၃ဂဏန်းသမားခရစ်သက္ကရာဇ်အရ3ရက်12ရက်21ရက်နှင့်30ရက်နေများတွင်မွေးဖွားသူများသည်3ဂဏန်းသမားများဖြစ်ကြသည်ဝိသေသလက္ခဏာ3ဂဏန်းသည်ကျွန်ုပ်တို့၏နေစကြာဝဠာအတွင်းတွင်ကျွန်ုပ်တို့နေထိုင်ရာနေစင်္ကြာဝဠာအ

တွင်းတွင်နေမင်းကြီးပြီးလျှင်ဒုတိယအကြီးဆုံးသောဂြိုဟ်ကြီးဖြစ်သည်ကြာသပတေးဂြိဟ်ကြီး၏အမှတ်လက္ခဏာဖြစ်သည်ဓာတ်သဘောအရအဖိုဓာတ်ဓာတ်မြေဓာတ်ဖြစ်သည်။ကြာသပတေးဂြိုဟ်ကြီးသည်ဂြိုဟ်အားလုံးတို့တွင်အတိသာမ”

ဟုဆိုအပ်သောဂြိုဟ်ကောင်းဂြိုဟ်မြတ်ကြီးတစ်လုံးလည်းဖြစ်သည်ထိုဝိသေသလက္ခဏာများကြောင့်3ဂဏန်းဖွားများသည်အောက်ပါစရိုက်လက္ခဏာများရှိတတ်ကြသည်စရိုက်လက္ခဏာစည်းကမ်းရှိသည်မျိုးရိုးအစဉ်အလာနှင့်တရားဥပေဒများ

ကိုရိုသေလေးစားလိုက်နာတတ်သည်ရှေးရိုးဆန်သည်တရားမျှတမှုနှင့်လူ့အခွင့်အရေးကိုကာကွယ်စောင့်ရှောက်တတ်သည်ဇွဲသတ္တိအလွန်ကောင်းတတ်ပြီးလွယ်လွယ်နှင့်အရှုံးမပေးတတ်ကြဘဝကိုခုန်ပျံကျော်လွှားတိုးတက်ခြင်းထက်တဆင့်ပြီးတ

ဆင့်ဖြေးဖြေးမှန်မှန်တက်လှမ်းလိုကြသူများဖြစ်လေ့ရှိသည်အသိဉာဏ်စဉ်းစားဉာဏ်ကြီးပြီးဆုံးဖြတ်ချက်ကိုလွယ်လွယ်မချတတ်သလိုချပြီးလျှင်လည်းပြန်ပြင်ရန်ခဲယဉ်းသည်။အချို့ဆိုလျှင်ဘူးဆိုလျှင်ဖရုံမသီးတတ်သူများဖြစ်တတ်သည်။ရှေ့ရေးကို

ကြိုမြင်တတ်သည်။စီမံခန့်ခွဲမှုအားကောင်းသည်ဝေဖန်သုံးသပ်နိုင်မှုအားကောင်းသည်အများကမဖြစ်နိုင်ဟုသတ်မှတ်ထားသောကိစ္စများကိုလက်တွေအကောင်အထည်ပေါ်လာအောင်ဆာင်ရွက်နိုင်သူများဖြစ်ကြသည်။အိန္ဒြသေိက္ခာကြီးမားသည်။

ထို့ကြောင့်မာန်မာနကြီးမားသည်ဟုအထင်ခံရတတ်သည်။အများနှင့်မရောနှောဘဲတသီးသီးသန့်သန့်နေလိုစိတ်များသည်။ငွေကြေးကိုရိုသေသူများဖြစ်ပြီးချွေတာစုဆောင်းတတ်ကြသူများဖြစ်သည်။သို့သော်ရံဖန်ရံခါအလွန်နှမြောတွန့်တိုတတ်သူများ

အဖြစ်လည်းတွေ့ရတတ်သည်။စီးပွားရေးနှင့်အလုပ်အကိုင်(3)ဂဏန်းသမားများသည်ရိုးရိုးကျင့်မြင့်မြင့်ကြံတတ်သူများဖြစ်သော်လည်းဘဝအောင်မြင်ရေးအတွက်”ဖြတ်လမ်း”လိုက်လိုကြသူများမဟုတ်ကြချေ။စည်းမဲ့ကမ်းမဲ့ဥပဒေမဲ့လုပ်ငန်းများကို

လည်းနှစ်သက်ခြင်းမရှိတတ်ကြ။လူအများအပေါ်တွင်အုပ်ချုပ်စီမံရခြင်းသြဇာအာဏာပေးရခြင်းကိုမူနှစ်သက်တတ်သည်။စည်းကမ်းကြီးမားပြီးခွင့်လွှတ်လွယ်သူများမဟုတ်သောကြောင့်လူမှုဆက်ဆံရေးနှင့်လုပ်ငန်းခွင်တွင်အဆင်ပြေလှသူများ

မဟုတ်တတ်ချေအထက်လူကြီးများကိုကပ္ဖားရပ္ဖားလုပ်ခြင်းကိုမုန်းတီသောကြောင့်စိတ်ထားမှန်ကန်သောအထက်လူကြီးများနှင့်သာသဟဇာတဖြစ်တတ်ကြသည်ဘဝတွင်အကျိုးပေးသောလုပ်ငန်းများမှာစီမံအုပ်ချုပ်ရေးလုပ်ငန်းဘဏ်လုပ်ငန်း

စာရင်းအင်းလုပ်ငန်း၊တရားဥပဒေဆိုင်ရာလုပ်ငန်းဘာသာရေးနှင့်ပတ်သက်နသောလုပ်ငန်းများပညာသင်ကြားရေးလုပ်ငန်းကျောင်းဆရာကထိကပါမောက္ခအာမခံလုပ်ငန်းအနုပညာလုပ်ငန်း၊ရုပ်ရှင်သရုပ်ဆောင်စာရေးဆရာလုပ်ငန်းများဖြင့်အကျိုး

ပေးနိုင်သည်။အချစ်ရေးနှင့်အိမ်ထောင်ရေးအချစ်ရေးနှင့်အိမ်ထောင်ရေးကိစ္စများတွင်သစ္စာတရားကြီးမားတတ်ကြပြီးမိမိကိုယ်တိုင်အမှားမကျူးလွန်တတ်ကြသလိုမိမိချစ်သူအိမ်ထောင်ဘက်များအမှားကျူးလွန်ခဲ့လျှင်လည်းခွင့်လွှတ်လွယ်တတ်ကြသူများ

မဟုတ်သောကြောင့်အိမ်ထောင်ရေးအဆင်မပြေမှုများဖြစ်ပေါ်နိုင်သည်3ဂဏန်းသမားများသည်များသောအားဖြင့်မိမိအိမ်ထောင်ဘက်အပေါ်လွှမ်းမိုးအနိုင်ယူလိုစိတ်များပြီးခွင့်လွှတ်နိုင်မှုနည်းတတ်သည်ထိုအချက်ကိုပြုပြင်နိုင်မှအိမ်ထောင်ရေး

ကံကောင်းမည်ကျန်းမာရေး3ဂဏန်းသမားများသည်များသောအားဖြင့်ကျန်းမာရေးကောင်းတတ်ကြသူများဖြစ်လေ့ရှိသည်သို့သော်ရေရာသီ3ခုဖြစ်သောကရကဋ်ရာသီဗြိစၧာရာသီနှင့်မိန်ရာသီဖြား3ဂဏန်းသမားများမှာမူကျန်းမာရေး

ပြဿနာအနည်းနှင့်အများရှိနိုင်သည်မျက်စေ့အူမကြီးအသည်းနှင့်ကျောက်ကပ်ဆီးနှင့်ပတ်သက်သောရောဂါများအဖြစ်များလွယ်သည်ဘဝကံကြမ္မာ3ဂဏန်းသမားများသည်ကြာသပတေးဂြိုဟ်ကြီးအုပ်စိုးခံရသူများဖြစ်ပြီးကြာသပတေးဂြိုဟ်

ကြီးသည်စည်းကမ်းနှင့်တရားဥပဒေတို့၏အမှတ်လက္ခဏာဖြစ်ခြင်းကြောင့်အရာရာတွင်တိကျပြတ်သားကာစည်းကမ်းကြီးသူများဖြစ်ခြင်းကြောင့်လူမှုဆက်ဆံရေးတွင်အဆင်ပြေချောမွေ့မှမရှိလှပါ။သူတို့သည်လူအများကနှစ်သက်အားပေးမှုထက်

စာလျှင်သူတို့၏ကိုယ်ပိုင်အရည်အချင်းများကြောင့်သာတိုးတက်ကြီးပွားတတ်ကြသည်။ထို့ကြောင့်လူအများထောက်ခံမှအောင်မြင်နိုင်သောလုပ်ငန်းများနှင့်မသင့်လျှော်လှချေများသောအားဖြင့်(3)ရက်နေ့တွင်မွေးသောသူများနှင့်(21)ရက်နေ့မွေးသူ

များသည်ပေါင်းသင်းဆက်ဆံရေးကျဲပါးတတ်လေ့ရှိသည်12ရက်နေ့မွေးသူများနှင့်(30)ရက်နေ့မွေးသူများမှာမူအလိုက်အထိုက်ဆက်ဆံတတ်ကြသောကြောင့်ဘဝတိုးတက်ရေးသည်ပိုမိုချောမွေ့တတ်သည်။သို့သော်မည်သည်(3)ဂဏန်းသမား

မဆိုကြာသပတေးဂြိုဟ်ကြီး၏အင်အားကြောင့်အောက်ကျနာက်ကျဘဝမျိုးသို့ရောက်ခဲလှသည်။ဘဝအဆင့်မနိမ့်ကျတတ်ပါ။မိတ်ဘက်ရန်ဘက်ဂဏန်းများ3ဂဏန်းသည်2ဂဏန်း3ဂဏန်း6ဂဏန်း9ဂဏန်းများနှင့်မိတ်ဘက်ကျပြီး4ဂဏန်း5ဂဏန်း

7ဂဏန်း8ဂဏန်းနှင့်သဟဇာတမဖြစ်လှချေ။1ဂဏန်းသမားများနှင့်မူ”နေရာလုမှ”များဖြစ်ပွားတတ်သည်။ထို့ကြောင့်ဘဝခရီးလမ်းတွင်အဆင်ပြေချောမွေ့မှုများကိုရရှိရန်မိမိနှင့်တည့်သောဂဏန်းမွေးဖွားသူများနှင့်တည့်သည်ဟုဆိုနိုင်သော်
လည်းရံဖန်ရံခါ

အားပြိုင်မှု”ပေါင်းသင်းဆက်ဆံခြင်းထိုနံပါတ်များများပါသောအိမ်နံပါတ်ကားနံပါတ်များကိုရွေးချယ်ခြင်းအရေးကြီးသောကိစ္စများလုပ်ဆောင်ရနနေ့ရက်များအတွက်မိတ်ဘက်ဂဏန်းများကို ရွေးချယ်ပြီးရန်ဘက်ဂဏန်းများကိုရှောင်ရှားခြင်းဖြင့်

ကောင်းကျိုးများပိုမိုရရှိစေနိုင်သည်။ကံကောင်း/ကံညံ့ဖြစ်စေနိုင်သောအသက်ပိုင်းများ3ဂဏန်းသမားများသည်ယေဘူယျအားဖြင့်အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း4ဂဏန်း5ဂဏန်း8ဂဏန်းများနှင့်မတည့်လှသောကြောင့်မိမိအသက်သည်

တစ်လုံးတည်းပေါင်းခြင်းဖြင့်4,7,8,ဂဏန်းများဖြစ်နေပါကထိုနှစ်များသည်များသောအားဖြင့်ကံမကောင်းတတ်ချေ။1,2,3,6,9ဂဏန်းများဖြစ်နေပါကထိုနှစ်များသည်ကံကောင်းသောနှစ်များဖြစ်တတ်သည်။

သို့သော်အထက်ပါအသက်ပိုင်းများသည်ပုံသေနည်းမဟုတ်ပါ။အကြမ်းဖျဉ်းမျှသာဖြစ်ပါသည်။ယေဘူယျအားဖြင့်မှန်ကန်တတ်သောကြောင့်သတိပြုနိုင်စေရန်ဖြစ်ပါသည်။မေဘုန်းမြတ် (နက္ခတ်ဗေဒင်)မှာမိမိကံဇာတာအသေးစိတ်မေးမြန်နိုင်ပါသည်။viber09883483973