ဗောက်သက်သာပြီးဆံသား နူးညံ့ ပျော့ပြောင်းလာစေဖို့ဆံပင်ထိန်းသိမ်းနည်းဆံပင် ဗောက်သက်သာတဲ့ရှန်ပူအများစုက ဗောက်လျော့သွားစေပေမယ့် လျှော်ပြီးနောက် ဆံသားကိုကြမ်းသွားစေပါတယ်ဒီလိုပဲဆံပင်ကို ပျော့စေတဲ့ရှန်ပူ

အများစုကဆံသားနူးညံ့စေပေမယ့်ဗောက်ထဖို့အခွင့်အလမ်းပိုပေးသလို ဖြစ်တတ်ပါတယ်ဒီတစ်ခေါက် ပြောပြမယ့်နည်းလမ်းကတော့ ဗောက်သက်သာစေမယ့်အပြင်ဆံသား နူးညံ့စိုပြေအောင်ပါ ပြုလုပ်နိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်ဒါပေမဲ့

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပါဝင်ပစ္စည်းများတာမို့အချိန်ပေးနိုင်ဖို့လိုအပ်ပါတယ်ဒါပေမယ့် ပြုလုပ်ပြီးနောက်မှာတော့သင့်ဆံသားအရင်ကထက်စိုပြေကျန်းမာလာပါလိမ့်မယ်လိုအပ်တဲ့ပစ္စည်းတွေကတော့၁။သဘာဝရှားစောင်းလတ်ပတ်ဂျယ်၎ဇွန်းရှားစောင်းလတ်ပတ်

ကဆံပင်ကျွတ်တာသက်သာစေပြီးပျော့ဆေးအနေနဲ့စွမ်းဆောင်နိုင်ပါတယ်ဒါ့အပြင် ရှားစောင်းက ဦးရေပြားကို စိုပြေစေပါတယ်၂။ပျားရည်တစ်ဇွန်းပျားရည်က နဂို နူးညံ့တဲ့ ဆံကေသာကို ပြန်ရအောင် ကူညီပေးပါတယ်ဆံသားကို

တောက်ပြောင်စေပြီးအစိုဓာတ်ပေးပါတယ်၃။ကြက်ဆူဆီ၃ဇွန်းကြက်ဆူဆီကဦးရေပြားထဲဘတ်တီးရီးယားတွေမဝင်ဖို့ကာကွယ်ပေးပါတယ်ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီးဆံပင်အရှည်မြန်စေပါတယ်၎။နွားနို့၆ဇွန်းနွားနို့က

ဆံပင်ခြောက်ပြီးကြမ်းတာကိုသက်သာစေပါတယ်ဆံပင်ကို ပျော့ပြောင်းစေပြီးဦးရေပြားအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်ဒီပါဝင်ပစ္စည်းလေးမျိုးကို ရောပြီး သေချာမွှေပေးရပါမယ်။Blenderနဲ့ မွှေပေးနိုင်ရင်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

ပိုကောင်းပါတယ်ရလာတဲ့အရည်ကိုဦးရေပြားနဲ့ဆံသားပေါ်လိမ်းပေးရပါမယ်လိမ်းပြီးနောက်၁၅မိနစ်ကနေမိနစ်၂၀ထားပေးရပါမယ်ပြီးရင်တော့ရှန်ပူအပျော့နဲ့ ခေါင်းလျှော်ပေးရပါမယ်