









၀က်ခြံတင်းတိတ်အမာရွတ်နဲ့အဆီဖုတွေကိုအာလူးနဲ့အပျောက်ရှင်းမည်Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့အတူတူလိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ bပီးရင် အတူတူလှကြတာပေါ့ဒီတစ်ပတ်တော့ အမေးများနေတဲ့

မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေထွက်နေတယ် ဝက်ခြံအမာရွတ်တွေရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်အမဲစက်တွေကြောင့် စိတ်ညစ်နေရတယ် ဘာလုပ်ရမလဲအကြံဉာဏ်ပေးပါဦး တင်ပေးပါဦးဆိုသူတွေအတွက် လွယ်ကူ

ရိုးရှင်းပြီး အကုန်အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူးတစ်မျိုးတည်းလား Yesအာလူးတစ်မျိုးတည်းပါပဲဒါပေမယ့်လည်းပိုပြီး

ထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင်ပြုလုပ်ပုံအာလူးကို ရေစင်အောင်ဆေးပါ အခွံနွှာပါသနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ I ကတော့ ရေပူနဲ့ ဆေးပါတယ်

မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ်သွေးပါ ပြီးရင် အာလူးကိုယူပြီး မျက်နှာပေါ်လိမ်းပေးပါအရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ

(သွေးထားတဲ့အရည်ကိုမလိမ်းပါဘူးနော် သွေးထားတဲ့ အာလူးကိုကိုင်ပြီးလိမ်းတာပါဘာကြောင့် သွေးပေးတာလဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့်လိမ်းပြီးပြီဆိုရင် လုံးဝခြောက်ပြီး တင်းလာတဲ့အထိ

မိနစ်၂၀ခန့်ထားပေးပါ ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ရပါပြီဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ်အရမ်းများနေတဲ့သူများ၊ အမှန်တကယ်

လိမ်းဖို့လိုအပ်နေတဲ့သူများနေ့တိုင်း လိမ်းပေးလို့ရပါတယ်နော်ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ် တစ်ချို့က မသိဘူး တစ်ချို့ကလည်း သိရက်နဲ့ မလုပ်ဘူး Whyဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက်ဆိုတာ မရှိပါဘူးနော်

စိတ်ရှည်ရှည်လုပ်မှ result တစ်ခုကို ရတာပါနော်ဒီတစ်ပတ် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်

ကိုယ်တိုင်က အားလုံးကို လှစေချင်လို့ မေတ္တာဖြင့် sharing လုပ်ပေးခြင်းဖြစ်တာကြောင့် ဒီနည်းလေးကို မသိသေးတဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း post လေးကို ထပ်ပြီး ဝေမျှပေးလိုက်ပါဦး ပေးလိုက်ကြဦးနော်လေးစားစွာဖြင့် ခရက်ဒစ် ချစ်သော Irene Pretty

LEAVE A REPLY

Please enter your comment!
Please enter your name here