


တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သောအလှူဒါန၇မျိုးရှိသည်ထို(၇)မျိုးမှာ(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်းအပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း(၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း





ငွေကြေးမရှိသော်လည်း နေ့စဉ်လှူဒါန်းနိုင်သောအလှူဒါန(၇)မျိုးအခါတပါး၌လူငယ်တစ်ယောက်သည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍အကျွန်ုပ်သည်မည်သည့်အရာကိုပဲလုပ်လုပ်မအောင်မမြင် ဖြစ်နေပါသည်

အဘယ်ကြောင့်မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက်သည်။ထိုအခါ မြတ်စွာဘုရားကအသင်သည်အလှူဒါနမပြုတတ်၍ ဖြစ်သည်ဟု ဖြေကြားတော်မူသည်။

“ငွေကြေးတစ်ပြားတစ်ချပ်မျှမရှိသောဆင်းရဲသား ကျွန်ုပ်အဖို့မည်ကဲ့သို့အလှူဒါန ပြုနိုင်ပါမည်နည်းဟုလူငယ်က ပြန်လည်လျှောက်တင်သောအခါအသင် ဤသို့မဟုတ်သည်ကို မှတ်သားလော့။

တစ်ဦးတစ်ယောက်သောသူသည် ငွေကြေးမရှိသော်လည်းသူတစ်ပါးကို ပေးကမ်းနိုင်သောအလှူဒါန၇မျိူးရှိသည်ထို(၇)မျိုးမှာ(၁)မျက်နှာဟန်အမူအရာဖြင့်အလှူဒါနပြုခြင်းအပြုံးဖြင့်ဖော်ရွေစွာဆက်ဆံခြင်း(၂)နှုတ်ဖြင့် အလှူဒါနပြုခြင်း

အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ ညှာတာစကား၊ နွေးထွေးသော စကားများ ပြောဆိုခြင်း(၃)စိတ်ဖြင့်အလှူဒါနပြုခြင်း(စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း(၄) အမြင်ဖြင့် အလှူဒါနပြုခြင်း

(ကောင်းသောစေတနာအမြင်ဖြင့်သူတစ်ပါးကိုကြည့်မြင်တတ်ခြင်း၅ကာယလုပ်အားဖြင့်အလှူဒါနပြုခြင်းမိမိနိုင်နင်းသောလုပ်ဆောင်မှုဖြင့်သူတစ်ပါးကို ကူညီခြင်း)(၆နေရာထိုင်ခင်း အလှူဒါနပြုခြင်းလှေစီးကားစီးသည့်အခါမိမိထိုင်ခုံနေရာကို

အိုမင်းမစွမ်းသူကိုယ်ဝန်ရှိသူနှင့်ကလေးငယ်တို့အားမိမိ၏ထိုင်ခုံနေရာကိုထိုင်စေခြင်း၇နေအိမ်အလှူဒါနပြုခြင်းမိမိ၏အိမ်နေရာကို သူတစ်ပါးတို့ အနားယူရန် ပေးကမ်းခြင်းမည်သူမဆို

ဤအလှူဒါန(၇)မျိုးသောကောင်းမှုကုသိုလ်ကို ပေးကမ်းလေ့ရှိသည့် အကျင့်ကောင်းရှိလျှင်အောင်မြင်ခြင်းသည် ထပ်ချပ်မကွာလိုက်ပါလာမည်သာဖြစ်ပါသည်Creditမူရင်းရေးသားသူ

LEAVE A REPLY

Please enter your comment!
Please enter your name here