၂၀၂၀ခုနှစ်၊ဇူလိုင်လတစ်လတာအတွက်ကံကြမ္မာဟောစာတမ်းသောကြာသားသမီးများဒီလအတွင်းသင်၏ကံဇာတာကတော့ကံကြမ္မာကောင်းများအပြောင်းအလဲဖြစ်နိုင်သောအချိန်ကာလဖြစ်သည်ကံကြမ္မာအခွင့်အရေးအခွင့်အလန်းကောင်းများရရှိကြုံဆုံမည်အထူးအားဖြင့်
ဝင်ငွေကောင်းသလိုငွေကြေးအကုန်အကျများလည်းများတတ်သောအချိန်ကာလဖြစ်၏ပြီးခဲ့သောအချိန်ကာလကကြုံတွေ့ခဲ့ရသောအခက်အခဲများပြဿနာများပြေလည်မည်ဖြေရှင်းနိုင်မည်ဒီအချိန်မှာသင့်အတွက်တစ်ခုသတိထားရမည်မှာကိုယ့်အတွက်အကျိုးလုံးဝမရှိသောအလုပ်များလည်းလုပ်ကိုင်နေရတတ်သည်
တစ်ခုပျော်စရာကောင်းသည်မှာသင်၏စိတ်သည်အပျော်အရွှင်ဆုံးအချိန်ဖြစ်သည်သင်ကိုယ်တိုင်သင်၏ကံဇာတာများကောင်းမွန်နေသည်ဟူမိမိကိုယ်မိမိယုံကြည်မှု့ရနေမည်စိတ်ဓာတ်များလည်းအလိုလို တက်ကြွနေလိမ်မည်အလုပ်အကိုင်အသစ်များဖန်တီးနိုင်မည်အဆက်အသွယ်ကောင်းများအဆက်အသွယ်အသစ်များရမည်
မိတ်ရင်းဆွေရင်းဆရာသမားရင်းများနှင့်ာအဆင်မပြေဖြစ်တတ်သည်အိမ်ထောင်သည်များသားသမီးရင်သွေးရတနာထွန်းကားမှု့ရရှိမည်ခြေနှစ်ချောင်းဝင်ကိန်းရှိ၏ရွှေထွက်ကိန်းရှိသည်ရွှေပေါင်ရတတ်သည်ဆရာအတုဆရာယောင်များနှင့်ကြုံရတတ်သည်
အမွေနှင့်ပါတ်သက်သောကိစ္စများမရှင်းမလင်းဖြစ်မည်မတင်မကျဖြစ်မည်စကားအပြောအဆိုမအောင်မမြင်ဖြစ်မည်ဒီအချိန်မပြောသင့်ပေအိုးအိမ်နေရာထိုင်ခင်းနှင့်ပါတ်သက်သောကိစ္စများအဆင်ပြေတိုးတက်မှု့အောင်မြင်မှု့ရရှိမည်
မိမိ၏ဖခင်နှင့်ဆက်နွယ်နေသောအမျိုးအဆွေများဘက်မှကူညီထောက်ပံ့ပေးခြင်းများရရှိတတ်သည်အိမ်ထောင်ရှိသူများအိမ်ထောင်ရေးတွင်တစ်ယောက်နှင့်တစ်ယောက်သံသယပွားရတတ်သည်
အမြင်မကြည်မလင်ဖြစ်ရတတ်တယ်ငယ်ရွယ်သူများအချစ်ရေးမေတ္တာရေးတွင်အနှောက်အယှက်အနည်းငယ်ကြုံရတတ်သည်အထူးအားဖြင့်ကြားလူအနှာက်အယှက်ဝင်တတ်သည်
သတိထားရမည်မှာမလွတ်လပ်သောသူများနှင့်ချစ်ကြိုးသွယ်မိတတ်သည်ကျန်းမာရေးနှင့်ပါတ်သက်၍ဝမ်းဗိုက်မကောင်းဖြစ်တတ်သည်ဝမ်းပျက်ဝမ်းလျောဖြစ်တတ်သည်
ထီထိုးခြင်းကိုဝါသနာပါသူဖြစ်ပါက(၁၃)၃၁ပါသောဂဏန်းကိုရှာ၍ထိုးပါလေယတြာအနေနှင့်အိမ်ဘုရားတွင်အုန်းနို့ခေါက်ဆွဲလှူဒါန်း၍လိုရာဆုတောင်းပါ
အချစ်ရေးအိမ်ထောင်ရေးစီးပွားရေးကိုယ်ပိုင်အလုပ်အကိုင်ပညာရေးကျန်းမာရေးငွေရေးကြေးရေးကလေးအမည်ပေးနဲ့ဇာတာဗေဒင်အဟောများ၁၈၇၅ဗေဒင်မက်ဆင်ဂျာမှတစ်ဆင့်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။