ဤလအတွင်းစီးပွားရေးနှင့်ပတ်သက်သည့်လုပ်ငန်းကိစ္စများနားမလည်ပါကရှေ့ဆက်မတိုးလိုက်ပါနဲ့။အလိမ်အညာခံရ၍ဆုံးရှုံးရကိန်းများရှိနေမည်။ဝန်ထမ်းဆိုတရားမဝင်ငွေကြေးနှင့်

မရိုးမသားလုပ်ကိုင်ရခြင်းများကြောင့်ဒုက္ခရောက်ရတတ်သည်လူငယ်လူရွယ်တွေဆိုရင်အဓိပ္ပါယ်မဲ့အကျိုးမဲ့စွာသတ္တိလွဲများမွေးမိသဖြင့်မကောင်းသောဆိုးကျိုးများနှင့်အတိဒုက္ခရောက်

ရတတ်သည်။တတ်နိုင်သမျှခရီးရှောင်စေချင်ပါတယ်။ခရီးသွားလာရင်းအမှုပြဿနာများကြုံတွေ့လာရတတ်သည်။အိမ်ပြောင်း၊နေရာပြောင်း၊အလုပ်ပြောင်းကဲ့သို့သောအပြောင်းအလဲကိစ္စ

များကြုံရတတ်ပါတယ်ထီပေါက်ချင်ပါကအရင်းနှီးဆုံးမိတ်ဆွေတစ်ဦးနှင့်စပ်တူထီထိုးပါမိတ်ကောင်း၊ဆွေကောင်း၊ဆရာသမားကောင်းများနှင့်ပူးတွဲလုပ်ကိုင်ခွင့်ရ၍လုပ်ငန်းစီးပွားများ

အောင်မြင်တိုးတတ်လာပါလိမ့်မည်။ကျန်းမာရေးအနေဖြင့်ရောဂါကြောင့်မဖြစ်ဘဲစိတ်ထောင်းကိုယ်ကြေဆိုတာမျိုးဖြစ်တတ်ပါတယ်။စိတ်ကြောင့်ရောဂါရမယ်ပေါ့ဗျာ။ဒါအပြင်အခြား

သတိထားရမှာကမသန့်ရှင်းသောရေကြောင့်ရောဂါများရတတ်ပါသည်။အချစ်ရေးကိစ္စတွေမှာတော့လူသိမခံနိုင်တဲ့ကိစ္စတွေဖြစ်ပေါ်တတ်ပါတယ်အိမ်ထောင်သည်များအညံ့အဆိုးသိပ်မရှိပါ

ဘူးရေလိုက်ငါးလိုက်နေတတ်ဖို့ပဲလိုပါတယ်ပညာရေးကံအားနည်းချက်များပြားနေပါတယ်အကျိုးပေးဂဏန်း၁၃၅အထူးဟောကံအနည်းငယ်အားနည်းသည်ယတြာဆန်ပြုတ်ဘုရားကပ်လှူပေးပါ09456023310(viber)credit