၃မိနစ်အိုးကနေမီးလောင်မှုတွေဖြစ်ခဲ့ဖူးတာကြောင့်မဖြစ်အောင်အားလုံးသတိထားနိုင်ဖို့မျှဝေပေးပါတယ်နော်။ကျနော်တို့ နိုင်ငံတွင်ယခုအခါ၃မိနစ်ရေနွေးအိုးများကိုအိမ်ထောင်စုတိုင်းနီးပါးအသုံးပြုလာကြပါတယ်ဒီရေနွေးအိုးမှာ

၁ဝဝဝ(w)ဝပ်အသုံးပြုထားသော်လည်းအပူကိုကိုရေထဲသို့အလျှင်အမြန်စီးဝင်နိုင်အောင်တည်ဆောက်ထားလို့အချိန်တိုအတွင်းကိစ္စပြီးမြောက်စေတဲ့အတွက်လျှပ်စစ်ဓာတ်အားချွေတာရာရောက်သလိုsecurityအဆင့်ဆင့်ခံတည်ဆောက်

ထားတဲ့အတွက် အသုံးပြုသူကိုကရိကထလည်းအလွန်နည်းပါးစေပါတယ်ဒါပေမယ့်ဒီလိုခေတ်ပေါ်ပစ္စည်းမျိုးအသုံးပြုမည်ဆိုလျင်အန္တရယ်ကင်းကင်းအသုံးပြုနိုင်ရန်သူ့အကြောင်းကိုအကြမ်းဖျဉ်းတော့သိထားရင်ပိုကောင်းပါမယ်ဤအိုးတွင်

ရေနွေးဆူလျှင် အလိုလျောက်ပိတ်ပေးမည့်switch,1သည်လက်ကိုင်ကိုင်းအပေါ်ထိပ်တွင်ရှိပြီးရေဆူလျင်တက်လာသည့်ရေနွေးငွေ့၏အပူချိန်ဖြင့်သည်လက်ကိုင်ကိုင်းအပေါ်ထိပ်တွင်ရှိပြီးရေဆူလျင်တက်လာသည့်ရေနွေးငွေ့၏

အပူချိန်ဖြင့်ခလုပ်ကိုပိတ်စေသော်လည်းအိုးထဲတွင်ရေမရှိပါကရေနွေးငွေ့တက်မလာနိုင်သဖြင့်အလုပ်မလုပ်နိုင်ပါSwitch,2သည်အိုး၏အောက်ခြေတွင်ကပ်လျက်ရှိပြီးရေမပါပဲpower onမိသည့်အခါအလိုအလျောက်ပိတ်နိုင်ရန်

စီမံထားသော်လည်းမြင့်မားသည့်အပူချိန်ရမှအလုပ်လုပ်သောကြောင့်ကြာရှည်စွာမေ့ထားမိပါကမီးဘေးအန္တရယ်စိုးရိမ်ရသဖြင့်ဤအိုးမျိုးကိုအသုံးပြုလျှင်၁အိုးထဲတွင်ရေလက်ကျန်ထားရန်နှင့်၂အမြဲတန်းမီးပလပ်ကိုမတပ်ထားရန်သတိပြုသင့်ပါပေသည်Credit