နှင်းဆီရိုးတံလေးကိုအပင်ဖြစ်အောင်လွယ်လွယ်ကူကူစိုက်ပျိုးနည်းဘုရားပန်းထိုးဖို့ပဲဖြစ်ဖြစ်အလှပန်းအိုးထိုးဖို့ပဲဖြစ်ဖြစ်ဝယ်လာတဲ့ နှင်းဆီပန်းပွင့်ရဲ့ပင်စည်လေးကိုပြန်ပြီးအပင်အဖြစ်စိုက်ပျိုးလို့ရပါတယ်နော်ကိုယ့်ရဲ့အိမ်လေးမှာ

ပန်းအိုးသေးသေးလေးနဲ့ အလွယ်တကူ စိုက်ပျိုးထားလိုက်ရုံနဲ့ နှင်းဆီပန်းလေးတွေ ဝေဝေဆာဆာ ပွင့်လာမှာပါနှင်းဆီပန်းကို ဘယ်အချိန်မဆို ပြေးဝယ်လိုက်လို့ရတယ်ဆိုပေမယ့်ကိုယ့်ရဲ့အိမ်မှာကိုယ်တိုင်စိုက်ပျိုးပြီးမှရလာတဲ့ပန်းပွင့်လေးကိုတော့ပိုတန်ဖိုးထားပြီး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ကြည်နူးမှုတစ်မျိုးကို ပေးစွမ်းစေမှာပါကဲဒါဆို နှင်းဆီပန်းပွင့်ပါတဲ့ ပင်စည်လေးကိုဘယ်လိုစိုက်ပျိုးရမလဲ ပြောပြပေးချင်ပါတယ်နော်Step1ပထမဆုံးအနေနဲ့ဘယ်ပန်းပင်ပဲစိုက်ပျိုးပါစေ မြေကောင်းကောင်းနဲ့စိုက်ပျိုးမှအဲဒီ့အပင်က

လှလှပပကြီးပြင်းနိုင်မှာပါအဲဒီ့တော့စိုက်ပျိုးဖို့မြေကောင်းကောင်းလိုအပ်ပါတယ်စိုက်ပျိုးတဲ့နေရာမှာ မြေဆိုပြီးရောဆိုပြီး တွေ့ရာမြေနဲ့စိုက်ပျိုးရင်တော့အဲဒီ့အပင်လေးအသက်ရှင်နိုင်မှာမဟုတ်ပါဘူးနှင်းဆီပင်လေးစိုက်ပျိုးဖို့အတွက်

အစိုဓာတ်များတဲ့မြေကို ရွေးချယ်ရမှာပါအစိုဓာတ်ရှိတဲ့ မြေတစ်ဝက်နဲ့ဘဘာဝမြေသြဇာဥပမာ နွားချေးလိုမျိုးရရင်ပိုကောင်းပါတယ်ဒါမှမဟုတ်ပန်းပင်အတွက်ထုတ်ထားတဲ့မြေသြဇာမြေတစ်ဝက်ကို ရောနှောပြီးစိုက်ပျိုးမယ့်ပန်းအိုးထဲမှာ

လက်မအနည်းငယ်လောက်ချန်ပြီးထည့်ပေးရပါမယ်Step2နောက်တစ်ဆင့်အနေနဲ့ နှင်းဆီပန်းပွင့်ပါတဲ့အပိုင်းကို ကပ်ကြေးနဲ့ညှပ်ဖယ်လိုက်ပြီးတော့ပင်စည်ကိုခုနားက မြေကြီးထဲမှာလက်မအနည်းငယ်လောက်ထိုးပြီးစိုက်ပျိုးရမှာဖြစ်ပါတယ်

ပြီးရင်တော့ ရေနည်းနည်းလောက် လောင်းပြီးအလင်းရောင်ကောင်းကောင်းရတဲ့ နေရာမှာထားပေးရမှာ ဖြစ်ပါတယ်နေရောင်ခြည်တိုက်ရိုက်ထိတွေ့မယ့် နေရာမျိုးမှာ မထားသင့်ပါဘူးအပင်ရဲ့အသစ်ထွက်လာမယ့်အရွက်ကလေးတွေဟာ

နေရောင်ခြည်ကြောင့်ပျက်စီးသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်Step 3စိုက်ပျိုးပြီးသွားရင်တော့ နှင်းဆီပင်လေးကိုဂရုတစိုက်နဲ့ စောင့်ကြည့်ဖို့ပဲ လိုပါတော့တယ်နှင်းဆီပင် စိုက်ပျိုးထားတဲ့မြေကိုအစိုဓာတ်ရအောင်မြေကြီး

ခြောက်သွေ့နေပြီဆိုတာနဲ့ ရေလောင်းပေးဖို့လိုအပ်ပါတယ်အစိုဓာတ်ထိန်းသိမ်းနိုင်အောင်ရေကိုပုံမှန်လောင်းပေးရမှာ ဖြစ်ပါတယ်နှစ်ပတ်သုံးပတ်လောက်နေရင်တော့အမြစ်လေးတွေထွက်လာမှာပါဒါပေမယ့်အမြစ်တွေထွက်ပြီလားဆိုပြီး ပင်စည်လေးကိုဆွဲနှုတ်မကြည့်ရပါဘူးနော်အမြစ်ထွက်လာရင်တော့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

မကြာခင်မှာအရွက်လေးတွေ ထွက်လာပါလိမ့်မယ်ဒီလိုဆိုကိုယ့်ရဲ့အိမ်လေးမှာ နှင်းဆီပင်လေးကိုအလွယ်တကူစိုက်ပျိုးပြီး နှင်းဆီနံ့လေးတွေတစ်အိမ်လုံးမွေးပျံ့နေတော့မှာပါနော်ဒီနည်းလမ်းလေးကိုအသုံးပြုပြီးကိုယ်တိုင်နှင်းဆီပင်လေးစိုက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်Khin ခရက်ဒစ် အန်တီမေ