ဖြစ်ရပ်မှန်ဝမ်းတွင်းစုန်းမကြီးကြောက်တတ်သူများညမဖတ်ရဝမ်းတွင်းစုန်းကိုယုံပါတယ် နယ်မှာနေတုန်းကအိမ်မှာဈေးဆိုင်ဖွင့်တာ တော်တော်များများကပြောကျတယ် အဲ့မိန်းမအကြွေးဝယ်ရင်မရောင်းနဲ့နော်တဲ့လက်ခက်တယ်တဲ့ကိုယ်တွေသနားလို့အမေမသိအောင်ရောင်းတော့ဘာမှမဖစ်ဘူး
တနေ့အမေရောင်းနေတဲ့အချိန်ဆန်လာဝယ်တာ အမေကအရင်အကြွေးတွေလည်းစာအုပ်ထဲတွေ့တယ် အခုတော့မရောင်းနိုင်တော့ဘူးပြောတာ စိတ်ဆိုးပြီးဆိုင်ရှေ့မြေကြီးကိုဖနောင့်နဲ့ပေါက်ခဲ့တာတဲ့ အမေဆိုတာနေမကောင်းတာတရှောင်ရှောင် ဆေးခန်းတွေဆေးရုံတွေလည်းစုံနေပီ
တခါတခါအမေကစိတ်လွတ်သလိုမျိုး အိမ်ပေါ်ကခုန်ချမယ်ဖစ်သေးတာ အဖေဆုံးတာ ကိုယ်တောင်မမွေးခင်ကဆိုတော့ အမေပဲမှီခိုနေရတာအရူးလိုပဲ၇တန်းနဲ့ကျောင်းရယ်အမေရယ် ဆိုင်ရယ်နဲ့ပြေးလွှားနေရတာ လမ်းထဲကတော်တော်များများကလည်းသနားလို့ကူညီကျပါတယ်
တနေ့တော့ လမ်းထဲကသီလရှင်စာသင်တိုက်ကို တခြားရက်ကွက်ကအန်တီတယောက်ကဆိုက်ကားနဲ့လာတယ် သီလရှင်စာသင်တိုက်အုပ်ဆရာကြီးလည်းအခုထိကိုယ့်ကိုတော်တော်ချစ်တာ ကိုယ်တွေအကြောင်းစကားစပ်မိလို့ပြောဖစ်တာလားဘာလားတော့မသိဘူး ညနေကျတော့ သမီးရေ မနက်ဖြန်မွန်းမလွဲခင် နင့်အမေခေါ်ပီး
ဆရာမဒေါ်ရီဆီခေါ်သွားလိုက်ဦးနော်တဲ့ခေါ်ပြောတယ်ဟုတ်ဆရာကြီးပေါ့ဘာလို့ငါတို့သားအမိကိုခေါ်လည်းမသိဘူးတွေးနေတာ အမေ့ကိုအိမ်ရောက်တော့မနက်ဖြန်ဆရာကြီးကအဲ့အိမ်သွားခိုင်းတယ်သွားရမယ်အမေလို့ပြောလိုက်တယ်မနက်ကျ အမေနဲ့သွားတာပေါ့ဟိုရောက်တော့ ဖွားရီကထိုင်နေတယ်လာသမီးလေးတဲ့အမေနဲ့အတူဘုရားရှစ်ခိုးလိုက်အရင်တဲ့
အဲ့တော့မှသိတာ ဖွားရီကဘုရားတရားအရမ်းလုပ် ဘုရားတွေအဓိဌာန်နဲ့တည် ပြုပြင် အိမ်မှာလည်း လူရင်းတွေကအကြားအမြင်မှန်တယ်ဆိုပြီးလာမေးတာတွေ့ခဲ့ရတယ် ဘယ်အဆင့်ရောက်နေတာလည်းတွေမသိဘူးပေါ့နော်ဘုရားကန်တော့ပြီးတော့ သမီးနင့်အမေကိုငါ့ကိုအပ်မလားမေးတယ်
ခလေးဆိုတော့အပ်ပါတယ်ပေါ့အဲ့လိုလည်းပြီးရောအမေ့ကိုဟိုဘက်လှည့်ဆံပင်ချခြေဆင်းထိုင်လိုက်တဲ့ပီးတာနဲ့ခေါ်လိုက်တာ တော်တော်နဲ့ဘာမှမပြပဲခနနေတော့ အမေကမျက်စိမှိတ်ပီးတကိုယ်လုံးတုန်လာတယ် အသံလည်းအမေ့အသံမဟုတ်တော့ဘူး ကြည့်နေရင်းတော်တော်လန့်တာ ဖွားရီကနင်နဲ့ငါပြောတာ
နင်လို့ခေါ်ပေမဲ့ငါ့ထက်အသက်ကြီးတယ်ဆံပင်တောင်ဖြူနေပီပဲတဲ့ နင့်ကိုနင်အခုလိုတတ်မှန်းသိလားတဲ့ သိပါတယ်တဲ့ ပထမတော့သူကကလန်ကဆန်ပဲ ဖွားရီကနူးနူးညံညံနဲ့တရာချတာ နောက်မှအေးဆေးပြောတာရော ဘာလို့လုပ်တာလည်းသူများမိသားစု သူ့ခဗျာမုဆိုးမရှာစားနေရတာဆိုတော့အကြွေးမရောင်းလို့တဲ့
သူများစိတ်ဆင်းရဲနေတာနင်အတွက်ဘာထူးလည်းမေးတော့မထူးပါဘူးတဲ့ မှတ်လောက်အောင်ပဲလုပ်ခဲ့တာပါတဲ့ နင်လုပ်သမျှနင်ပြန်ယူသွားမလားမေးတော့ ယူသွားပါမယ်တဲ့နင်ပညာလှူမလားမေးတာ မလှူဘူးနောက်ဘယ်သူမှမလုပ်တော့ပါဘူး ကတိပေးပါတယ်တဲ့ဆိုပြီးထွက်သွားတယ် အဲ့တာပီးတာနဲ့အမေ့သတိပြန်ရတော့ဖွားရီကရေမန်းတိုက်တယ်
ဘယ်သူလည်းလိုမသိချင်နဲ့တဲ့အမုန်းမထားနဲ့အခုကောင်းသွားပြီပဲဘာမှမဖစ်တော့ဘူးပြန်လို့ရပီတဲ့ အမေဆိုတာလန်းဆန်းနေတာပဲအစတော့အမေ့ကိုလုပ်တာဘယ်သူမှန်းမသိဘူး တနေ့မြို့ကိုဘုန်းကြီးတပါးဆေးလာကုတယ်ဆိုပြီးနာမည်ကြီးရော နယ်မြို့ဆိုတော့သိတဲ့အတိုင်းရွာတွေရောမြို့ကလူတွေရော ဆေးကုတာတဲ့အုန်းအုန်းကျွတ်ကျွတ်နဲ့ ဆေးကုတဲ့
ဘုန်းကြီးကျောင်းအပြည့် အဲ့အဖွားကြီးကသူ့သမီးတယောက်ကရူးနေတာ ဈေးထဲပိုက်ဆံလိုက်တောင်းတယ်လူတွေဆီ သူ့သမီးကိုခေါ်ပြီးသူလည်းမိခင်ဆိုတော့ကုပေးချင်လို့နေမှာပေါ့ ဘုန်းကြီးဆီသွားကုရော ဘုန်းကြီးကသူ့မြင်တာနဲ့မေးတာ နင်ငါ့နဲ့ပညာလာပြိုင်တာလားတဲ့ သူကမဟုတ်ပါဘူးကျမသမီးဆေးလာကုတာပါပေါ့
ကျမဒီပညာတွေလည်းမသုံးတော့ပါဘူးပြောတာ အဲ့ထဲကအဲ့အဖွားကြီးကပညာတတ်မှန်းသိကုန်ရော လှူလိုက်တယ်ထင်တယ်အေးဆေးပဲအခုထိဘာသံမှမကြားရတော့ဘူး သူ့သမီးရူးနေတဲ့တယောက်ကလည်းရူးနေတုန်းသားကလည်းလူသတ်မှူ့နဲ့ထောင်ကျ သမီးနောက်တယောက်ကကားတိုက်သေတာလားမသိဘူး
သတင်းကြားတယ် အခုတော့နေစရာတောင်ဘုရားထဲနေပီး အငတ်ငတ်ဖစ်နေတာပါပဲ သူအရင်ကစိတ်လိုက်မာန်ပါလုပ်တာတွေကဝဠ်လည်တာထင်ပါတယ်ကိုယ်တွေနယ်ပြန်ရင်တော့ သူကခေါ်တယ် နင့်အမေနေကောင်းလား အဆင်ပြေကျလားနဲ့ ကိုယ်လည်းတတ်နိုင်သမျှလှူပါတယ်ခရစ်စတစ်Thae Thae