သေပြီးသားလူတစ်ယောက်ကသင့်ကိုအိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားတဲ့ပုံစံ(၇)မျိုးကိုယ့်ဆွေမျိုးသားချင်းတွေထဲကအသိမိတ်ဆွေတွေထဲကတစ်ယောက်ယောက်သေဆုံးသွားပြီးတဲ့အခါသူတို့ကို သတိရတဲ့စိတ်ကတော်တော်နဲ့
မလျော့သွားပါဘူး။ပြီးတော့သေဆုံးပြီးတဲ့သူကအသက်ရှင်ကျန်ရစ်တဲ့သူတွေကို အိပ်မက်ပေးပြီးဆက်သွယ်ဖို့ကြိုးစားတတ်ကြတယ်လို့လည်းယူဆတတ်ကြပါတယ်တကယ်ရောအဲ့ဒီလိုအဖြစ်မျိုးရှိပါ့မလားဆိုတာကတော့စဉ်းစားစရာပါပဲ။
ဘာပဲပြောပြောဆုံးပါးသွားတဲ့တစ်စုံတစ်ယောက်ကသင့်ကို အိပ်မက်ကတဆင့်ဆက်သွယ်ဖို့ကြိုးစားလာရင်ဒီအချက်လေးတွေကြုံရတတ်ပါတယ်တဲ့နော်(၁)အိပ်မက်တဲ့အကြောင်းအရာအသေးစိတ်ကိုမှတ်မိနေတယ်မနက်နိုးလာတဲ့
အချိန်မှာအိပ်မက်မက်တဲ့အကြောင်းအရာတွေကိုမေ့သွားတတ်ကြပါတယ်မှတ်မိရင်တောင်ဇဝေဇဝါဖြစ်နေတုန်းပါအဲ့ဒီလိုမဟုတ်ဘဲသေဆုံးပြီးသားသူကိုလည်းအိမ်မက်မက်တယ်၊အကြောင်းအရာအသေးစိတ်ကိုလည်းမှတ်မိနေတယ်ဆို
ရင်သူတို့တွေသင့်ကိုတစ်ခုခုပြောချင်နေလို့ဆက်သွယ်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်(၂)အိပ်မက်ကနိုးလာချိန်မှာတစ် ယောက်ယောက်စိုက်ကြည့်နေသလိုခံစားရတယ်ကိုယ်ချစ်ခင်ရတဲ့သူတွေဆုံးပါးသွားခဲ့ပေမယ့်သူတို့တွေကိုယ့်အနားမှာ
ရှိနေတုန်းပဲလို့စိတ်ထဲကနေထင်နေတတ်ပါတယ်။ပြီးတော့ညအိပ်တဲ့အခါသူတို့ကိုအိပ်မက်မက်ပြီးလန့်နိုးလာတဲ့အချိန်မှာဘေးနားကနေတစ်ယောက်ယောက်ကြည့်နေသလိုခံစားချက်မျိုးဖြစ်တတ်ပါတယ်အဲ့ဒီလိုဖြစ်တာကသူတို့တွေသင့်ကို
အိပ်မက်ကနေတဆင့်ဆက်သွယ်ဖို့ကြိုးစားနေလို့ပါတဲ့၃အိပ်မက်တစ်ခုပြီးတစ်ခုဆက်စပ်ပြီးမက်တယ်တစ်ညတည်းမှာအိပ်မက်တစ်ခုနဲ့တစ်ခုအဆက်အစပ်လေးတွေနဲ့မက်နေတယ်ဆိုရင်လည်းဒါကသင့်ကိုဆက်သွယ်ဖို့အကြောင်းအရာ
တစ်ခုလို့ ပြောလို့ရပါတယ်(၄)အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေပြီး သက်တောင့်သက်သာဖြစ်နေမယ်သေဆုံးပြီးတဲ့သူတွေကိုအိပ်မက်မက်ပြီးမနက်အိပ်ရာနိုးလာတဲ့အခါကြည်လင်လန်းဆန်းနေမယ်။
သက်တောင့်သက်သာဖြစ်နေမယ်ဆိုရင်သူတို့တွေကသင့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့စိုးရိမ်နေပြီးသင့်ကိုမပင်ပန်းစေချင်တာကြောင့်ကောင်းကောင်းအနားရအောင်ကူညီပေးတယ်လို့ ဆိုကြပါတယ်(၅)သူတို့တွေကိုနဂိုထက်
ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးတွေ့ရတယ်အိပ်မက်ထဲမှာသူတို့သေဆုံးချိန်တုန်းကထက်ပိုငယ်ရွယ်နုနယ်တဲ့ပုံစံမျိုးမြင်တွေ့ရတယ်ဆိုရင်၊ကျန်းမာရေးကောင်းတဲ့ပုံစံမျိုးကိုတွေ့ရတယ်ဆိုရင်သူတို့ကိုသတိရနေတာကို
သူတို့ကလည်းသိတယ်ဆိုတဲ့အကြောင်းအသိပေးတာပါတဲ့။ပြီးတော့သင့်ကိုလည်းပျော်ပျော်နေစေချင်တယ်လို့ ပြောချင်တာပါတဲ့နော်(၆) အိပ်မက်လို့မထင်ရဘူး၊တကယ့်အဖြစ်အပျက်လို့ထင်ရတယ်တခါတလေသေသွားပြီးသားလူကို
အိပ်မက်မက်တဲ့အခါအိပ်မက်လို့မထင်ရဘဲတကယ့်အဖြစ်အပျက်လို့ထင်ရတဲ့အခါမျိုးတွေရှိပါတယ်။အနံအသက်၊အသံ၊မြင်ကွင်းနဲ့ခံစားချက်တွေကတကယ့်အပြင်မှာဖြစ်နေသလိုမျိုး
ထင်ရရင်သူတို့တွေ သင်နဲ့အနီးနားတဝိုက်မှာရှိနေပြီး သင်နဲ့ဆက်သွယ်ချင်လို့ ဖြစ်နိုင်ပါတယ်(၇) စကားပြောတယ်သေဆုံးပြီးတဲ့လူကအိပ်မက်ထဲမှာစကားပြောတယ်ဆိုရင်၊သူတို့အသံကိုကောင်းကောင်းကြားရတယ်လို့
မက်ရင်သူတို့လက်ရှိရောက်နေတဲ့နေရာမှာအဆင်ပြေနေပြီဆိုတဲ့အဓိပ္ပါယ်ပါ။ သူတို့ကိုမစိုးရိမ်ဖို့၊စိတ်မပူနဲ့တော့လို့ပြောချင်တာပဲဖြစ်ပါတယ်တဲ့ credit MAY THAZINHTOO