အုန္းရည္ကေတာ့ ဆီးခ်ိသမားေတြမွာ ေသာက္လို ့ရတယ္လို ့အၾကံျပဳခ်င္ပါတယ္။ အခ်ိဳရည္ေတြ ေသာက္မယ့္ အစား …..
*** အုုန္းရည္ နွင့္ ဆီးခ်ိဳ ***
အုန္းရည္ဟာ က်န္းမာေရး အတြက္ ေကာင္းမြန္တယ္ဆိုျပီး လူေျပာမ်ားလာပါတယ္။ အုန္းရည္ဟာ သတၱဳဓာတ္ ပါ၀င္မွု မ်ားတာေၾကာင့္ ၀မ္းေလ်ွာ၀မ္းပ်က္ျဖစ္တာမ်ိဳးမွာ အုန္းရည္ကို တိုက္ၾကပါတယ္။ တျခား အသံုး၀င္တဲ့ ေနရာေတြလည္း ရွိပါေသးတယ္။ အုန္းရည္ဟာ အဆီပါ၀င္မွူ မရိွဘဲ ကယ္လိုရီနည္းတာေၾကာင့္ ဆီးခ်ိဳေရာဂါ ရွိတဲ့ သူေတြၾကားမွာပါ ေရပန္းစားလာပါတယ္။ အုန္းရည္ ဟာ စိ္တ္ကို လန္းဆန္းေစျပီး ေရဓာတ္ ေကာင္းမြန္စြာ ျဖည့္တင္းေပးနိင္ပါတယ္။ အခ်ိဳရည္ေတြ ေသာက္မယ့္ အစား အုန္းရည္ ေသာက္တာဟာ ေကာင္းမြန္တဲ့ ေရြးခ်ယ္မွု တစ္ခု ျဖစ္ပါတယ္။

အုန္းရည္ကို ဆီးခ်ိဳနဲ ့တည့္မတည့္ မေျပာခင္မွာ အုန္းရည္ရဲ ့ ပါ၀င္တဲ့ အာဟာရတန္ဖိုးေတြ အေၾကာင္း အရင္ ေျပာျပခ်င္ပါတယ္။ အေနေတာ္ အုန္းသီး တစ္လံုးက ရတဲ့ အုန္းရည္ (ခန္ ့မွန္းေခ် ၂၃၆ ဂရမ္ အေလးခ်ိန္ခန္ ့) မွာ ကယ္လိုရီ အေနနဲ ့ ၃၉ ကယ္လိုရီပဲ ပါ၀င္ပါတယ္။ ဒါဟာ အခ်ိဳရည္ေတြ မွာ ပါတဲ့ ပ်မ္းမ်ွ ကယ္လိုရီ ၁၂၀-၂၀၀ နဲ ့ယွဥ္ရင္ ပိုေကာင္းတဲ့ ေရြးခ်ယ္မွဳ ျဖစ္ပါတယ္။ ဆီးခ်ိ္ဳေရာဂါရွင္ေတြဆို အခ်ိ္ဳရည္ေတြကို ေရွာင္ေနရတာ ျဖစ္တာေၾကာင့္ အုန္းရည္ကို ပိုေရြးခ်ယ္သင့္ပါတယ္။ ကယ္လိုရီနည္းတာရယ္ သဘာ၀ အစားအစာျဖစ္တာေၾကာင့္ ဆီးခ်ိဳသမားေတြ အတြက္ ပိုသင့္ေတာ္ပါတယ္။ အဆီ အေနနဲ ့ေတာ့ ၀.၄ ဂရမ္ပဲ ပါ၀င္တာေၾကာင့္ နည္းပါတယ္။ ကစီဓာတ္ ကေတာ့ ၈ ဂရမ္ ပါ၀င္ပါတယ္။ ထမင္း တစ္ပံု၊ ေပါင္မုန္ ့တစ္ခ်ပ္ မွာ ကစီဓာတ္ ၁၈ ဂရမ္ ပါတာမို ့ အုန္းရည္က ကစီဓာတ္ နည္းတဲ့ အထဲပါပါတယ္။ ကိုလက္စထေရာ ကေတာ့ Zero ျဖစ္ပါတယ္။ အမ်ွင္ဓာတ္ ၂.၃ ဂရမ္ ပါ၀င္တဲ့ အတြက္ ေကာင္းမြန္တဲ့ အစားအစာ ျဖစ္ပါတယ္။
အသားဓာတ္လည္း ၁.၅ ဂရမ္ ပါ၀င္ျပီး သၾကား ၅ ဂရမ္ သာ ပါ၀င္ပါတယ္။ ဗီတာမင္ နဲ ့သတၱဳဓာတ္ေတြ ၾကြယ္၀စြာ ပါ၀င္ပါတယ္။ ကယ္လဆီယမ္၊ သံဓာတ္၊ ဗီတာမင္ စီ၊ ဗီတာမင္ ဘီ ၆၊ ပိုတက္ဆီယမ္ ၾကြယ္၀ျပီး ဆိုဒီယမ္ အနည္းငယ္သာပါ၀င္ပါတယ္။ အုန္းရည္ စစ္စစ္ ဟာ ဆီးခ်ိ္ဳ အမ်ိဳး အစား (၁) ျဖစ္ျဖစ္၊ (၂) ျဖစ္ျဖစ္ ေသာက္လို ့ရပါတယ္။ အုန္းရည္က ဆီးခ်ိဳကို ေပ်ာက္ေစတာမ်ိဳး မဟုတ္ပါဘူး။ ဆီးခ်ိဳကုသမွုကို ေသခ်ာယူျပီး မ်ွတတဲ့ အစားအစာေတြကို ေရြူးခ်ယ္စားသံုးရမွာ ျဖစ္ပါတယ္။ အုန္းရည္ဟာ ဆီးခ်ိဳနဲ ့တည့္တယ္ဆိုတိုင္း အျမဲ ေသာက္ေနရမွာ မဟုတ္ပါဘူး။ က်မတို ့ ကိုယ္ခႏၱာဟာ အာဟာရ တစ္မ်ိဳးတည္းကို လိုတာ မဟုတ္တဲ့ အတြက္ သင့္တင့္မ်ွတတဲ့ စားေသာက္မွု ပံုစကသာ အေကာင္းဆံုး ျဖစ္ပါတယ္။ ဆီးခ်ိဳရွိတဲ့ သူေတြမွာ အခ်ိဳရည္အစား အုန္းရည္ကို ေရြးခ်ယ္ ေသာက္သံုးလို ့ရပါတယ္။ ေန ့တိုင္း အျမဲ ေသာက္ေနရမွာ မဟုတ္ပါဘူး။
တခါတေလ ဆီးခ်ိဳလူနာေတြမွာ အေတြးမွားတတ္တာေလး ရွိတတ္ပါတယ္။ ဆီးခ်ိဳကို ေပ်ာက္ေစတဲ့ အစားအေသာက္ မရွိတာေၾကာင့္ အစားအစာ တစ္မ်ိဳးကို အလြန္အကၽြံ မွီ၀ဲတာမ်ိဳး ေရွာင္သင့္ပါတယ္။ အုန္းရည္ကေတာ့ ဆီးခ်ိသမားေတြမွာ ေသာက္လို ့ရတယ္လို ့အၾကံျပဳခ်င္ပါတယ္။ အခ်ိဳရည္ေတြ ေသာက္မယ့္ အစား သဘာ၀ ကရတဲ့ အစားအစာ ဟာ အေကာင္းဆံုး ျဖစ္တာေၾကာင့္ပါ။ တန္ေဆးလြန္ေဘး လည္း ျဖစ္တတ္တာေၾကာင့္ မိမိရဲ ့ ေရာဂါ အေျခအေန၊ သၾကားဓာတ္ ထိန္းခ်ဳပ္နိုင္စြမ္း၊ ေသာက္ေဆးထိုးေဆးမ်ားနွင့္ ခ်င့္ခ်ိန္ျပီး သင့္တင့္မ်ွတတဲ့ အစားအေသာက္ကသာ ဆီးခ်ိဳေရာဂါ ရွင္ေတြ အတြက္ အေကာင္းဆံုးလို ့အၾကံျပဴပါရေစ။

က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။
အုန်းရည်ကတော့ ဆီးချိသမားတွေမှာ သောက်လို့ ရတယ်လို့ အကြံပြုချင်ပါတယ်။ အချိုရည်တွေ သောက်မယ့် အစား …..
*** အုန်းရည် နှင့် ဆီးချို ***
အုန်းရည်ဟာ ကျန်းမာရေး အတွက် ကောင်းမွန်တယ်ဆိုပြီး လူပြောများလာပါတယ်။ အုန်းရည်ဟာ သတ္တုဓာတ် ပါဝင်မှု များတာကြောင့် ၀မ်းလျှောဝမ်းပျက်ဖြစ်တာမျိုးမှာ အုန်းရည်ကို တိုက်ကြပါတယ်။ တခြား အသုံးဝင်တဲ့ နေရာတွေလည်း ရှိပါသေးတယ်။ အုန်းရည်ဟာ အဆီပါဝင်မှူ မရှိဘဲ ကယ်လိုရီနည်းတာကြောင့် ဆီးချိုရောဂါ ရှိတဲ့ သူတွေကြားမှာပါ ရေပန်းစားလာပါတယ်။ အုန်းရည် ဟာ စ်ိတ်ကို လန်းဆန်းစေပြီး ရေဓာတ် ကောင်းမွန်စွာ ဖြည့်တင်းပေးနိင်ပါတယ်။ အချိုရည်တွေ သောက်မယ့် အစား အုန်းရည် သောက်တာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။
အုန်းရည်ကို ဆီးချိုနဲ့ တည့်မတည့် မပြောခင်မှာ အုန်းရည်ရဲ့ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေ အကြောင်း အရင် ပြောပြချင်ပါတယ်။ အနေတော် အုန်းသီး တစ်လုံးက ရတဲ့ အုန်းရည် (ခန့် မှန်းချေ ၂၃၆ ဂရမ် အလေးချိန်ခန့် ) မှာ ကယ်လိုရီ အနေနဲ့ ၃၉ ကယ်လိုရီပဲ ပါဝင်ပါတယ်။ ဒါဟာ အချိုရည်တွေ မှာ ပါတဲ့ ပျမ်းမျှ ကယ်လိုရီ ၁၂၀-၂၀၀ နဲ့ ယှဉ်ရင် ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဆီးချိ်ုရောဂါရှင်တွေဆို အချိ်ုရည်တွေကို ရှောင်နေရတာ ဖြစ်တာကြောင့် အုန်းရည်ကို ပိုရွေးချယ်သင့်ပါတယ်။ ကယ်လိုရီနည်းတာရယ် သဘာဝ အစားအစာဖြစ်တာကြောင့် ဆီးချိုသမားတွေ အတွက် ပိုသင့်တော်ပါတယ်။ အဆီ အနေနဲ့ တော့ ၀.၄ ဂရမ်ပဲ ပါဝင်တာကြောင့် နည်းပါတယ်။ ကစီဓာတ် ကတော့ ၈ ဂရမ် ပါဝင်ပါတယ်။ ထမင်း တစ်ပုံ၊ ပေါင်မုန့် တစ်ချပ် မှာ ကစီဓာတ် ၁၈ ဂရမ် ပါတာမို့ အုန်းရည်က ကစီဓာတ် နည်းတဲ့ အထဲပါပါတယ်။ ကိုလက်စထရော ကတော့ Zero ဖြစ်ပါတယ်။ အမျှင်ဓာတ် ၂.၃ ဂရမ် ပါဝင်တဲ့ အတွက် ကောင်းမွန်တဲ့ အစားအစာ ဖြစ်ပါတယ်။

အသားဓာတ်လည်း ၁.၅ ဂရမ် ပါဝင်ပြီး သကြား ၅ ဂရမ် သာ ပါဝင်ပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကယ်လဆီယမ်၊ သံဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ ၆၊ ပိုတက်ဆီယမ် ကြွယ်ဝပြီး ဆိုဒီယမ် အနည်းငယ်သာပါဝင်ပါတယ်။ အုန်းရည် စစ်စစ် ဟာ ဆီးချိ်ု အမျိုး အစား(၁) ဖြစ်ဖြစ်၊ (၂) ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ အုန်းရည်က ဆီးချိုကို ပျောက်စေတာမျိုး မဟုတ်ပါဘူး။ ဆီးချိုကုသမှုကို သေချာယူပြီး မျှတတဲ့ အစားအစာတွေကို ရွေူးချယ်စားသုံးရမှာ ဖြစ်ပါတယ်။ အုန်းရည်ဟာ ဆီးချိုနဲ့ တည့်တယ်ဆိုတိုင်း အမြဲ သောက်နေရမှာ မဟုတ်ပါဘူး။ ကျမတို့ ကိုယ်ခန္တာဟာ အာဟာရ တစ်မျိုးတည်းကို လိုတာ မဟုတ်တဲ့ အတွက် သင့်တင့်မျှတတဲ့ စားသောက်မှု ပုံစကသာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့ သူတွေမှာ အချိုရည်အစား အုန်းရည်ကို ရွေးချယ် သောက်သုံးလို့ ရပါတယ်။ နေ့ တိုင်း အမြဲ သောက်နေရမှာ မဟုတ်ပါဘူး။
တခါတလေ ဆီးချိုလူနာတွေမှာ အတွေးမှားတတ်တာလေး ရှိတတ်ပါတယ်။ ဆီးချိုကို ပျောက်စေတဲ့ အစားအသောက် မရှိတာကြောင့် အစားအစာ တစ်မျိုးကို အလွန်အကျွံ မှီဝဲတာမျိုး ရှောင်သင့်ပါတယ်။ အုန်းရည်ကတော့ ဆီးချိသမားတွေမှာ သောက်လို့ ရတယ်လို့ အကြံပြုချင်ပါတယ်။ အချိုရည်တွေ သောက်မယ့် အစား သဘာဝ ကရတဲ့ အစားအစာ ဟာ အကောင်းဆုံး ဖြစ်တာကြောင့်ပါ။ တန်ဆေးလွန်ဘေး လည်း ဖြစ်တတ်တာကြောင့် မိမိရဲ့ ရောဂါ အခြေအနေ၊ သကြားဓာတ် ထိန်းချုပ်နိုင်စွမ်း၊ သောက်ဆေးထိုးဆေးများနှင့် ချင့်ချိန်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကသာ ဆီးချိုရောဂါ ရှင်တွေ အတွက် အကောင်းဆုံးလို့ အကြံပြူပါရစေ။
ကျန်းမာပျော်ရွှင်သော ဘ၀များ ပိုင်ဆိုင်ကြပါစေ။