ရေများစွာလှူပေးပြီးစာကလေးတွေလည်း

နေဖြစ်ပြီဆိုရင်၀မ်းသာပီတိဖြစ်ရမယ်အဲဒီလိုပုဂ္ဂိုလ်ဆိုရင်သတ္တိကိန်းတာနဲ့တစ်ပြိုက်နက်သူ့အတွက်နေစရာပူမနေရဘဲရလာမယ်ရမှာအမှန်ပဲဆိုတာနားလည်ကြ၊သဘောပေါက်ကြပါ

နှလုံးသွေးထဲမှာစိတ်ထဲမှာသတ္တိသွင်းရမှာကိုဆိုလိုတာဖြစ်တယ်ဒီထက်အလွန်သစ်ပင်ကြီးမျိုးတွေစိုက်ပျိုးခြင်းကျောင်းသိမ်၊ဇရပ်စသည်တို့ဆောက်လှူပြီး ပီတိဖြစ်နိုင်လျှင်ပိုပြီးအားကောင်းမယ်လို့မှတ်ကြပါ။ကျေးဇူးရှင်ပိုင်းလော့ဆရာတော်ကြီးcredit