ဘုမ္မိအရပ်ဆိုဝေးဝေးရှောင်ဧကန်မုချအကျိုးအောင်အပြင်စီးပွားရေးလုပ်ငန်းဆောင်တာများတော့ကြံတိုင်းအောင်ဆောင်တိုင်းမြောက်ပါရက်နဲ့မိသားစုရေးရာကျမှတစ်ယောက်တစ်မျိုးစိတ်ဝမ်းကွဲသူများနဲ့ဆူပူမတည့်ဖြစ်တာမျိုး

မိသားစုဝင်ထဲတွင်ကျန်းမာရေးချူချာသူများ၊အသုံးအဖြုန်းကြီးလွန်းသူများကြောင့်ရှာသမျှအဖတ်မတင်တာမျိုးစသဖြင့်စိတ်အနှောင့်အယှက်အမျိုးမျိုးအဖုံဖုံဖြစ်ကာအိမ်တွင်းရေးမသာယာတဲ့အိမ်များလည်းရှိသည်ထိုအခါမျိုးတွင်

ဗေဒင်ကျမ်းပညာအရအိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုလိုက်နာကျင့်သုံးသင့်ပါသည်အကယ်၍အိမ်၊တိုက်ခန်းရဲ့မျက်နှာစာဟာအိမ်ထောင်ဦးစီးရဲ့ဘုမ္မိအရပ်ကိုလှည့်ထားမယ်ဆိုရင်

စီးပွားဖြစ်ထွန်းဖို့ရာမလွယ်ကူပေစီးပွားရေးအဆင်ပြေပြီဆိုရင်လည်းကျန်သောကျန်းမာရေး၊လူမှုရေးရာမှာအနှောင့်အယှက်အဖျက်များ ကကြုံတွေ့နိုင်ပါသည်နေ့သားအလိုက်

ဘူမ္မိအရပ်နဲ့သီရိအရပ်ကိုပါဗဟုသုတအလို့ငှာမျှဝေပေးလိုက်ပါသည်တနင်္ဂနွေတောင်အရပ်ဘုမ္မိအရပ်မြောက်အရပ်သီရိအရပ်တနင်္လာအနောက်တောင်ဘုမ္မိအရပ်အရှေ့မြောက်သီရိအရပ်အင်္ဂါအနောက်ဘုမ္မိအရပ်အရှေ့သီရိအရပ်

ဗုဒ္ဓဟူးအနောက်မြောက်ဘုမ္မိအရပ်အရှေ့တောင်သီရိအရပ်ရာဟုအရှေ့ဘုမ္မိအရပ်အနောက်သီရိအရပ်ကြာသပတေးအရှေ့မြောက်ဘုမ္မိအရပ်အနောက်တောင်သီရိအရပ်သောကြာအရှေ့တောင်ဘုမ္မိအရပ်အနောက်မြောက်သီရိအရပ်

စနေမြောက်အရပ်ဘုမ္မိအရပ်တောင်အရပ်သီရိအရပ်ဘုမ္မိအရပ်ဟူသည်စီးပွားရေးလုပ်သော်မအောင်မြင်ဖြစ်တတ်ပါသည်အိမ်ဆိုတာလူတိုင်းခိုလှုံချင်တဲ့နေချင်စဖွယ်နေရာအထိုင်အခင်းတစ်ခုပဲဖြစ်သင့်ပါသည်ကိုယ်နေထိုင်ရာ

အသိုက်အမြုံထဲ ရောက်ပြီဆိုသည်နှင့်စိတ်လေးလက်အေးအနားယူလဲလျောင်းချင်ကြမည်ဒီလိုအေးချမ်းသာယာတဲ့နေအိမ်လေးဖြစ်ဖို့ဆို မိသားစုဝင်တစ်ဦးနဲ့တစ်ဦးကြား

နားလည်မှုရှိဖို့လည်းလိုအပ်မည်ဖြစ်သလိုအိမ်ရဲ့အကျိုးစီးပွားကိုဆိုးယုတ်စေသောအရာများကိုရှောင်ရှားဖို့ရာလည်းအရေးကြီးပါမည်credit