တစ်နှစ်တာကံမြင့်စေမဲ့ကန်စွန်းညွှန့်အိုးအစီအရင်၁၃၈၃ခုနှစ်ကစလို့တစ်နှစ်တာအတွင်းအဘက်ဘက်ကအဆင်ပြေစေမယ့်နည်းလမ်းလေးပြောပြချင်တာပါခေတ်စနစ်အရလူတော်တော်များများအဆင်မပြေကြပါငွေကြေးရှိတဲ့သူအတွက်
တောင့်ခံထားနိုင်ပေမယ့်လက်လုပ်လက်စားသမားအတွက်တော့ဒီလိုကာလဟာမထောင်းသာလှပေဒါကြောင့်ပဲလွယ်ကူရှင်းလင်းပြီး ငွေအကုန်အကျအနည်းဆုံးနဲ့တစ်နှစ်တာအဆင်ပြေမယ့်နည်းလမ်းလေးပြောပြထားတာပါ
လိုက်လုပ်ကြည့်ပါကံကောင်းနေသူ တွေအတွက်ပိုကောင်းနိုင်ပြီးကံညံ့နေသူအတွက်အသက်ရှူချောင်ပါလိမ့်မယ်။ တော်ရုံအညံ့အဆိုးတွေကပိန်းကြာရွက်ပေါ်ရေမတင်သလိုကင်းစင်သွားပါလိမ့်မယ်နည်းလမ်းလေးစပြောပါ့မယ်
ပထမဦးစွာမြေအိုးတစ်လုံးဝယ်ပါပုံပါအတိုင်းအရွယ်အစားလောက်ဆိုရပါပြီ မြေအိုးပဲရမှာပါမြေဓာတ်ပထဝီဓာတ်ကိုလိုချင်လို့ပါအိုးကိုအဖြူရောင် (သို့)ငွေရောင်ဆေးသုတ်ပါဆေးကိုအခြောက်ခံပြီးတာနဲ့အိုးထဲသဲသန့်သန့်လက်တစ်ဆုပ်
ခန့်ထည့်ပါထိုနောက် ရေထည့်ပါ။နောက်ဆုံးအနေနဲ့ကန်စွန်းညွှန့်လက်တစ်ဆုပ်ခန့် အိုးထဲထည့်ပါဒါဆိုရပါပြီထိုကန်စွန်းအိုးလေးကိုအလုပ်စားပွဲဖြစ်စေ၊ဆိုင်ကောင်တာမှာဖြစ်စေမိမိအိမ်ဧည့်ခန်းမှာဖြစ်စေမိမိအိပ်ခန်းမှာဖြစ်စေထားလို့ရပါတယ်
ကန်စွန်းညွှန့်က ရေနဲ့ဆိုတော့ ညှိုးသွားတာမျိုးမရှိပါ။ရေကတော့အသစ်လဲပေးပါကန်စွန်းညွှန့်အိုး စတင်စီရင်ရမယ့်အချိန်ကကြာသပတေးနေ့မနက်၆:ဝဝနာရီကနေ မနက်ရ:၃ဝမိနစ် အတွင်းဆောင်ရွက်ပါအိုးတွေဆေးသုတ်တာ
သဲရှာတာကန်စွန်းညွှန့်ဝယ်တာတွေကကြာသပတေးနေ့မတိုင်ခင်ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်ကြာသပတေးနေ့မနက်ရောက်ရင်တော့အဲဒါတွေအကုန်လုံး ပြောပြထားတဲ့အတိုင်းကန်စွန်းညွှန့်အိုးလေးကိုစတင်စီရင် ဆောင်ရွက်ရင်
ရပါပြီအဆင်ပြေတဲ့ကြာသပတေးနေ့တစ်ရက်ရက်မှာ ဆောင်ရွက်လို့ရပါတယ်ဒီလောက်ဆိုရင်နားလည်သဘောပေါက်မယ်ထင်ပါတယ်။ရရကျသားသမီးအားလုံးတစ်နှစ်တာပတ်လုံးကျန်းမာချမ်းသာပြီး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေVia;ငြိမ်းအေးလူ 09775555695 09445555695