








ဆောင်းတွင်းဗောက်ထနေသူတွေအတွက်ညွှန်းပေးချင်တဲ့ဗောက်ပျောက်နည်းသင့်ဦးရေပြားကနွေ၊မိုး၊ဆောင်း မရွေးဗောက်ထတတ်တဲ့ဦးရေပြားမျိုးလား။ဘယ်ရာသီဥတုမဆိုဗောက်အမြဲထနေတာကကိုယ့်ကိုယ်ကိုလည်း

ယုံကြည်မှုအားနည်းသွားစေပါတယ်။ဒါကြောင့်အခုဗောက်ပျောက်နည်းလေးကိုညွန်းပေးလိုက်ပါတယ်။(၁) ဆားနဲ့ခေါင်းလျှော်ရည်ပါဝင်ပစ္စည်းများဆား(စားပွဲတင်ဇွန်းတစ်ဝက်)၊ခေါင်းလျှော်ရည်(စားပွဲတင်ဇွန်း၁ဇွန်း)

ခေါင်းလျှော်ရည်ထဲဆားထည့်ပေးပြီးကောင်းကောင်းရောမွေပေးပါ။ဆံပင်ကိုရေနွေးနွေးလေးနဲ့ဆေးပေးပြီး ဆားခေါင်း လျှော်ရည်အရောနဲ့ခေါင်းလျှော်ပေးပါ။ဦးရေပြားကိုစက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။

၅မိနစ်ကြာအောင် ဦးရေပြားကိုနှိပ်နယ်ပေးပြီးရင်တော့ရေအေးလေးနဲ့ခေါင်းလျှော်ပေးပါ။နောက်ဆုံးမှာConditionerနဲ့လိမ်းပေးပါ။ Conditionerသုံးတဲ့အခါမှာဆံပင်အလယ်ကနေအောက်ဖျားထိလိမ်းပေးပါ။

တစ်ပတ်ကို(၂-၃)ကြိမ်လုပ်ပေးပါ။(၂) ဆားနဲ့ သံလွင်ဆီပါဝင်ပစ္စည်းများဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊သံလွင်ဆီ(စားပွဲ တင်ဇွန်း ၁-၂ဇွန်း) ၊ သံပယိုရည်(စားပွဲတင်ဇွန်း၁-၂ဇွန်း)ဇလုံထဲ ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပေးပြီး

ကောင်းကောင်းရောပေးပါ။ဆံပင်ကို ရေနွေးနွေးလေးနဲ့ဆေးပေးပြီးဒီအရောနဲ့ ဦးရေပြားနဲ့ဆံပင်တွေကိုလိမ်းပေးပါ။စက် ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။(၅)မိနစ်လောက်နှိပ်နယ်ပေးပြီးရေနဲ့ ဆေးချပေးပါ။ပြီးရင်ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပေးပါ။

နောက်ဆုံးမှာConditionerနဲ့လိမ်းပေးပါ။Conditionerသုံးတဲ့အခါမှာဆံပင်အလယ်ကနေအောက်ဖျားထိလိမ်းပေးပါ။တစ်ပတ်ကို(၂)ကြိမ်လုပ်ပေးပါ။Rကိုတစ်အိမ်လုံးအကျိုးရှိရှိအသုံးချနိုင်မယ့်နည်လမ်း(၇)မျိုး(၃)ဆားပါဝင်ပစ္စည်းများ

ဆား(စားပွဲတင်ဇွန်း၃ဇွန်း) ၊ရေ(တစ်ခွက်)။ရေကိုပွတ်ပွတ်ဆူအောင်တည်ပေးပြီးဆားထည့်ပေးပါ။ဆားပျော်သွားတာနဲ့မီးအပူကိုပိတ်ပေးပြီးအအေးခံပေးပါ။ဆံပင်ကိုခုနကလုပ်ထားတဲ့ဆားရည်နဲ့ဦးရေပြားကနေ လောင်းချပေးပါ။

(၅)မိနစ်လောက်ဦးရေပြားကိုနှိပ်နယ်ပေးပါ။ဆားရည်ကိုရိုးရိုးရေနဲ့ဆေးပေးပြီးခေါင်းလျှော်ရည်အပျော့စားနဲ့လျှော်ပေးပါ။Conditionerနဲ့သုံးပေးပြီးConditionerသုံးတဲ့အခါမှာတော့ ဆံပင်အလယ်ကနေအောက်ဖျားထိလိမ်းပေးပါ။တစ်ပတ်ကို(၁-၂)ကြိမ်လောက်လုပ်ပေးပါခရက်တစ်ပါ

LEAVE A REPLY

Please enter your comment!
Please enter your name here