ကလေးနာမည် ပေးနည်းနှင့် ဆောင်ရန်/ရှောင်ရန်များအပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါကလေးနာမည်ပေးတချို့တွေကကလေးတွေရဲ့နာမည်ကို အလွယ်ပေးတပ်ကျတယ် ကျွန်နော်ကတော့ အဲလိုအလွယ်မပေးစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့
ကံနည်းတဲ့သူမှာ ညဏ်လေးနည်းနည်းပိုစိုက်လိုက်ရင်သူဘဝရှေ့ရေးအတွက်ပိုကောင်းသွားစေချင်လို့ပါကံရှိတဲ့သူကတော့ညဏ်သိပ်မထည့်လဲကံကောင်းနေတော့ သုဟာနဲ့သူအံဝင်ဂွင်ကျဖြစ်တယ်လို့ထင်တယ်နာမည်ပေးနည်းလေးကတော့
အလွန်မတန်မှကောင်းတဲ့နည်းလေးပါဆရာကြီးအဘမင်းသိင်္ခလဲဒီနည်းအတိုင်ပဲပေးတာများပါတယ်ကုန်ဘောင်ခေတ်မှာအလွန်ကျော်ကြားတဲ့အတုလဆရာတော်ခင်ကြီးဖျော်ရဲ့နည်းပါတနင်္ဂနွသေားသမီးများအတွက်ပုံစံ(၅၆၂)
ကြာသပတေးအက္ခရာဖြင့်စပါ၊ သောကြာအက္ခရာကိုအလယ်မှာထားပါ။တနင်္လာအက္ခရာကိုအဆုံးတွင်ထားပါဥပမာမိုးဟေကို မေသုခ၊ ပြည်သိန်းကျော်စသည်ဖြင့် ပေးရပါသည်တနင်္လာသားသမီးများအတွက် ပုံစံ(၆၀၃)
သောကြာအက္ခရာဖြင့်စပါ၊စနေအက္ခရာကိုအလယ်မှာထားပါအင်္ဂါအက္ခရာကို အဆုံးတွင် ထားပါဥပမာသူထူးစံသွန်းနဒီစံသက်နှင်းစံ၊ သော်တာစိုးစံ၊စသည်ဖြင့် ပေးနိုင်ပါသည်အင်္ဂါသားသမီးများအတွက် ပုံစံ(၀ ၁ ၄)
စနေအက္ခရာဖြင့်စပါ၊တနင်္ဂနွအေက္ခရာကိုအလယ်မှာထားပါဗုဒ္ဓဟူးအက္ခရာကိုအဆုံးတွင်ထားပါဥပမာ နှင်းအိလွင်ထူးအယ်လင်းထွန်းအောင်လူနဒီအေးလွင်စသည်ဖြင့်ပေးနိုင်ပါသည်ဗုဒ္ဓဟူးသားသမီးများအတွက်ပုံစံ(၁၂၅)
တနင်္ဂနွအေက္ခရာဖြင့်စပါ၊တနင်္လာအက္ခရာကိုအလယ်မှာထားပါကြာသပတေးအက္ခရာကိုအဆုံးတွင်ထားပါဥပမာ အေးချမ်းမေအိချမ်းမြေ့အောင်ခေတ်ပိုင်အိချောပိုစသည်ဖြင့်မှည့်နိုင်ပါသည်ကြာသပတေးသားသမီးများအတွက်ပုံစံ
၂၃၆တနင်္လာအက္ခရာဖြင့်စပါ၊အင်္ဂါအက္ခရာကိုအလယ်မှာထားပါ သောကြာအက္ခရာကို အဆုံးတွင်ထားပါဥပမာခန့်စည်သူ၊ ချောဇင်သန့်ကောင်းစည်သူငြိမ်းစုဟေသီစသည်ဖြင့်မှည့်နိုင်ပါသည်ဒါကတော့သောကြာ
သားသမီးများအတွက်ပုံစံ(၃၄၀)အင်္ဂါအက္ခရာဖြင့်စပါ၊ဗုဒ္ဓဟူးအက္ခရာကို အလယ်မှာထားပါစနေအက္ခရာကိုအဆုံးတွင်ထားပါဥပမာဇော်ရဲထက်စုလှိုင်နှင်းဇူလိုင်နှင်း၊ စောယုနွယ် ဇေယျာနိုင်ဇင်ယော်နီစသည်ဖြင့်
မှည့်နိုင်သည်စနေသားသမီးများအတွက်ပုံစံ(၄၅၁)ဗုဒ္ဓဟူးအက္ခရာဖြင့်စပါကြာသပတေးအက္ခရာကိုအလယ်မှာထားပါတနင်္ဂနွအေက္ခရာကိုအဆုံးတွင်ထားပါဥပမာယဉ်မင်းဦး၊ ရွှေယမင်းဦးဝငျ့ဝါမိုးဦးရဲမာန်ဦးလူမင်းဦး
လွင်မိုးအောင်စသည်ဖြင့်မှည့်နိုင်ပါသည်နောက်ဆုံးအနေနှင့်တစ်ခုပြောချင်တာက လူတစ်ယောက်ကို နာမည်ပေးတဲ့အခါမှာဗေဒင်နှင့်ကိုက်အောင်ချဉ်းပဲလဲမှည့်လို့မဖြစ်ဘူးဗေဒင်ကိုလုံးလုံးမစဉ်းစားပဲနဲ့လည်းမှည့်လို့မဖြစ်ဘူးအဲဒီတော့
ဗေဒင်သဘောလဲပါပါစေခေါ်လို့ကောင်းအောင်လည်းဖြစ်ပါစေခေတ်ကာလနဲ့လည်းလိုက်လျောညီထွေဖြစ်ပါစေမှတ်ချက်မည်သူမဆိုမိမိတို့၏သားသမီးရင်သွေးရတနာများကို
အမည်ပေးရန်အတွက်ပဲ ဖြစ်ဖြစ်အနုပညာလုပ်ငန်းနှင့်အခြားသောလုပ်ငန်း ဆောင်တာများတွင် အသုံးပြုရန် ဖြစ်စေအမည်ပေးလိုပါကအထက်ပါနည်းအတိုင်း စိတ်ချယုံကြည်စွာ ပေးနိုင်ပါသည်