ေသာ့တံေတြကေျပာေနတဲ့သင့္အေၾကာင္း.ဒီပုံကိုေသခ်ာၾကည့္ပါ။ ေသတၱာတစ္လုံးရွိပါတယ္။ဒီေသတၱာကိုဖြင့္ဖို့ ေပးထားတဲ့ ေသာ့တံ(၆)ေခ်ာင္းထဲကသင္အႀကိဳက္ဆုံး ေသာ့တံတစ္ေခ်ာင္းကို ေရြးခ်ယ္လိုက္ပါ။ ၿပီးရင္အေျဖကိုဖတ္ၾကည့္လိုက္ပါ။သင္အႀကိဳက္ဆံု
ေသာ့တံကေသာ့တံ(၁)လွလွပပ ေသာ့တံေတြအမ်ားႀကီးထဲကအရိုးရွင္းဆုံး ေသာ့တံကို ေရြးခ်ယ္လိုက္တဲ့သင္ဟာဒီေသာ့တံရဲ့အသုံးဝင္ပုံကိုပဲအဓိကထားစဥ္းစားတတ္တဲ့လူျဖစ္ေနလို့ပါ။ဒါကဘာကိုေဖာ္ျပသလဲဆိုေတာ့သင္ဟာ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးတတ္သူမ်ိဳးလက္ေတြ႕က်က်စဥ္းစားတတ္တဲ့သူဆိုတာကို ေဖာ္ျပေနပါတယ္။
ဒါေပမယ့္လည္း တခါတရံမွာသင္ဟာ စိတ္ထား ေပ်ာ့ညံ့တဲ့လူျဖစ္ သြားတတ္ပါေသးတယ္။ေသာ့တံ (၂)ဒီေသာ့ကိုေရြးခ်ယ္လိုက္တဲ့ သင္ဟာဘာသာေရး၊ ေမွာ္ဆိုင္ရာနယ္ပယ္ေတြကိုယုံၾကည္တတ္ၿပီး ခိုင္မာတဲ့စိတ္ထားနဲ႔ တီထြင္ဉာဏ္ရွိသူေတြျဖစ္တယ္။
လိုခ်င္တာကိုရယူနိုင္ေလ့ရွိၿပီးခံယူခ်က္ကေတာ့ ခ်ဳပ္ေႏွာင္မွုေတြကို မႏွစ္ၿမိဳ့ဘဲ လြတ္လပ္မွုကိုခုံမင္ၾကသူေတြျဖစ္တယ္။ေသာ့တံ (၃)သင္ဟာ ေတြ႕ရခဲတဲ့ပုံစံနဲ႔ေသာ့မ်ိဳးကို ေရြးခ်ယ္လိုက္တာျဖစ္ပါတယ္ဒီလိုလူေတြဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မွုရွိတယ္။ ကိုယ့္ကိုယ္ကို ယုံၾကည္တယ္။
တကယ္ေတာ့ဒီေသာ့ဟာ ေသတၱာကို ေသခ်ာေပါက္ဖြင့္နိုင္မယ္လို့ ရာႏွုန္းျပည့္မေသခ်ာပါဘူး။ဒါေပမယ့္ ကိုယ္ယုံၾကည္ရာကိုခပ္ရဲရဲပဲ ေရြးခ်ယ္လိုက္တာမ်ိဳးပါ။ဆုံးျဖတ္ခ်က္ျပတ္သားၿပီးစိတ္ကူးအဆန္းေတြစိန္ေခၚမွုအသစ္အဆန္းေတြကို ေရြးခ်ယ္ဖို့ ေနာက္မတြန႔္တတ္ၾကသူေတြျဖစ္တယ္
။ေသာ့တံ(၄)သစ္ရြက္ ၄ရြက္ဆိုင္ လက္ကိုင္ပုံစံပါတဲ့ ေသာ့ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ဒီလိုလူေတြဟာ အေကာင္းျမင္တတ္ၾကသူေတြျဖစ္ၿပီး ေပါ့ေပါ့ပါးပါးစိတ္ထားနိုင္ၾကသူေတြျဖစ္ပါတယ္။တခါတရံမွာေတာ့အဲ့ဒီအေကာင္းျမင္ေပးတတ္တဲ့စိတ္ေၾကာင့္ပဲ အခြင့္အေရးယူခံရတာေတြ၊ ဒုကၡေရာက္ရတာေတြလည္း ၾကဳံရေလ့ရွိပါတယ္
။ေသာ့တံ(၅)ဒ႑ာရီဆန္ဆန္ အလွအပေတြျခယ္သထားတဲ့ ေသာ့တံကိုေရြးခ်ယ္လိုက္တဲ့သင္ဟာကိုယ္ပိုင္ဟန္တစ္ခုနဲ႔ ေနထိုင္တတ္သူျဖစ္ၿပီးဆန္ူျပားတဲ့ စိတ္ကူးေတြရွိေနတတ္ပါတယ္။ ဒါေပမဲ့လည္း တခါတရံမွာ သင့္ရဲ့ေနထိုင္ပုံဟာတစ္ကိုယ္ေကာင္းဆန္ေနသလို ျဖစ္သြားတတ္ပါတယ္။
အလြယ္တကူ မယုံၾကည္တတ္တဲ့ပုံစံေၾကာင့္တခါတရံမွာ ေဘးဖယ္ခံရတတ္ပါတယ္။ေသာ့တံ(၆)သင္ဟာ ေတာ္ဝင္ဟန္ရွိတဲ့ ေသာ့တံကိုေရြးခ်ယ္လိုက္တာ ျဖစ္ပါတယ္။သင္ဟာအေတြးအေခၚေကာင္းၿပီးကိစၥတိုင္းကိုအက်ိဳးသင့္အေၾကာင္းသင့္ ဆုံးျဖတ္လက္ခံတတ္သူျဖစ္ပါတယ္။
အလုပ္မွာစိတ္ပါလက္ပါစိတ္ႏွစ္ၿပီးလက္ကိုင္တတ္သူျဖစ္ေပမဲ့လည္းအဆင္ေျပေနတဲ့ေနရာတစ္ခုကေန ေနာက္တစ္ခုကိုကူးေျပာင္းဖို့ဆိုရင္ တုံ႔ဆိုင္းေနတတ္သူေတြျဖစ္ပါတယ္။ လူတိုင္းအေပၚမွာ ေစတနာထားတတ္ၿပီးတူညီတဲ့တုံ႔ျပန္မွုကိုပဲ ေမၽွာ္လင့္တတ္သူျဖစ္ပါတယ္။CreditShwemomမူရင္းေရးသားသူအားေလးစားစြာျဖင့္
သော့တံတွေကပြောနေတဲ့သင့်အကြောင်း.ဒီပုံကိုသေချာကြည့်ပါ။ သေတ္တာတစ်လုံးရှိပါတယ်။ဒီသေတ္တာကိုဖွင့်ဖို့ ပေးထားတဲ့ သော့တံ(၆)ချောင်းထဲကသင်အကြိုက်ဆုံး သော့တံတစ်ချောင်းကို ရွေးချယ်လိုက်ပါ။ ပြီးရင်အဖြေကိုဖတ်ကြည့်လိုက်ပါ။သင်အကြိုက်ဆုံ
သော့တံကသော့တံ(၁)လှလှပပ သော့တံတွေအများကြီးထဲကအရိုးရှင်းဆုံး သော့တံကို ရွေးချယ်လိုက်တဲ့သင်ဟာဒီသော့တံရဲ့အသုံးဝင်ပုံကိုပဲအဓိကထားစဉ်းစားတတ်တဲ့လူဖြစ်နေလို့ပါ။ဒါကဘာကိုဖော်ပြသလဲဆိုတော့သင်ဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်သူမျိုးလက်တွေ့ကျကျစဉ်းစားတတ်တဲ့သူဆိုတာကို ဖော်ပြနေပါတယ်။
ဒါပေမယ့်လည်း တခါတရံမှာသင်ဟာ စိတ်ထား ပျော့ညံ့တဲ့လူဖြစ် သွားတတ်ပါသေးတယ်။သော့တံ (၂)ဒီသော့ကိုရွေးချယ်လိုက်တဲ့ သင်ဟာဘာသာရေး၊ မှော်ဆိုင်ရာနယ်ပယ်တွေကိုယုံကြည်တတ်ပြီး ခိုင်မာတဲ့စိတ်ထားနဲ့ တီထွင်ဉာဏ်ရှိသူတွေဖြစ်တယ်။
လိုချင်တာကိုရယူနိုင်လေ့ရှိပြီးခံယူချက်ကတော့ ချုပ်နှောင်မှုတွေကို မနှစ်မြို့ဘဲ လွတ်လပ်မှုကိုခုံမင်ကြသူတွေဖြစ်တယ်။သော့တံ (၃)သင်ဟာ တွေ့ရခဲတဲ့ပုံစံနဲ့သော့မျိုးကို ရွေးချယ်လိုက်တာဖြစ်ပါတယ်ဒီလိုလူတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။
တကယ်တော့ဒီသော့ဟာ သေတ္တာကို သေချာပေါက်ဖွင့်နိုင်မယ်လို့ ရာနှုန်းပြည့်မသေချာပါဘူး။ဒါပေမယ့် ကိုယ်ယုံကြည်ရာကိုခပ်ရဲရဲပဲ ရွေးချယ်လိုက်တာမျိုးပါ။ဆုံးဖြတ်ချက်ပြတ်သားပြီးစိတ်ကူးအဆန်းတွေစိန်ခေါ်မှုအသစ်အဆန်းတွေကို ရွေးချယ်ဖို့ နောက်မတွန့်တတ်ကြသူတွေဖြစ်တယ်
။သော့တံ(၄)သစ်ရွက် ၄ရွက်ဆိုင် လက်ကိုင်ပုံစံပါတဲ့ သော့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလူတွေဟာ အကောင်းမြင်တတ်ကြသူတွေဖြစ်ပြီး ပေါ့ပေါ့ပါးပါးစိတ်ထားနိုင်ကြသူတွေဖြစ်ပါတယ်။တခါတရံမှာတော့အဲ့ဒီအကောင်းမြင်ပေးတတ်တဲ့စိတ်ကြောင့်ပဲ အခွင့်အရေးယူခံရတာတွေ၊ ဒုက္ခရောက်ရတာတွေလည်း ကြုံရလေ့ရှိပါတယ်
။သော့တံ(၅)ဒဏ္ဍာရီဆန်ဆန် အလှအပတွေခြယ်သထားတဲ့ သော့တံကိုရွေးချယ်လိုက်တဲ့သင်ဟာကိုယ်ပိုင်ဟန်တစ်ခုနဲ့ နေထိုင်တတ်သူဖြစ်ပြီးဆန်ူပြားတဲ့ စိတ်ကူးတွေရှိနေတတ်ပါတယ်။ ဒါပေမဲ့လည်း တခါတရံမှာ သင့်ရဲ့နေထိုင်ပုံဟာတစ်ကိုယ်ကောင်းဆန်နေသလို ဖြစ်သွားတတ်ပါတယ်။
အလွယ်တကူ မယုံကြည်တတ်တဲ့ပုံစံကြောင့်တခါတရံမှာ ဘေးဖယ်ခံရတတ်ပါတယ်။သော့တံ(၆)သင်ဟာ တော်ဝင်ဟန်ရှိတဲ့ သော့တံကိုရွေးချယ်လိုက်တာ ဖြစ်ပါတယ်။သင်ဟာအတွေးအခေါ်ကောင်းပြီးကိစ္စတိုင်းကိုအကျိုးသင့်အကြောင်းသင့် ဆုံးဖြတ်လက်ခံတတ်သူဖြစ်ပါတယ်။
အလုပ်မှာစိတ်ပါလက်ပါစိတ်နှစ်ပြီးလက်ကိုင်တတ်သူဖြစ်ပေမဲ့လည်းအဆင်ပြေနေတဲ့နေရာတစ်ခုကနေ နောက်တစ်ခုကိုကူးပြောင်းဖို့ဆိုရင် တုံ့ဆိုင်းနေတတ်သူတွေဖြစ်ပါတယ်။ လူတိုင်းအပေါ်မှာ စေတနာထားတတ်ပြီးတူညီတဲ့တုံ့ပြန်မှုကိုပဲ မျှော်လင့်တတ်သူဖြစ်ပါတယ်။CreditShwemomမူရင်းရေးသားသူအားလေးစားစွာဖြင့်