




ချောင်းဆိုးရင်ကြပ်သလိပ်ကပ်အတွက်ဆေးနည်းမခက်ပါချောင်းဆိုး၊ပန်းနာရင်ကြပ်၊ချွဲသလိပ်ရောဂါစွဲကပ်နေသူများအတွက်လက်တွေ့ပျောက်ကင်းစေမည့်သဘာဝဆေးနည်းလေးကိုမျှဝေပေးလိုက်ပါတယ်

(၁)သင်္ဘောသီး အစိမ်းတစ်လုံးကိုရေစင်အောင်ဆေး၍အခွံမခွါပဲခြစ်ပါ။၎င်းခြစ်ထားသောသင်္ဘောသီးခြစ်များကိုကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ပုဇွန်ခြောက်၊သံပုရာသီးတို့ဖြင့်သုပ်စားပါ။

(၂)နောက်ရက်တွင်သင်္ဘောမယ်ဇလီရွက်(ပွေးကိုင်းရွက်) အရွက်နုလေးများကိုပြုတ်၍တို့စရာအဖြစ်စားပေးပါ။ဝမ်းနှင့်အတူချွဲသလိပ်များ၊အပူများကျဆင်းသွားလိမ့်မည်။

(၃)ဝမ်းသွားပြီးနောက်တစ်နေ့တွင်အုန်းနဲရွက်(အစိုသို့မဟုတ်ခြောက်)ကိုထန်းလျက်နှင့်ရောကြိတ်၍ ဆေးလုံးလေးများပြုလုပ်ထားပါပါ။

ပြီးလျှင်မနက်၊ညတစ်လုံးစီသောက်ပေးပါပန်းနာရင်ကြပ်ရောဂါများဒိဋ္ဌ ပျောက်ကင်းပါသည်။လူသားအားလုံးကျန်းမာစွာအသက်ရှည်နိုင်ကြပါစေ။Creditစောနွဲ့နေဆိုင်(ပူတာအို)

LEAVE A REPLY

Please enter your comment!
Please enter your name here