ကျနော်အုန်းနို့ခေါက်ဆွဲအရမ်းကြိုက်ပါတယ်နို့နဲ့ချက်တဲ့အတုကိုမစားပါအုန်းနို့ဟာလူကိုအန္တရယ်ဖြစ်စေလားဆရာ၀န်ကိုယ်တိုင်ရေးထားတာလေးဖတ်ကြည့်ပါ၄၀ဂရမ်လောက်ရှိတဲ့အလတ်စားအုန်းသီးတလုံးရဲ့အုန်းဆန်နဲ့အုန်းရေမှာအရွယ်
သင့်လူတဦးအတွက်တနေ့စာလိုအပ်တဲ့ဗီတာမင်သတ္တုဓါတ်နဲ့ကယ်လိုရီစွမ်းအင်အပြည့်အ၀ပါရှိပါတယ်အုန်ဆန်မှာပါ၀င်သောအဆီကပြည့်၀ဆီsaturated fatty acidဖြစ်ပါတယ်ဒီLauric acidအဆီကHigh
density lipoprotein HDLကိုမြင့်တင်ပေးပါတယ်ဒါကြောင့်နှလုံးသွေးကြောပိတ်ခြင်း၊လေဖြတ်ခြင်းကိုကာကွယ်ပါတယ်အုန်းရေကလူကိုလန်းဆန်းစေပြီးရေငတ်ခြင်းကိုပြေပျောက်စေပါတယ်အုန်းရေမှာသကြားဓါတ်သတ္တုဓါတ်
နဲ့electrolytesများပါ၀င်ပါတယ်ယခုလူလုပ်ဓါတ်ဆားနဲ့
တူညီပါတယ်အုန်းရေမှာပါတဲ့cytokininဟာအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးသလိုသွေးခဲခြင်းနဲ့ကင်ဆာဖြစ်ခြင်းကိုလဲ ကာကွယ်ပါတယ်အခုထိတွေ့ရတာကအုန်းသီးမှာအန္တရာယ်
ပေးမဲ့ပစ္စည်းရယ်လို့မပါပါဘူးဒါပေမဲ့မြန်မာတွေအကြားမှာအုန်းသီးကလူဆိုးကြီးဖြစ်နေပါတယ်လူတွေကအုန်သီးဆန်အုန်းရေအုန်နို့အုန်းထမင်းအုန်းနို့ခေါက်ဆွဲ စသည်တို့ကိုကြိုက်ကြပေမဲ့ကြောက်ကြပါတယ်အုန်းနို့ခေါက်ဆွဲလို့ပြော
ပြီးအုန်းနို့မပါဘူးနို့စိမ်းနဲ့ချက်တာလို့ဂုဏ်လုပ်ပြောဆိုနေကြပါတယ်အုန်းသီးရှောင်နိုင်ရင်လူတော်လိုလိုပညာရှိလိုလိုဖြစ်နေပါတယ်ကောင်းတဲ့အစာကိုရှောင်နေရပါတယ်စားပါလို့ရဲရဲလဲမပြောဝံ့ပါဘူး