အံ့သြစရာကောင်းလောက်အောင်ချိုင်းကြားကအသားအရေကိုဖြူဝင်းလာစေမယ့်သဘာဝနည်းလမ်းများချိုင်းချွေးနံ့သက်သာအောင် Roll onသုံးတာကပြဿနာမဟုတ်ပေမယ့်ကိုယ့်အသားအရေနဲ့ဓာတ်မတည့်လို့ပဲဖြစ်ဖြစ်၊
ချွေးနံ့ပျောက်ဆေးနဲ့ရေရှည်ထိတွေ့မှုကြောင့်ပဲဖြစ်ဖြစ်ချိုင်းနေရာမှာမည်းလာပြီးနဂိုအသားအရေလိုပြန်ဖြစ်ဖို့ခက်ပါတယ်ဒီ တော့ချိုင်းမည်းတာကိုအိမ်မှာတင်ပြန်ပြုပြင်ဖို့ကုန်ကျစရိတ်သက်သာတဲ့နည်းလမ်းကောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။
နည်းလမ်း(၁ပန်းသီးရှာလကာရည်နှစ်ဇွန်း၊မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းဆတူရောပြီးချိုင်းမှာလိမ်းပေးကာခြောက်သည်အထိထားပေးကာရေပြပန်ဆေးချပေးလိုက်ပါ။တစ်ပတ်မှာ၃ကြိမ်လုပ်ပေးသွားရုံနဲ့တစ်လလောက်ကြာရင်နဂိုအသားအရောင်အတိုင်းပြန်ဖြစ်လာပါလိမ့်မယ်။
နည်းလမ်း(၂)နွားနို့တစ်ဇွန်း၊နနွင်းတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီးချိုင်းမှာထူထူလေးလိမ်းပေးကာခြောက်တဲ့အထိထားပြီးရေပြန်ဆေးချပေးပါ။တစ်ပတ်နှစ်ကြိမ်၊ တစ်လလောက် လုပ်ပေးရင် ချိုင်းပြန်ဖြူလာမှာပါ။
နည်းလမ်း(၃)သကြား၃ ဇွန်း၊သံလွင်ဆီ၂ ဇွန်းတို့ကိုရောမွှေကာအဲ့ဒီအနှစ်နဲ့ချိုင်းကိုငါးမိနစ်လောက် ပွတ်တိုက်ပေးပြီရေ နွေးလေးနဲ့ဆေးချပေးလိုက်ပါ။တစ်ပတ်၂ ကြိမ်လုပ်ပေးလိုက်ရင်နဂိုအသားအရောင်အတိုင်းပြန်ဖြစ်လာတာကိုတွေ့ရပါလိမ့်မယ်။
နည်းလမ်း(၄)အာလူးကိုကြိတ်ချေကာအရေညှစ်ပြီးအဲ့ဒီအရည်နဲ့ချိုင်းမှာလိမ်းပေးကာခြောက်သွားရင်ရေအေးနဲ့ပြန်ဆေးချပေးလိုက်ပါညအိပ်ရာဝင်ခါနီးတိုင်းလုပ်ပေးသွားရင်ချိုင်းလေးတြွေပန်ဖြူလာပြီးအနံ့ဆိုးလည်းကင်းစေပါတယ်ခရက်ဒစ်
LEAVE A REPLY
Please enter your comment!
Please enter your name here