ယခုနှစ်အတွက်ပထမဆုံးအကြိမ်အဖြစ်ဗဟိုဘဏ်ကအမေရိကန်ဒေါ်လာ၁၅သန်းထုတ်ရောင်းဇန်နဝါရီ၈ငွေကြေးဈေးကွက်အတွင်းကျပ်၁၉၀၀ဝန်းကျင်အထိမြင့်တက်နေဆဲဒေါ်လာဈေးကိုထိန်းချုပ်ဖို့ဗဟိုဘဏ်ကယခုနှစ်အတွက်ပထမဆုံးအကြိမ်
အဖြစ်အမေရိကန်ဒေါ်လာ၁၅သန်းထုတ်ရောင်းလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ဇန်နဝါရီ၇ရက်နေ့ကထုတ်ရောင်းလိုက်တာဖြစ်ပြီးနိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့်ပျှမ်းမျှငွေလဲလှယ်နှုန်းမှာအမေရိကန်၁ဒေါ်လာလျှင်ကျပ်၁၇၇၈ကျပ်ဖြစ်
ဖြင့်ကန်ဒေါ်လာ၁၅သန်းထုတ်ရောင်းလိုက်တာဖြစ်ပါတယ်၂၀၂၁ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစပြီးအဆမတန်မြင့်တက်လာတဲ့ဒေါ်လာဈေးကိုထိန်းချုပ်ဖို့ဆိုပြီးပြီးခဲ့တဲ့၁၁လအတွင်းမှာငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာသန်၄၄၃သန်းကျော်
ထုတ်ရောင်းခဲ့ပေမဲ့လည်းဒေါ်လာဈေးနှုန်းကကျဆင်းသွားခြင်းမရှိဘဲကျပ်၁၉၀၀ဝန်းကျင်မှာပဲဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၁၁လအတွင်းဗဟိုဘဏ်ကနေအမေရိကန်ဒေါ်လာထုတ်ရောင်းမှုအခြေအနေမှာအမေရိကန်ဒေါ်လာသန်း၄၄၄သန်းနီးပါးရှိခဲ့ပြီး
၂၀၂၁ခုနှစ်ဖေဖော်ဝါရီလတွင်အမေရိကန်ဒေါ်လာ၆.၈သန်း၊ဧပြီလတွင်အမေရိကန်ဒေါ်လာ၁၂သန်း၊မေလတွင်အမေရိကန်ဒေါ်လာ၂၄သန်းဇွန်လတွင်အမေရိကန်ဒေါ်လာ၁၂သန်း၊ဇူလိုင်လတွင်အမေရိကန်ဒေါ်လာ၃၉သန်း၊သြဂုတ်လတွင်
အမေရိကန်ဒေါ်လာ၂၈သန်း၊စက်တင်ဘာလတွင်အမေရိကန်ဒေါ်လာ၆၃သန်းအောက်တိုဘာလတွင်အမေရိကန်ဒေါ်လာ၁၁၀သန်းနိုဝင်ဘာလတွင်အမေရိကန်ဒေါ်လာ၃၁သန်းဒီဇင်ဘာလတွင်အမေရိကန်ဒေါ်လာ၁၁၈သန်းထုတ်ရောင်းခဲ့တာဖြစ်ပါတယ်