သင်္ချိုင်းဆိုသည်မှာလူတစ်ယောက်ကမေးတယ်ကိုဖိုးအေးခင်ဗျားသင်္ချိုင်းထဲကမျှစ်တွေယူစားနေတာမရွှံဘူးလားဖြေ ဘာရွှံမလဲကွလူသေကောင်ကထွက်တဲ့မျှစ်မှမဟုတ်တာ

မြေကြီးထဲကထွက်တဲ့မျှစ်ပဲဘာရွှံစရာရှိလဲသင်္ချိုင်းဆိုတာလဲမြေကြီးပါပဲကွာလူတွေသမုတ်ထားလို့သာသင်္ချိုင်းဖြစ်နေတာပါငါဆိုဒီသင်္ချိုင်းကထွက်တဲ့မျှစ်တွေစားလာတာကြာပါပြီ

ကြည့်စမ်းငါ့သားသမီးတွေဘယ်လောက်ချောလဲကျန်းမာရေး ဘယ်လောက်ကောင်းလဲဖျားနာနေတာမင်းတို့မြင်ဘူးလာဉာဏ်ရည်ဆိုတာလည်းငါ့သားသမီးတွေကျူရှင်တောင်မယူ

နိုင်ဘူးရွာကနေကျပ်ပြင်ကျောင်းသွားတတ်နေရတာမင်းတို့စဉ်းစားကြည့် မြတ်စွာဘုရားတောင်မှသုသာန်တစ်စသင်္ချိုင်းဝက လူသေလွှမ်းတဲ့အဝတ်တွေကောက်ယူတော်မူပြီးပံ့သုကူ

သင်္ကန်းချုပ်ပြီးသုံးဆောင်တော်မူသေးတာမင်းတို့ငါတို့လိုဘာမှမဟုတ်တဲ့အကောင်တွေကရှောင်တယ်ဆိုတာရယ်စရာကြီးကွကျောင်းစကိုရှောင်မသာစကိုဆောင်ဆိုတဲ့အဆိုလည်းရှိ

သားပဲကွာ။ကျောင်ပစ္စည်းယူသုံးရင်သာအပြစ်ရှိမယ်သင်္ချိုင်းပစ္စည်းယူသုံးရင်အပြစ်လုံးဝမရှိဘူးကွဘာလို့လဲဆိုတော့သင်္ချိုင်းဆိုတာလူတွေရဲ့စိတ်ထဲမှာလုံးဝသံယောဇဉ်အတွယ်

အတာမရှိပဲစွန့်ပစ်ထားတဲ့နယ်မြေအဲ့ဒီနယ်မြေထဲကပစ္စည်းမှာဘာအနှောင်အတွယ်မှမရှိကြဘူးအဲ့ဒီစင်ကြယ်တဲ့ပစ္စည်းကို ငါသုံးတဲ့အခါငါလိပ်ပြာလုံတာပေါ့ကွာဘုန်းကြီးကျောင်းဝင်း

ထဲကညောင်ချင်တစ်နပ်စာလောက်ခူးခဲ့ရင်တောင်ငါလိပ်ပြာလုံမှာမဟုတ်ဘူးကျောင်းဆိုတာကသာသနာ့နယ်မြေသံဃာရဲ့ပစ္စည်းလေကွာယှဉ်ကြည့်ပေါ့ကျောင်းပစ္စည်းဆိုတာမစား

တတ်ရင်သံသရာအဆိပ်ကွသင်္ချိုင်းပစ္စည်းကသံသရာအဆိပ်ကင်းစေတယ်ဒါ့ကြောင့်ငါအမြဲစားခဲ့တာပေါ့သင်္ချိုင်းကမျှစ်လည်းမျှစ်ပါပဲ။အပြင်ကမျှစ်လည်းမျှစ်ပါပဲအတူတူပါပဲကွာ

အေသင်္ချိုင်းထဲကမျှစ်ကစားမဖြစ်အောင်ခါးနေတယ်ပုတ်စော်နံနေတယ်ဆိုရင်တော့ငါလဲလူပဲကွာဘယ်စားမှာလဲအလကားပါကွာလူတွေကိုကအယူသီးနေတာပါသင်္ချိုင်းတဲ့မင်းတို့

စဉ်းစားကြည့်သင်္ချိုင်းဆိုတာကကြာကြာတစ်ခါလူသေမှမြှုတ်ကြတာ။မင်းတို့ငါတို့ရဲ့ပါးစပ်တွေကိုကြည့်စမ်းငါးပုပ်ရင် ဆားနဲ့နယ်ပြီးငါးဆားနယ်ဆိုပြီးစားကြတယ်ကြက်သေ/ဝက်

သေဘဲသေငါးသေနွားသေဆိတ်သေတွေကွာ။စဉ်းစားကြည့်ကြ။အဲ့ဒါလည်းအသုဘတွေပဲကွာကြက်မသာဝက်မသာနွားမသာတွေပဲကွာ။ဒါတွေကြတော့အသုဘလို့မမြင်ဘဲသုဘလို့

ထင်ပြီးချက်ပြုတ်ကြော်လှော်စားကြတယ်မင်းတို့ငါတို့ရဲ့ပါးစပ်သင်္ချိုင်းထဲကဘအဲ့ဒီလိုတိရိစ္ဆာန်အသေကောင်တွေမနည်းမနောဝင်ပြီးပြီနော်ဒါကြတောလောကနိယာမကောင်းမွန်တဲ့

အစားအစာလို့သတ်မှတ်ကြတယ်သူလည်းခန္ဓာငါးပါးအစုအဝေးအပုပ်ကောင်ပဲ မဟုတ်ဘူးလားမသန့်တာကအဲ့ဒီပါးစပ်သင်္ချိုင်းပဲကွဒါတွေကြတောတဖြောင်းဖြောင်းဝါးစားနေကြ

ပြီးငါသင်္ချိုင်းထဲကမျှစ်ချိုးစားတာကြတောအပြစ်မြင်ပြီးလူရာမသွင်းချင်သလိုလို ဘာလိုလိုနဲ့လူတွေကွာတရားအလွန်ဝေးတဲ့လူတွေပါလာ။ကိုယ်ပြောမှအမှန်ကိုယ်လုပ်မှအဟုတ်

ထင်ကြတာလားလူဆိုတာသေမျိုးကွဘယ်သူမှဒီသင်္ချိုင်းက ပြေးမလွတ်ဘူးမှတ်ထားမိုးကုတ်ကျော်ကျော်စိုးသေခြင်းတရားနှင်သင်္ချိုင်းသူရဇ္ဇCredit