သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောယတြာများမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကဗေဒင် ကျွမ်းကျင်သောပုဏ္ဏားမိသားစုရှိရာတွင်ပုဏ္ဏားကြီးသည်မိမိကိုယ်ကိုဗေဒင်တွက်ကြည့်ရာအသက်(၆၀)ပြည့်သည့်နေ့တွင်သေရမည်ကိုသိလေ၏။
ထိုအခါမတ်စွာဘုရားကိုမကိုးကွယ်သော်လည်းသေရမည်ကိုကြောက်လန့်၍ဘုရားထံသွားလေ၏ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားကမှန်၏အသက်(၆၀) နေမွန်းတည့်ချိန်တွင်သေမည်။သေလျှင်မြောက်ဘက်တောတန်းတွင်မျောက်ဖြစ်လိမ့်
မည်ဟုဟောကြားလိုက်လေသည်။ပုဏ္ဏားလည်းအိမ်ပြန်ပြီမျောက်ဘဝ၌စားရန်တာတန်းတွင်ဥယျာဉ်စိုက်၊နေရန်ဇရပ်ဆောက်၊ရေတွင်းတူးလမ်းဖောက်၊တံတားဆောက်စသည်တို့ကိုလုပ်သော်ထိုအတွက်ကြောင့်လူအများ သွားလာရပ်နားမှုအဆင်ပြေနေတော့သည်။
အသက်၆၀ပြည့်၍မသေသောအခါဘုရားရှင်ထံသွားရောက်အပြစ်တင်လေ၏။မြတ်စွာဘုရားကကိုယ်ကျိုးအတွက်ဟုတ်ဘဲအများအတွက်ပြုလုပ်ပေးသောအောက်ပါကုသိုလ်များသည်သေနေ့ကိုပင်ရွှေ့ပစ်နိုင်သည်ဟုဟာပြလေရာပုဏ္ဏား
မိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍သောတာပန် တည်လေ၏။(၁) အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း(၂) အများစားသုံးရန် အရန်စိုက်ခြင်း(၃) အများနေရန် ဇရပ်ဆောက်ပေးခြင်း(၄) အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း(၅) အများ
သွားလာနိုင်ရန် တံတားဆောက်ပေးခြင်း(၆) အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်းမှတ်ချက်အရန်စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင်စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။
သနေ့ကို ရွှေ့နိုင်သောကုသိုလ်ထူးများရရှိနိုင်ကြပါစေသီတဂူဆရာတော်ဘုရားဟောကြားတော်မူအပ်သောအာယုဒီဃ (၆)ပါးကို အကျဉ်းဖော်ပြခြင်း ဖြစ်ပါသည်။ခရစ်စတစ်