ၾကက္ဆီထမင္း
ေစ်းထဲကေန ၾကက္အေရခြံသီးသန့္ဝယ္လာတာေတြရွိလို႔ ၾကက္ဆီထမင္းလုပ္ျဖစ္သြားတယ္။ ၾကက္အေရခြံေတြကို ဒယ္အိုးထဲထည့္ၿပီး ေၾကာ္။ ဆီေတြထြက္လာရင္ ၾကက္အေရခြံေတြကိုဖယ္။ အဲ့ဆီထဲမွာ ေထာင္းထားတဲ့ၾကက္သြန္ျဖဴထည့္ဆီသတ္ေပး။ ၾကက္ေပါင္တစ္ျခမ္းကို အတုံးတုံးၿပီး ဂ်င္းနဲ႕ ၾကက္သြန္နီ ၾကက္သြန္ျဖဴ ေရ ၾကက္သားမႈန့္ သၾကား ဆား ထည့္ၿပီး အသားႏူးတဲ့ထိျပဳတ္ေပးထား။ ၾကက္ျပဳတ္ရည္ရရင္အေအးခံ။ ဆန္ေဆးထားပါ။ ထမင္းေပါင္းအိုးထဲ ဆန္ထည့္ပါ။

ထမင္းခ်က္သလို ၾကက္ျပဳတ္ရည္ လက္တစ္ဆစ္ခြဲထည့္ပါ ( ေရအစားၾကက္ျပဳတ္ရည္ထည့္တာပါ ) ခုနကခ်က္ထားတဲ့ ၾကက္အေရခြံဆီထည့္ၿပီးခ်က္ပါ။ ၾကက္သားမ်ားကို အသားႏြင္ပါ။ သခြားသီး နံနံပင္ျပင္ဆင္ပါ။ ထမင္းက်က္ရင္ ၾကက္ဆီထမင္းေမႊးေမႊးေလးရပါၿပီ။

ေဆာ့ကေတာ့ ၾကက္သြန္ျဖဴ ဂ်င္း ကိုေထာင္းထား ၿပီးေတာ့ င႐ုတ္သီးစိမ္း ၾကက္ျပဳတ္ရည္ အားလုံးကိုေရာလိုက္ပါ။ ပဲငပိတစ္ဇြန္းစာထည့္ပါ။ သံပုရာရည္ညွစ္ပါ။
အလွယ်ကူဆုံး #ကြက်ဆီထမင်း

ဈေးထဲကနေ ကြက်အရေခွံသီးသန့်ဝယ်လာတာတွေရှိလို့ ကြက်ဆီထမင်းလုပ်ဖြစ်သွားတယ်။ ကြက်အရေခွံတွေကို ဒယ်အိုးထဲထည့်ပြီး ကြော်။ ဆီတွေထွက်လာရင် ကြက်အရေခွံတွေကိုဖယ်။ အဲ့ဆီထဲမှာ ထောင်းထားတဲ့ကြက်သွန်ဖြူထည့်ဆီသတ်ပေး။ ကြက်ပေါင်တစ်ခြမ်းကို အတုံးတုံးပြီး ဂျင်းနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ရေ ကြက်သားမှုန့် သကြား ဆား ထည့်ပြီး အသားနူးတဲ့ထိပြုတ်ပေးထား။ ကြက်ပြုတ်ရည်ရရင်အအေးခံ။ ဆန်ဆေးထားပါ။ ထမင်းပေါင်းအိုးထဲ ဆန်ထည့်ပါ။

ထမင်းချက်သလို ကြက်ပြုတ်ရည် လက်တစ်ဆစ်ခွဲထည့်ပါ ( ရေအစားကြက်ပြုတ်ရည်ထည့်တာပါ ) ခုနကချက်ထားတဲ့ ကြက်အရေခွံဆီထည့်ပြီးချက်ပါ။ ကြက်သားများကို အသားနွင်ပါ။ သခွားသီး နံနံပင်ပြင်ဆင်ပါ။ ထမင်းကျက်ရင် ကြက်ဆီထမင်းမွှေးမွှေးလေးရပါပြီ။
ဆော့ကတော့ ကြက်သွန်ဖြူ ဂျင်း ကိုထောင်းထား ပြီးတော့ ငရုတ်သီးစိမ်း ကြက်ပြုတ်ရည် အားလုံးကိုရောလိုက်ပါ။ ပဲငပိတစ်ဇွန်းစာထည့်ပါ။ သံပုရာရည်ညှစ်ပါ။