ေမးထားျကသူမ်ားအတြက္ #ျကာဇံခ်က္ 👇

“ ျကာဇံခ်က္ ခ်က္နည္း ´´

~ျကြက္နားရြက္မႈိေျခာက္ ပန္းေျခာက္ ျကက္ေတာင္ပံတု နဲ႕ ပဲျပားလိပ္ ေလးမ်ိုးကို ေရစိမ္ထားေပးပါ။ ပန္းေျခာက္ကလဲြျပီး က်န္သံုးမ်ိုးကို ၅မိနစ္တစ္ခါ စိမ္ထားေသာ ေရမ်ားသြန္ျပီး ေရအသစ္လဲ၍ ျပန္စိမ္ထားေပးပါ။ ဆိုးေဆးေတြပါနုိင္လို့ပါ။ ေရ ၃ခါေလာက္လဲေပးျပီးရင္ ဇကာျဖင့္ေရစစ္ျပီး ကတ္ေျကးျဖင့္ အေနေတာ္အရြယ္ညွပ္ထားေပးပါ။

~ျကက္သား(သို့)ျကက္ရုိး ကို ဆား ဆႏြင္း အရသာမႈန့္ နယ္ထားပါ။

~ျကက္သြန္ျဖဴနီေထာင္းထားေပးပါ။ ျကက္သြန္ဥအလံုးလိုက္ အခြံခြာထားေပးပါ။

~ပဲျကာဇံေရစိမ္ထားေပးပါ။

~ျကက္သားကို ဂ်င္း သျကား ေရ ျကက္သြန္ဥအလံုးလိုက္ ထည့္ျပီး တစ္နာရီခန့္ ျပုတ္ေပးပါ။ အေပၚမွ ေဝ့တက္လာေသာ အမဲဖတ္မ်ား ခပ္ထုပ္ပစ္ပါ။ ျကက္သားနူးအိျပီဆို ဟင္းအိုးခ်ပါ။ ဆီအနီရဖို့ ျပင္ဆင္ပါ့မယ္။

~ေထာင္းထားေသာျကက္သြန္ျဖဴနီ ကို ဆီသပ္ပါ။ ျကက္သြန္ျကြပ္ခါနီးမွ ငရုတ္အေရာင္တင္မႈန့္ထည့္ပါ။ အနံ႕ပိုေမႊးေစဖို့ ငံျပာရည္အနည္းငယ္ထည့္ျပီးဆီသတ္ပါ။ ျကက္သြန္မတူးဖို့သတိျပုပါ။

~ခုနကျပုတ္ထားေသာျကက္သားအရည္အိုးထဲသို့ ခ်က္ထားေသာ ဆီအနီဇြန္းျဖင့္ခပ္ထည့္ျပီး ဟင္းအိုးဆူသည္ထိျပန္တည္ပါမယ္။ ျကက္ျပုတ္ရည္ နည္းေနရင္ ေရထပ္ထည့္လို့ရပါတယ္။

~ျကက္ျပုတ္ရည္အိုးလည္းဆူျပီဆို ျကြက္နားရြက္မႈိမ်ားထည့္ပါ။ ေနာက္၅မိနစ္အျကာမွ ပန္းေျခာက္ ပဲလိပ္ နဲ႕ ျကက္ေတာင္ပံတုမ်ားထည့္ပါ။ ဆား အရသာမႈန့္ နဲ႕ ငရုတ္ေကာင္းမႈန့္ထည့္ျပီး ပြက္ပြက္ဆူသည္အထိတည္ပါ။ ေနာက္ဆံုးမွ ပဲျကာဇံထည့္ပါ။ ၂မိနစ္ခန့္အျကာမွာ ဟင္းအိုးမီးပိတ္လို့ရပါျပီ။ လိုအပ္ေသာ အရသာစိတ္ျကိုက္ျပင္ဆင္ပါ။

~ျကာဇံခ်က္တစ္ပဲြစာျပင္ဆင္ျပီး နံနံပင္ ျကက္သြန္နီ သံပုရာသီး ငံျပာရည္ ငရုတ္သီးမႈန့္ တို့ျဖင့္ တဲြဖက္စားလို့ရပါျပီ။ အဆင္ေျပျကပါေစေနာ္ 🙂

မေးထားကြသူများအတွက် #ကြာဇံချက် 👇

“ ကြာဇံချက် ချက်နည်း ´´

~ကြွက်နားရွက်မှိုခြောက် ပန်းခြောက် ကြက်တောင်ပံတု နဲ့ ပဲပြားလိပ် လေးမျိုးကို ရေစိမ်ထားပေးပါ။ ပန်းခြောက်ကလွဲပြီး ကျန်သုံးမျိုးကို ၅မိနစ်တစ်ခါ စိမ်ထားသော ရေများသွန်ပြီး ရေအသစ်လဲ၍ ပြန်စိမ်ထားပေးပါ။ ဆိုးဆေးတွေပါနိုင်လို့ပါ။ ရေ ၃ခါလောက်လဲပေးပြီးရင် ဇကာဖြင့်ရေစစ်ပြီး ကတ်ကြေးဖြင့် အနေတော်အရွယ်ညှပ်ထားပေးပါ။

~ကြက်သား(သို့)ကြက်ရိုး ကို ဆား ဆနွင်း အရသာမှုန့် နယ်ထားပါ။

~ကြက်သွန်ဖြူနီထောင်းထားပေးပါ။ ကြက်သွန်ဥအလုံးလိုက် အခွံခွာထားပေးပါ။

~ပဲကြာဇံရေစိမ်ထားပေးပါ။

~ကြက်သားကို ဂျင်း သကြား ရေ ကြက်သွန်ဥအလုံးလိုက် ထည့်ပြီး တစ်နာရီခန့် ပြုတ်ပေးပါ။ အပေါ်မှ ဝေ့တက်လာသော အမဲဖတ်များ ခပ်ထုပ်ပစ်ပါ။ ကြက်သားနူးအိပြီဆို ဟင်းအိုးချပါ။ ဆီအနီရဖို့ ပြင်ဆင်ပါ့မယ်။

~ထောင်းထားသောကြက်သွန်ဖြူနီ ကို ဆီသပ်ပါ။ ကြက်သွန်ကြွပ်ခါနီးမှ ငရုတ်အရောင်တင်မှုန့်ထည့်ပါ။ အနံ့ပိုမွှေးစေဖို့ ငံပြာရည်အနည်းငယ်ထည့်ပြီးဆီသတ်ပါ။ ကြက်သွန်မတူးဖို့သတိပြုပါ။

~ခုနကပြုတ်ထားသောကြက်သားအရည်အိုးထဲသို့ ချက်ထားသော ဆီအနီဇွန်းဖြင့်ခပ်ထည့်ပြီး ဟင်းအိုးဆူသည်ထိပြန်တည်ပါမယ်။ ကြက်ပြုတ်ရည် နည်းနေရင် ရေထပ်ထည့်လို့ရပါတယ်။

~ကြက်ပြုတ်ရည်အိုးလည်းဆူပြီဆို ကြွက်နားရွက်မှိုများထည့်ပါ။ နောက်၅မိနစ်အကြာမှ ပန်းခြောက် ပဲလိပ် နဲ့ ကြက်တောင်ပံတုများထည့်ပါ။ ဆား အရသာမှုန့် နဲ့ ငရုတ်ကောင်းမှုန့်ထည့်ပြီး ပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပဲကြာဇံထည့်ပါ။ ၂မိနစ်ခန့်အကြာမှာ ဟင်းအိုးမီးပိတ်လို့ရပါပြီ။ လိုအပ်သော အရသာစိတ်ကြိုက်ပြင်ဆင်ပါ။

~ကြာဇံချက်တစ်ပွဲစာပြင်ဆင်ပြီး နံနံပင် ကြက်သွန်နီ သံပုရာသီး ငံပြာရည် ငရုတ်သီးမှုန့် တို့ဖြင့် တွဲဖက်စားလို့ရပါပြီ။ အဆင်ပြေကြပါစေနော် 🙂

LEAVE A REPLY

Please enter your comment!
Please enter your name here