ခြေ၊လက်ထုံကျင်ခြင်းဖြစ်တတ်လျှင်ဆေးနည်းမနက်အိပ်ရာထချိန်များမှာလက်ချောင်းလေးတွေတင်းနေပြီးလေ့ကျင့် ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီးရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။
ဒီဆေးနည်းလေးကတော့တစ်နေကုန်ထိုင်ပြီးအလုပ်လုပ်နေရသူများဖြစ်ကြတဲ့ရုံးသမားများစက်ချုပ်သမားများစားဝတ် နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲမှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။
ဒီလိုမျိုးတွေဖြစ်လာတဲ့အခါဆေးလိမ်း၍မသက်သာဘဲဖြစ်တတ်ပါတယ်နွေရာသီမှာခံနိုင်ပေမယ့်မိုးနဲ့ဆောင်းမှာတော့ထုံ ကျဉ်တဲ့ဝေဒနာများဟာပို၍ဆိုးရွားလာကာလေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။တစ်ခြားနည်းတွေလည်းရှိပေမယ့်ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီ
ပြုလုပ်ပုံကလည်းမခခဲတာမို့ကိုယ်တိုင်ရောဂါမဖြစ်လို့အသုံးမပြုခဲ့ရင်တောင်တစ်ခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့်တင်ပြပေးတာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ချင်းတက်၊စပါးလင်၊ သံပု ရာသီးတို့ပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။
ပြီးတဲ့အခါချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊အဲဒီထောင်းထားပြီးသားနှစ်မျိုးထဲကိုသံပုရာသီးနှစ်လုံးလောက်ကိုအ ရည်ညှစ်ထည့်ပြီးလက်ဖြင့်နယ်ပေးရပါမယ်။ပေါင်းစပ်နယ်ထားတဲ့အတွက်ထွက်လာတဲ့အရည်များကိုညအိပ်ရာဝင်ချိန်တွင်ပေါင်တံရင်းမှနေ၍ခြေဖျားအထိအထက်မှအောက်ကိုပူလာတိုင်းလိမ်းပေးပြီးမှအိပ်ရာဝင်ရပါမယ်။
သုံးလေးရက်ဆက်တိုက်နေ့တိုင်းလိမ်းပေးပါကထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ်စပါးလင်၊ချင်းသံပုရာသီးတို့ကတေ ာ့ ရှာဖွေရတာလွယ်ကူတဲ့အတွက်ပို၍အသုံးပြုနိုင်မယ့်ဆေးနည်းလေးလို့ပြောချင်ပါတယ်ထံုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ။ခရက်ဒစ်ပါ