အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာဆရာကြီးမင်းသိင်္ခရဲ့ပညာရပ်များထဲကတင်ပြလိုက်တာဖြစ်ပါတယ်အမြဲတမ်းငွေမပြတ်စေတဲ့ယတြာဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာ ဖြစ်ပါတယ်
အမြဲတမ်း ငွေမပြတ်စေတဲ့ ယတြာနှင့် ဈေးဆိုင်အရောင်းဆိုင်မှာ ဧည့်သည်စည်ကားစေရန် ယတြာတွေငွေဖလား ဒါမှမဟုတ် ကြေးဖလား တစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက်ကို ဖြန့်ခင်းထား လိုက်ပါ
ကိုယ်တတ်နိုင်တဲ့ ငွေစက္ကူ အတိုင်းအတာနဲ့ တွက်ပြီးထည့်နိုင်ပါတယ်တတ်နိုင်တဲ့လူအတွက်ကတော့ တစ်သောင်းတန်ပေါ့၊ ဒေါ်လာနဲ့အလုပ်လုပ်နေသူဆိုရင်တော့ ဒေါ်လာထည့်ပေါ့ ပြီးရင်အဲဒီငွေစက္ကူထည့်ထားတဲ့
ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်းထည့်ပါရေစက်ခွက်ထဲကို ရေစက်ချတဲ့အခါ လောင်းသလိုမျိုး လောင်းထည့်ပါ ရေလောင်းနေတဲ့အချိုန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်နေပါ၊ ပြီးတာနဲ့ရေမြုပ်နေတဲ့ ငွေစက္ကူပေါ်ကို
ခေါင်းလောင်းတစ်လုံးတင်ထားလိုက်ပါ မကြာခဏ အဲဒီခေါင်းလောင်းကို ယူပြီးတီးပါ ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်း ဂုဏ်တော် ၉ပါးကို၉ ခေါက်ပြည့်အောင်ရွတ်ပါ။ အဲဒီဓါတ်ဆင်ထားတဲ့ ငွေစက္ကူထည့်ထားသောဖလားနဲ
့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာတင်ထားပါ။ အဲဒီငွေဓါတ်ဆင်တာကို လုပ်ရမယ့်အချိန်က တနင်္လာနဝင်းစီးနေတဲ့အချိန်မှာ လုပ်ရပါမယ် တနင်္လာနဝင်းစီးတဲ့ အချိန်တွေကတော့။
တနင်္ဂနွေနေ့ဆိုရင် နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း။ တနင်္လာနေ့ဆိုရင်နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း။ အင်္ဂါနေ့ဆိုရင် – ညနေ ၃နာရီမှ ၄နာရီခွဲအတွင်းဗုဒ္ဓဟူးနေ့ဆိုရင်နံနက် ၁၀နာရီခွဲမှ၁၂နာရီအတွင်းကြာသပတေးနေ့ဆိုရင်နံနက်
၆နာရီမှ ၇နာရီခွဲအတွင်း။ သောကြာနေ့ဆိုရင် – မွန်းလွဲ ၁၂နာရီမှ ၁ နာရီခွဲအတွင်းစနေနေ့ဆိုရင် နံနက်၇နာရီခွဲမှ ၉နာရီအတွင်း။ တနင်္လာနဝင်းစီးတဲ့အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်းနဲ့ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့်လည်း
နေရောင်ရှိသောအချိန်များမှာသာ လုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲထက်ကျော်ပြီးမလုပ်သင့်ပါ၊ ဒါဆို ငွေနဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့ အားလုံးငွေမပြတ်ဝင်ပြီး အဆင်ပြေကြပါစေဈေးဆိုင်အရောင်းဆိုင်မှာ
ဧည့်သည်စည်ကားစေရန် အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့မျက်နှာစာကို ဖျန်းပတ်ပါက ဧည့်သည်စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်းလာလိမ့်မည်။ ခရက်ဒစ်