ဆံပင်ကျွတ်လို့ဆံပင်ပါးသွားတဲ့သူတွေအတွက်အထိရောက်ဆုံးသဘာဝပေါင်းတင်နည်းများအားလုံးပဲမင်္ဂလာပါဆံပင်ကျွတ်ခြင်းကအမျိုးသားတွေမှာရေအမျိုးသမီးတွေမှာပါဖြစ်ပေါ်တတ်တဲ့ပြဿနာတစ်ရပ်ပါပဲတစ်ချို့တွေကလည်း

မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်တတ်သလိုတစ်ချို့တွေကျတော့အစားအသောက်စားသုံးမှုပုံစံမမှန်ကန်လို့လည်းဆံပင်ကျွတ်တတ်ပါတယ်ဒါ့ကြောင့်ဆံပင်ကျွတ်လို့ ဆံပင်ပါးသွားတဲ့သူတွေအတွက်အထိရောက်ဆုံးသဘာဝပေါင်းတင်နည်း

လမ်းလေးတွေကိုဝေမျှပေးချင်ပါတယ်အာလူးလိုအပ်မယ့်ပစ္စည်းတွေကတော့အာလူးတစ်လုံးပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရေလက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ပဲဖြစ်ပါတယ်အာလူးကိုရေသေချာဆေးပြီးအခွံခွာပေးလိုက်ပါပြီးရင်

အတုံးသေးသေးလေးတွေတုံးပြီးသစ်သီးကြိတ်စက်ထဲထည့်ကာအနှစ်လေးတွေရအောင်ပြုလုပ်ပါရလာတဲ့အနှစ်တွေကိုအဝတ်စသန့်သန့်လေးတစ်ခုနဲ့အရည်ရလာအောင်ညှစ်ပေးလိုက်ပါအာလူးရည်ရလာတဲ့အခါပျားရည်နဲ့ရေ

လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီရောလိုက်ပါပြီးရင်ဦးရေပြားနဲ့ဆံကေသာပေါ်ကိုသုတ်လိမ်းပေးပြီးမိနစ်၃၀ခန့်စောင့်လိုက်ပါပြီးတဲ့အခါခေါင်းလျှော်ရည်အပျော့စားနဲ့ခေါင်းလျှော်ပေးရပါမယ်ဒီနည်းလမ်းလေးကိုတစ်ပတ်တစ်ကြိမ်ခန့်ပုံမှန်

ပြုလုပ်ပေးမယ်ဆိုရင်ဆံကေသာသန်စွမ်းကျန်းမာလာပြီးဆံပင်ကျွတ်တဲ့ပြဿနာကကင်းဝေးသွားပါလိမ့်မယ်ရှားစောင်းလက်ပတ်ရှားစောင်းလက်ပတ်ဂျယ်ကို ဇွန်းလေးနဲ့ခပ်ထုတ်လိုက်ပြီးဆံပင်တွေကိုပွတ်တိုက်ပေးလိုက်ပါ

ရှားစောင်းလက်ပတ်နဲ့မသုတ်လိမ်းခင်းမှာခေါင်းလျှော်ထားဖို့တော့လိုပါမယ်သုတ်လိမ်းပြီးသွားတဲ့အခါဦးရေပြားကိုစက်ဝိုင်းပုံသဏ္ဍာန်နှိပ်နယ်ပေးလိုက်ပါပြီးရင်၁၅မိနစ်လောက်စောင့်ပြီးမှာရေအေးလေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ

ဒီနည်းလမ်းလေးကိုတစ်ပတ်၃ကြိမ်ခန့်ပြုလုပ်ပေးမယ်ဆိုရင်ဆံပင်မကျွတ်တော့ဘဲ ဆံပင်ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်







