ကျေးမင်းလာဘ်ခေါ်ဂါထာတော်အဂ္ဂေါဗုဒ္ဓေါ အဂ္ဂေါ ဓမ္မောအဂ္ဂေါသံဃောအနုတ္တရော။အဂ္ဂေါစဝိပါကောဟောတိယံယံဣစ္ဆာသမိဇ္စုတုဤ ကျေးမင်းလာဘ်ခေါ်ဂါထာ ကြီးသည်အလွန်အစွမ်းထက် မြက် သောဂါထာ တော် ကြီး ဖြစ်ပါသည်
လွန်ခဲ့ သောနှစ် ပေါင်းနှစ်ရာနီးပါးခန့်အ နောက်ဘက်သာလွန်မင်းတရားလက်ထက်ဗားမဲ့ဆရာတော် ကြီးတို့အသုံး ပြု့ သွား သောဂါထာတော်ကြီးဖြစ်ပါသည်ပုံမှန်အားဖြင့် နံနက်၆နာရီမှ၁၀နာရီအတွင်း ရွတ်ဖတ် ပေးရပါမည်
။နေ့စဉ်အနည်း ဆုံး ၁၅ ခေါက် မှ၁၀၈ ခေါက်တိတိရွတ် ပေးနိုင်ပါသည်။အကျိူးကျေးဇူးမှာအနန္တပင် ဖြစ်သည်။နေ့စဉ်ညစဉ်စားရေးသောက်ရေး နေရေးထိုင်ရေးကျန်းမာရေးစီးပွားအလုပ်အကိုင်ဝင်ငွေမှစ၍တိုးတက်စည်ကားလာစေသည်။
အထူး စီရင်ပုံမှာမိမိအိမ်ရှေ့တွင် ဖြစ်စေ မျက်နှာစာတွင် ဖြစ်စေကံကော်သား (သို့)မန်ကျည်းသား နှင့် စင် တခု့ လုပ်ထား ရပါမည်။အနေတော် ဖြစ် လျှင်ရပါသည်ထမင်းဖြူ (၅) ဆုပ် ကို လက်တွင် ကိုင်၍ ဤ ကျေးမင်းလာဘ်ခေါ် ဂါထာ ကြီး ကိုအနည်းဆုံး(၁၅) ခေါက်အများဆုံး (၂၅) ခေါက်ရွတ် ၍ ထိုထမင်းဖြူ (၅)ဆုပ်ကို စင်ပေါ် တွင်တင်ထားရပါမည်
များမကြာမီးကျီးကန်းများ ကျေးငှက်များလာရောက်ဝိုင်းအုံ စားသောက် ခြင်းကိုက်ချီ ခြင်း ပြု့လုပ်ပါလိမ့်မည်။ ကိုက်ချီ ၍ အဝေးတနေရာအဝေးရပ်သို့ပျံသန်းသွားသည်လည်းရှိပါလိမ့်မည်။ကျေးငှက်များပျံသန်းသွားသောအရပ်ကို ကြည့်နေပါ။
အရှေ့အရပ်သို့ပျံသန်းသွားလျှင်ထိုအရှေ့အရပ်မှ ငွေကြေးဝတ္တူများ ရောက်လာတက်သည်။ကျေးငှက်များပျံသန်း ရာ အရပ် မှ ငွေကြေးလာဘ်လာဘများဝင်လာစေတက်သည်ဟု့အဆိုရှိပါသည်
ဤနည်းအတိုင်းထမင်း ဖြူ(၅)ဆုပ်ကိုဤ ကျေးမင်းလာဘ်ခေါ်ဂါထာဖြင့် ရွတ်ဖတ် ဆောင်ရွက်နိုင်ပါသည်။ဤနည်းသည် ရှေးခောတ်ဗားမဲ့ဆရာတော်ကြီး၏နည်းနိဿယ ဖြစ်ပါသည်ခရစ်တစ် မြတ်မို
LEAVE A REPLY
Please enter your comment!
Please enter your name here