အကြွေးတွေပြန်မရလို့အလိမ်ခံရလို့အကြွေးများမဆပ်နိုင်ရင်အကြွေးကြေအကြွေးရဤဂါထာမန္တာန်တိုင်းလုပ်ဆောင်ပါအကြွေးရ အကြွေးကျေ ငွေဝင်ကျင့်စဉ်သင်္ကြန်တွင်းစာအုပ်တွေမှတ်စုတွေ ပြန်လည်စုစည်းလိုက်တာပညာရပ်တော်တော်များများပြန်ပေါ်လာပြီ၊၊
အိုကျငိ့စဉ်ကတော့ လူတိုင်း အလွယ်တကူဆောင်ရွက်နိုင်စေဖို့ တင်ပေးလိုက်ပါတယ်၊၊ကိုယ်ကငွေအကြွေးရစရာရှိတာ၊၊ငွေလိမ်ခံရသလို ဖြစ်နေလို့ပြန်ရချင်တာ၊လုပ်ငန်းမှာ ငွေမြုပ်နေလို့ငွေပြန်ပေါ်ချင်တာMLM မပါစသဖြင့်ကိုယ်ကငွေအကြွေးအမြန်ကြေချင်တာ ပြန်ဆပ်ချင်ပေမယ့် အဆင်မပြေဖြစ်နေတာ မျိုး စသဖြင့်ငွေကြေးနဲ့ပက်သက်ပြီး
အပူသောကများနေတာ၊ ငွေဝင်လမ်းတွေပိတ်နေတာ ငွေရမယ့်ကိစ္စတွေ တေ့လွဲလေးလွဲနေတာ စသဖြင့်ငွေကြေးကိစ္စမှန်သမျှ အဆင်ပြေစေနိုင်ပါတယ်၊၊အပေါ်ကပြောထားသလို ငွေကြေးကိစ္စအခက်အခဲတွေ ကြုံလာပြီးဆိုရင်တော့အောက်ပါအဓိဌာန်ကို ဝင်ရောက်ကြည့်ပါ၊၊အဓိဌာန်ဆိုကတည်းကအချိန်၊ နေရာ ၊ဆုတောင်း၊ပုတီးပတ်ရေ၊တူညီရပါမယ်၊၊
အဓိဌာန်ရက်ကတော့ ၂၈ ရက်ဝင်ရောက်ရပါမယ်၊၊အဓိဌာန်ကို မနက်ပိုင်းဝင်တာ အကောင်းဆုံးပါ၊၊အဓိဌာန်ဝင်တော့မယ်ဆိုရင် အရင်ဆုံးပြုလုပ်ရမှာကမြတ်စွာဘုရားရှင်ကို ပန်း ရေချမ်းဆီမီးဖယောင်းတိုင်အမွှေးနံသာတိုင်သစ်သီးဆွမ်း ၂ပွဲ ကပ်လှူရပါမယ်၊၊ပြီးရင် အောက်ပါဂါထာမန္တန်၂ပုဒ်ကိုပုတီးစိပ်ပြီးမိမိတို့ကြုံတွေ့နေရသောငွေကြေးကိစ္စကိုဆုတောင်းပါ၊၊
အတိုးနှင့် ချေးဌားထားသူများ အတိုးငွေကို မေ့ထားရပါမယ် မိမိအရင်းသာဆုတောင်းပါ၊၊အတိုးပေးထားတာရှိပါက မိမိအရင်းထဲမှ ထိုပြန်ဆပ်ထားသောအတိုးကို နှုတ်ပြီး ငွေပမာဏအတိအကျဆုတောင်းရပါမယ်)တံ မေ သဒီ ကောမံ သုရေသော အပနာ ပသုသုပိအဓံသိ တိ ဖုဝိသိဝေက-ကော-က ဂေါ-နမာမဟံ၊၊ပုတီးတစ်ပတ် (၁၀၈ )ခေါက် အနည်းဆုံးစိပ်ပါ၊၊
ပိုစိပ်လိုပါက စိပ်နိုင်ပါသည်၊၊ဤဂါထာကို သွားရင်းလာရင်း စားရင်းသောက်ရင်းမရွတ်ပွါးရပါ၊၊ဘုရားကျောင်းဆေင်ရှေ့တွင်သာ ရွတ်ဆိုရပါမယ်၊ဗုဒ္ဓါနံ မဟာလာဘ ဿနသက္ကါ ကေနစိ၊အန္တရာယောကါတုံ၊ဧတေနသစ္စဝဇ္ဇေနဟောတုမေလာဘဝ္ဋဏံ၊၊ဥုံသဗ္ဗိဝေနခယခပင်းသုခီဥုံပူဇာစအနည်းဆုံးပုတီး၅ပတ်စိပ်ရပါမယ်၊
၊ပြီးရင်မေတ္တာပို့အမျှဝေမိမိပြုလုပ်ခဲ့သောကောင်းမှု့အစုစု(သို့)တစ်ခုခုကိုတိုင်တည်သစ္စာပြုဆုတောင်းပါ၊၊ထိုအဓိဌာန်ဝင်ရောက်စဉ်ကာလအတွင်းအနည်းဆုံး၇ရက်တစ်ခါမိမိနှစ်သက်ရာဒါနတစ်ခုခုပြုပေးပါ၊၊အကြွေးမရသူများအကြွေးအမြန်ကြေချင်သူများမိမိငွေပြန်ရလိုသူများလုပ်ငန်းမှာမြုပ်နေသောငွေပြန်ပေါ်လိုသူများ ငွေင်ဝင်လမ်းပွင့်လိုသူများအထက်ပါ
အဓိဌာန်အတိုင်း၂၈ရက်တိတိဆောင်ရွက်ကြည့်ပါ၊၊၂၈ရက်အတွင်းထူးခြားပါလိမ့်မည်၊၊ထူးခြားပါကထပ်ထပ်ပြီးဝင်ပါ၊၊အဓိဌာန်ရက်မပြည့်မှီ မိမိကိစ္စအဆင်ပြေသွားပါကရက်ပြည့်အောင်ဆက်လက်ဝင်ရောက်သွားပါ၊ထိုအဓိဌာန်ဖြင့်မထူးခြားခဲ့ပါက လိုအပ်သောအစီအရင်များဆောင်ရွက်နိုင်ဖို့ကျွန်တော့ထံဆက်သွယ်နိုင်ပါသည်
၊နှစ်သစ်မှာ ငွေကြေးလာဘ်လာဘများဖွံဖြိုးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကာ သာသနာကိုထောက်ပံ့လှူဒါန်းနိုင်ကြပါစေ၊ဆရာလင်းအေးချမ်း(Zayar Oo)ဇယုတ္တရောဓါတ်ခန်း09455209863