ဒေါက်တာဇော်မြင့်မောင်အကျဉ်းထောင်အတွင်းနေမကောင်းဖြစ်နေဖမ်းဆီးထိန်းသိမ်းခံထားရသည့်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည်အိုးဘိုအကျဉ်းထောင်
အတွင်းမိုးမိကာနေမကောင်းဖြစ်နေတယ်လို့ ၎င်းရဲ့အမှုကိုလိုက်ပါဆောင်ရွက်လျက်ရှိသည့် ရှေ့နေအဖွဲ့ထံက သိရပါတယ်ယမန်နေ့နိုဝင်ဘာလ၁ရက်နေ့က ဒေါက်တာဇော်မြင့်
မောင်ကိုအိုးဘိုအကျဉ်းထောင်အတွင်းရှိအထူးတရားရုံးမှာရုံးထုတ်ခဲ့ပြီး၎င်းသည်ပုဒ်မ၅၀၅(ခ)အပါအဝင်အမှု၅မှုဖြင့်တရားစွဲဆိုခံထားရတာဖြစ်ပါတယ်”မိုးမိပြီး ခေါင်းစိုတာ
မသိဘဲ အိပ်ပျော်သွားတာတဲ့၊ မနက်ရောက်တော့တရားခွင်ထွက်လာတဲ့အချိန် ချမ်းလာပြီး ဖျားတာပေါ့၊ မိသားစုဝင်တွေက လိုအပ်တဲ့ဆေးတွေဝယ်ပြီး အကျဉ်းထောင်ဝန်ထမ်းကနေ
တစ်ဆင့် ပေးခဲ့ပါတယ်”လို့တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည်ဖေဖော်ဝါရီလ၁ရက်နေ့ကစတင်ပြီးဖမ်းဆီးခံထား
ရကာပုဒ်မ ၅၀၅(ခ)အပါအဝင်သဘာဝေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မနဲ့ အဂတိအမှုများဖြင့် တရားရင်ဆိုင်နေရတယ်လို့သိရပါတယ်ထို့နောက် ဒေါက်တာဇော်မြင့်မောင်
သည်အိုးဘိုအကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရစဉ်မှာကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့်မန္တလေးဆေးရုံးကြီးသို့တက်ရောက်ကုသမှု ခံယူခဲ့ရတာလည်းဖြစ်ပါတယ်credit