ရွှေဈေးနှင့်ဒေါ်လာဈေးဆက်တိုက်တက်နေဧရာဝတီဗဟိုဘဏ်၏အမေရိကန်ဒေါ်လာကိုထိန်းချုပ်ကန့်သတ်သော ညွှန်ကြားချက်များထွက်ပေါ်လာပြီးနောက်ယနေ့ ဈေးကွက်ဖွင့်ချိန်တွင်အမေရိကန်ဒေါ်လာဈေးနှုန်းသည်၁ ဒေါ်လာကို

ကျပ်၂၃၀၀ ကျော် နှင့် ရွှေဈေးနှုန်းသည်၁ကျပ်သားကိုကျပ်၂၁သိန်း ကျော်အထိ ဈေးနှုန်းများဆက်တိုက်မြင့်တက်လာလျက်ရှိကြောင်းသိရသည်အမေရိကန်ဒေါ်လာဈေးနှုန်းဆက်တိုက်မြင့်တက်လာမှုကြောင့်ရန်ကုန်မြို့ရှိ

ပြင်ပငွေလဲကောင်တာတချို့က ကောင်တာသို့လူကိုယ်တိုင်လာရောက်မှသာယနေ့ ဈေးနှုန်းပြောကြားနိုင်မည်ဖြစ်သလိုတချို့ကသည်ယနေ့အတွက် ဈေးနှုန်းမဖွင့်နိုင်သည်အထိ ဖြစ်နေလျက်ရှိကြောင်းပြင်ပငွေလဲကောင်တာလုပ်ငန်း၂ခုက

ဧရာဝတီသို့ ပြောသည်ဒေါ်လာကတော့လိုသလောက်တော့ဝယ်လို့ရမှာမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ဈေးနှုန်းကအခုဆိုရင်၂၃၀၀ပတ်ချာလည်လောက်ရှိတယ်ဟုရန်ကုန်မြို့ရှိ ငွေလဲကောင်တာလုပ်ငန်းတခုမှတာဝန်ရှိသူတဦးက ပြောသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည်ပြီးခဲ့သည့်ရက်ပိုင်းတွင်၁ ဒေါ်လာကိုကျပ်၂၀၀၀မှ၂၁၀၀ဝန်းကျင်သာရှိခဲ့ပြီးယခုတွင်၁ ဒေါ်လာကိုကျပ်၂၃၀၀အထိ မြင့်တက်လာလျက်ရှိသလိုဈေးနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်းသိရသည်ပြည်တွင်းရွှေဈေးနှုန်းသည်အမေရိကန်ဒေါ်လာဈေးနှုန်း

မြင့်တက်လာမှုနှင့်အတူ ဈေးနှုန်းဆက်တိုက်မြင့်တက်ခြင်းဖြစ်ပြီးပြီးခဲ့သည့်ရက်ပိုင်းတွင်ရွှေ၁ကျပ်သားလျှင်ကျပ်၂,၀၆၀,၀၀၀သိန်းနှစ်ဆယ်၊ ခြောက်သောင်းဝန်းကျင်သာရှိခဲ့သည်။ပြီးခဲ့သည့်ရက်ပိုင်းတွင်စစ်ကောင်စီ၏ဗဟိုဘဏ်ကနိုင်ငံခြားသုံးငွေအမေရိကန်ဒေါ်လာစီးဆင်းမှုကို

ထပ်မံတင်းကြပ်သည့်အနေဖြင့် ပြည်ပမှ ချေးငွေများ ပြန်လည်ပေးဆပ် ခြင်းကိုဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့သလိုနိုင်ငံခြားကုမ္ပဏီများကိုလည်း၁ ဒေါ်လာကိုကျပ်၁၈၅၀ ဖြင့်၁ရက်အတွင်းလဲလှယ်ခိုင်းသည့် ညွှန်ကြားချက်မှကင်းလွတ်ခွင့်ပေးထားခြင်းကိုလည်း ပြန်လည်ရုတ်သိမ်းခဲ့သည်