ခေါင်းမှာဘောက်တွေထလွန်းလို့စိတ်ညစ်နေရသူများအတွက်ဆေးနည်းခေါင်းမှာဘောက်တွေဂျွတ်စွဲလောက်အောင်ထချင်သလောက်ထစိတ်ညစ်စရာမလိုတော့ပါကျနော်ဘောက်ဖြစ်နေတာကြာပြီဗျားဘောက်ပျောက်ခေါင်းလျှော်ရည်

အစုံသုံးကြည့်ပါတယ်ရှောက်နူသီးသံပုရာသီးစသည်နည်းလမ်းများဖြစ်လုပ်ကြည့်ပေမယ့်တစ်ဖက်နိုင်ငံရောက်ကတည်းနေပူမိုးရွာမရှောင်ပန်းရံအလုပ်ဖြစ်နှစ်နှစ်တာလုပ်ကာဂျွတ်စွဲနေသည်ကျွန်တော်ခေါင်းကဘောက်တွေက

မပျောက်ခဲ့ဘူးကျွန်တော်အရမ်းစိတ်ညစ်ခဲတာပေါ့ဒါနဲ့ကတုံးခနခနတုံးနေရတာပေါ့ကတုံးတုံးပြီးဆေးနည်းအစုံသုံးကြည့်သော်လည်းဆံပင်ပြန်ပေါက်တာနဲ့ပြန်ထနေတာလေတစ်ညဘောက်ပျောက်နည်းဆိုပြီးကျနော်ရိုက်ကာရှာတော့

မိတ်ဆွေတစ်ယောက်တင်ထားတဲ့ရွက်ယိုသီးနည်းလေးသိခဲ့သည်မို့အထူးအဆန်းလေးမို့ကျွန်တော်လုပ်ကြည့်တယ်ပထမတစ်လုံးမှာဘောက်တွေထလာသည်မို့ယုံကြည်မှုနည်းလာသောကျွန်တော်ဒုတိယတစ်လုံးနဲ့လျှော်ပြီးနောက်နေ့အရာက်

ကျနော်ခေါင်းကဂျွတ်တွေလိုစွဲနေတဲ့ဘောက်ဖက်အထစ်အဖုလေးတွေမရှိတော့ပေနောက်တစ်ဖြည်းဖြည်းနဲ့ကြွေကျကာဘောက်ကင်းစင်သွားသည်ကိုတွေ့ရတော့ပြန်မျှဝေချင်လာတယ်လေလုပ်နည်းလေးကဒီလိုပါဆားနဲ့ခေါင်းအနှံ့ပွတ်ပါ

ပြီးမှည့်နေတဲ့ရွက်ယိုသီးကိုဦးရေပြားအနှ့ပွတ်လိမ်းပေးပါတစ်လုံးအကုန်အနည်းငယ်တော့စပ်ပေမယ့်ခံနိုင်ပါတယ်ပြီးနာရီဝက်ခန့်နှပ်ထားပြီးခေါင်းလျှော်လိုက်ပါအနံ့ကတစ်အားနံလို့ယအနံ့ပျောက်ချင်ရင်ဘောက်ပျောက်ခေါင်းလျှော်ရည်ကို

ခေါင်းလျှော်ချိန်အသုံးပြုနိုင်ပါသည်အားလုံးအဆင်ပြေပါစေဗျာကျနော်အရမ်းပျော်လို့စာရှည်သွားရင်ခွင့်လွှတ်ပါဗျာစကားမစပ်ရွက်ယိုသီးတစ်ပင်လောက်စိုက်အုံးမှတစ်ပင်လုံးအသုံးဝင်တယ်တဲ့မိတ်ဆွေတို့သိထားတဲ့အသုံးဝင်ပုံလေးတွေရှိရင်လဲရေးပေးသွားပါဦးဗျ

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com







