ေနာက္တစ္ေယာက္ရွာေတြလို႔ စြန႔္ပစ္ခံလိုက္ရတဲ့အမ်ိဳးသမီးေတြဖတ္ဖို႔ခ်စ္သူကလာေလာလတ္လတ္စြန႔္ပစ္သြားတဲ့အေျခအေနကိုရင္ဆိုင္ေနရသလား ဒါမွမဟုတ္ျပီးခဲ့တဲ့အတိတ္က စြန႔္ပစ္သြားတဲ့ခ်စ္သူကိုစိတ္မကုန္ေသးဘူးလား

ေနာက္တစ္ေယာက္ေတြလို႔သင့္ကိုထားသြားတာလား အဲဒီလိုအေျခအေနနဲ႔ရင္ဆိုင္ေနရတဲ့အမ်ိဳးသမီးေတြအတြက္အန္တီေမကေအာက္ပါအတိုင္းအႀကံျပဳခ်င္ပါတယ္။

(၁)သင့္ေၾကာင့္မဟုတ္ပါဘူးခ်စ္သူကသင့္ကိုစြန႔္ပစ္သြားတယ္ဆိုရင္သင့္မွာအျပစ္ရွိလို႔မဟုတ္ပါဘူး။သူ႔ရဲ့သစၥာမတည္ျမဲျခင္းရဲ့သက္ေရာက္မွုျဖစ္ပါတယ္။ဒီအတြက္သင္၀မ္းသာရမွာက

အဲဒီလိုေဖာက္လႊဲေဖာက္ျပန္လုပ္တတ္တဲ့သူနဲ႔သင္လမ္းခြဲလိုက္ရျခင္းျဖစ္ပါတယ္။ဒါဟာဘဝတစ္ခုလုံးစြန္းထင္းေစမယ့္ အမဲစက္ကိုေရွာင္ကြင္းနိုင္ျခင္းပါဘဲ

(၂)အခ်ိန္ယူကုစားပါအသဲကြဲတဲ့ဒဏ္ရာကိုကုဖို႔အခ်ိန္လိုအပ္ပါတယ္။ေန႔ခ်င္းညခ်င္းသက္သာေစဖို႔ဆိုတာမျဖစ္နို္င္ပါဘူး။ ခရီးေတြထြက္မယ္၊စာအုပ္ေတြဖတ္မယ္၊သူနဲ ႔ရင္းနီးပတ္သက္ခဲ့ဖူးတဲ့ေနရာေတြ၊

လူေတြကိုေရွာင္မယ္၊သူ႔ထားခဲ့တဲ့အမွတ္တရေတြကိုအေႂကြးမထားပဲတစ္ခါတည္းဖ်က္ဆီးပစ္မယ္ဒါဆိုရင္အခ်ိန္နည္းနည္းပဲလိုပါလိမ့္မယ္။

(၃)လြတ္လပ္ျခင္းဟာရတနာလြတ္လပ္ျခင္းရဲ့အရသာကိုခ်ဳပ္ေႏွာင္ခံရတဲ့သူေတြမွသာသိနိုင္ပါတယ္။သင္ဟာလက္ရွိအခ်ိန္မွာလြတ္လပ္ၿပီျဖစ္ပါတယ္။

သင္လုပ္ခ်င္ရာ၊သင္သြားလိုရာကိုဘယ္သူ႔အတားအဆီးမွမခံဘဲလုပ္နိုင္သြားနိုင္ၿပီျဖစ္ပါတယ္။ဒီအရသာကိုသာသင္အမွန္တကယ္ စြဲလန္းႏွစ္ၿခိဳက္သြားရင္ဒုတိယတစ္ေယာက္ကိုေတာင္ရွာဖို႔ေမ့သြားမွာပါ။

(၄)အစတစ္ခုအတြက္အဆုံးသတ္ျခင္းအသစ္တစ္ခုစဖို႔အေဟာင္းတစ္ခုကပ်က္ေပးရတယ္၊အဆုံးသတ္ေပးရတယ္၊ဒါဟာ ဓမၼတာပါဘဲ။ဒီလိုဓမၼတာတရားနဲ႔အတူဆီးစင္းနိုင္မွလူ႔ဘဝကအန္ဝင္ခြင္က်ရွိတာျဖစ္ပါတယ္။

ဒါကိုေကာင္းေကာင္းနားလည္ထားၿပီဆိုရင္သြားေလသူကိုအမၽွေဝဖို႔တာဝန္ကသင့္တာဝန္ျဖစ္ပါတယ္။သင့္အတြက္အသစ္ေတြျဖစ္ေပၚေစလို႔သူ႔ကိုေက်းဇူးတင္ေၾကာင္း ေျပာလိုက္ပါဦး။ခရစ္တစ္

နောက်တစ်ယောက်ရှာတွေလို့ စွန့်ပစ်ခံလိုက်ရတဲ့အမျိုးသမီးတွေဖတ်ဖို့ချစ်သူကလာလောလတ်လတ်စွန့်ပစ်သွားတဲ့အခြေအနေကိုရင်ဆိုင်နေရသလား ဒါမှမဟုတ်ပြီးခဲ့တဲ့အတိတ်က စွန့်ပစ်သွားတဲ့ချစ်သူကိုစိတ်မကုန်သေးဘူးလား

နောက်တစ်ယောက်တွေလို့သင့်ကိုထားသွားတာလား အဲဒီလိုအခြေအနေနဲ့ရင်ဆိုင်နေရတဲ့အမျိုးသမီးတွေအတွက်အန်တီမေကအောက်ပါအတိုင်းအကြံပြုချင်ပါတယ်။

(၁)သင့်ကြောင့်မဟုတ်ပါဘူးချစ်သူကသင့်ကိုစွန့်ပစ်သွားတယ်ဆိုရင်သင့်မှာအပြစ်ရှိလို့မဟုတ်ပါဘူး။သူ့ရဲ့သစ္စာမတည်မြဲခြင်းရဲ့သက်ရောက်မှုဖြစ်ပါတယ်။ဒီအတွက်သင်ဝမ်းသာရမှာက

အဲဒီလိုဖောက်လွှဲဖောက်ပြန်လုပ်တတ်တဲ့သူနဲ့သင်လမ်းခွဲလိုက်ရခြင်းဖြစ်ပါတယ်။ဒါဟာဘဝတစ်ခုလုံးစွန်းထင်းစေမယ့် အမဲစက်ကိုရှောင်ကွင်းနိုင်ခြင်းပါဘဲ

(၂)အချိန်ယူကုစားပါအသဲကွဲတဲ့ဒဏ်ရာကိုကုဖို့အချိန်လိုအပ်ပါတယ်။နေ့ချင်းညချင်းသက်သာစေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ခရီးတွေထွက်မယ်၊စာအုပ်တွေဖတ်မယ်၊သူနဲ့ရင်းနီးပတ်သက်ခဲ့ဖူးတဲ့နေရာတွေ၊

လူတွေကိုရှောင်မယ်၊သူ့ထားခဲ့တဲ့အမှတ်တရတွေကိုအကြွေးမထားပဲတစ်ခါတည်းဖျက်ဆီးပစ်မယ်ဒါဆိုရင်အချိန်နည်းနည်းပဲလိုပါလိမ့်မယ်။

(၃)လွတ်လပ်ခြင်းဟာရတနာလွတ်လပ်ခြင်းရဲ့အရသာကိုချုပ်နှောင်ခံရတဲ့သူတွေမှသာသိနိုင်ပါတယ်။သင်ဟာလက်ရှိအချိန်မှာလွတ်လပ်ပြီဖြစ်ပါတယ်။

သင်လုပ်ချင်ရာ၊သင်သွားလိုရာကိုဘယ်သူ့အတားအဆီးမှမခံဘဲလုပ်နိုင်သွားနိုင်ပြီဖြစ်ပါတယ်။ဒီအရသာကိုသာသင်အမှန်တကယ် စွဲလန်းနှစ်ခြိုက်သွားရင်ဒုတိယတစ်ယောက်ကိုတောင်ရှာဖို့မေ့သွားမှာပါ။

(၄)အစတစ်ခုအတွက်အဆုံးသတ်ခြင်းအသစ်တစ်ခုစဖို့အဟောင်းတစ်ခုကပျက်ပေးရတယ်၊အဆုံးသတ်ပေးရတယ်၊ဒါဟာ ဓမ္မတာပါဘဲ။ဒီလိုဓမ္မတာတရားနဲ့အတူဆီးစင်းနိုင်မှလူ့ဘဝကအန်ဝင်ခွင်ကျရှိတာဖြစ်ပါတယ်။

ဒါကိုကောင်းကောင်းနားလည်ထားပြီဆိုရင်သွားလေသူကိုအမျှဝေဖို့တာဝန်ကသင့်တာဝန်ဖြစ်ပါတယ်။သင့်အတွက်အသစ်တွေဖြစ်ပေါ်စေလို့သူ့ကိုကျေးဇူးတင်ကြောင်း ပြောလိုက်ပါဦး။ခရစ်တစ်

LEAVE A REPLY

Please enter your comment!
Please enter your name here