








*မင်္ဂလာ ရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေဗျာ….ယနေ့ ၂၂ ရက် ၇ လ ၂၀၂၀ခုနှစ် ဗုဒ္ဓဟူး နေ့ အတွက် တစ်နေ့တာ ဟောစာတန်းပါ ၇နေ့နံဖွား ၈ရက် သားသမီးများအနေဖြင့် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ္မာခြင်းနှင့်ပြည့်စုံကြပါစေဗျာ

“တနင်္ဂနွေသားသမီးများအတွက်”တနင်္ဂနွေသားသမီးတွေအတွက်ကတော့ဖြင့် ယနေ့တွင် အလုပ်အကိုင်အကြံစည်သစ်များ ထွက်ပေါ်ခြင်း မိမိအားကူညီမည့်သူပေါ်ခြင်း အိုးကောင်းအိမ်ကောင်းရခြင်းတို့ဖြစ်ပီး မိတ်ရင်းဆွေရင်းမှ နောက်ကျောဓားနှင့်ထိုးတတ်ပါတယ် ဂုဏ်တော်၉ပါးအားတတ်နိုင်သလောက်ပွားနေပါ

“တနင်္လါသားသမီးများအတွက်”တနင်္လါသားသမီးများအနေဖြင့် ယနေ့မှာတော့ဖြင့် အရှေ့အရပ်မှငွေဝင်ခြင်း အိမ်သို့ခြေ၂ချောင်းဝင်ခြင်း သို့ ညအိပ်ညနေဧည့်သည်လာခြင်း တို့ဖြစ်ပီး ခေါင်းကိုက်ခေါင်းမူးဖြစ်တတ်ပါတယ်

“အင်္ဂါသားသမီးများအတွက်”အင်္ဂါသားသမီးများအနေဖြင့် ယနေ့မှာတော့ အင်္ဂါနံ စက်ပစ္စည်းအသစ်ဝင်ခြင်း မြောက်အရပ်မှလပ်လာဘများဝင်ခြင်း အလုပ်ကိစ္စတချို့သည် မိမိမျှော်လင့်သည့်အတိုင်းဘဲ ဖြစ်လာခြင်း မေ့နေသောအကြွေးအမည် သို့ ကြာသောအကြွေးမည် ပြန်ရခြင်းတို့ဖြစ်တတ်ပါတယ်

“ဗုဒ္ဓဟူးသားသမီးများအတွက်”ဗုဒ္ဓဟူးသားသမီးများအနေဖြင့် ယနေ့မှာ တော့ဖြင့် သိုက်ဂြိုလ်ခုံ လုံခြုံချမ်းသာထဲ ကျတော့ကြောင့် ရွှေဝင်ခြင်း အိမ်ထောင်သည်များ သန္ဓေခခြင်း စုတ်လာဘ်ဝင်ခြင်း ရရှိပီးသောကိုယ်ဝန်တည်မြဲခြင်း အကျိုးမမျှော်ဘဲ လုပ်လိုက်သော လူမှုရေးကိစ္စများမှ အကျိုးအမြတ်ပြန်ပေးခြင်းတို့ဖြစ်ပီး အကြီးအကဲတွေရဲ့ ငြိုငြင်မှုကိုတော့အနည်းကျဉ်းခံရတတ်ပါတယ်

“ကြာသပတေးသားသမီးများအတွက်”ကြာသပတေးသားသမီးများအနေဖြင့် ယနေ့မှာလုပ်တိုင်းမဖြစ်သည့် အချိန်ဖြစ်ပါတယ် အဆင်ပြေမည်ဟုထင်ထားသော အလုပ်များအဆင်မပြေခြင်း ဝမ်းဗိုက်နဲ့ပါတ်သက်သော ဝေဒနါဖြစ်ရခြင်း စန်းပွင့်သောအချိန်ဖြစ်သော်လဲ အိမ်ထောင်ရေးအချစ်ရေး ပဋိပက္ခ ဖြစ်ရတတ်ခြင်းတို့ဖြစ်တတ်ပါသည်

“သောကြာသားသမီးများအတွက်”သောကြာသားသမီးအနေဖြင့် ယနေ့မှာတော့ ကျမ္မာရေးချူချာခြင်းအလုပ်လုပ်ရင်း မူးမေ့တတ်ခြင်းမိမိအထက်မှလူကြီးများ၏ ငြိုငြင်မှုကို ခံရတတ်ခြင်း အလုပ်အတူလုပ်သောသူများ၏ ခြောက်ချမှုကိုခံရတတ်ခြင်းဆုံးဖြတ်ချက်တွေမငြိမ်ခြင်းတို့ဖြစ်တတ်ပါတယ်

“စနေသားသမီးများအတွက်”စနေသားသမီးများအနေဖြင့် ယနေ့မှာတော့ဖြင့် အလုပ်နှင့်ပတ်သက်၍အစီစဉ်ဆွဲပီးမှမလုပ်ဖြစ်ခြင်း ယခုပင်အမှုပွေ ရုံးပြင်ကဏ္ဍ ရောက်ရတတ်ပါတယ် ဖြေရှင်းရတတ်ခြင်း အိမ်ထောင်ရေးအဆင်မပြေခြင်း ရစရာရှိသောအကြွေးမည်များဆုံးရှုံးခြင်းသို့ စောင့်ရတတ်ခြင်းတို့ဖြစ်တတ်ပါတယ်

အကြောင်းစုံသိရှိ မေးမြန်းတွက်ချက်လိုပါကမနက်၉နာရီမှ ညနေ၅နာရီအတွင်း ဖုန်းခေါ်၍ဖြစ်စေလှိုင်သာယာမြို့နယ် ၈၆ဂိတ်ဟောင်းမှတ်တိုင်၁၈ရပ်ကွက် ဆရာစံလမ်းသို့ဖြစ်စေ ကြွရောက်မေးမြန်းနိုင်ပါသည်”ကောင်းမှုပြုက ကောင်းကျိုးရမည်””ကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာကြပါစေ”ဆရာစောရန်နောင်(ဆန်းဗေဒင် နက္ခတ်)ဖုန်း09406737221 , 09667844054

LEAVE A REPLY

Please enter your comment!
Please enter your name here