ဤပို့စ်အားဖတ်ရှု၍ကြွက်တွေအပေါ်မှာသာမကအားလုံးအပေါ်မှာပါစာနာစိတ်ကလေးတွေထားနိုင်ကြပါစေဆာလောင်နေတဲ့ ဝေဒနာကိုဖြေရှင်းဖို့အစာတစ်လုပ်ကိုအသက်နဲ့

ရင်းပြီးထွက်ရှာရတယ်လူကိုလည်းကြောက်ရခွေးကိုလည်းကြောက်ရကြောင်ကိုလည်းကြောက်ရဒီကြားထဲဘာမှန်းမသိတဲ့သက်မဲ့ထောင်ခြောက်တွေကိုလည်းကြောက်ရသံပြားလေး




ပေါ်ကပိုင်ရှင်မဲ့တဲ့ အသားလေးတစ်တုံးကိုရိုးရိုးသားသားသွားဖြုတ်စားမိတာချက်ကနဲမြည်လိုက်တဲ့မောင်းတံဖြုတ်သံလေးမှာခါးတစ်ပိုင်းပြတ်သွားရတယ်ဗိုက်ဆာလွန်းလို့ကောက်စားမိ
လိုက်ပါတယ်ဝမ်းဗိုက်တစ်ခုလုံးနာကြင်ခံစားပြီးအသက်ဆုံးရှုံးသွားရတယ်အဆိပ္ဆိုတဲ့စကားလုံးကိုသူတို့မသိရွာဘူးအရှေ့မှာအစာလေးမြင်လို့ငါ့ကလေးတွေအတွက်ညစာတော့
ရပြီဟေ့ဆိုပြီးအပြေးလေးအသွားခြေလှမ်းတွေကရှေ့ဆက်ရောက်တော့အလွန်စေးကပ်တဲ့ စက္ကူရွက်တစ်ရွက်ပေါ်တစ်ကိုယ်လုံးဘုံးဘုံးလဲပြီးသေဖို့အချိန်ကိုတုတ်တုတ်မှလှုပ်ခွင့်မရ




ဘဲစောင့်နေရရှာပြန်မလာနိုင်တဲ့ အမေကိုချောင်ထဲကနေမျှော်နေကြတဲ့သားပေါက်လေးတွေလည်းဆာလောင်နေကြရောပေါ့ကြွက်ဆိုတဲ့သတ္တဝါကပစ္စည်းတွေကိုဖျက်ဆီးတတ်တာမှန်
ပါတယ်လူဆိုတဲ့သတ္တဝါတွေလောက်တော့သဘာဝပတ်ဝန်းကျင်ကိုဒုက္ခမပေးတတ်ကြပါဘူးကြွက်လေးတွေဟာဖျက်ဆီးသူများဟုခေါင်းစဉ်တပ်တာခံရပါကလူလောကကြီးကိုချယ်လှယ်ဖျက်ဆီးနေသောလူသားများမှာအဘယ်ဆိုဖွယ်ရှိသနည်းcreditကံကော်ရနံ