ၾကာသပေတးသားသမီးမ်ားအတြက္ဒီလအတြင္းမွာသင့္အတြက္ကံဇာတာကေတာ့မိသားစုအလုပ္အကိုင္စီးပြားေရးေတြ ထူးထူးျခားျခားတိုးတက္လာမည္။ အိုးအိမ္ကိစၥ ေနရာထိုင္ခင္းကိစၥ ေတြမွာလည္းထူးထူးျခားျခားတိုးတက္ ေအာင္ျမင္ျခင္းမိသားစုရည္ရြယ္ခ်က္ရည္မွန္းခ်က္မ်ား ျပည့္၀ ေအာင္ျမင္မႈ႔ရရွိမည္။
အလုပ္အကိုင္ႏွင့္ပါတ္သက္၍ ေျမာက္အရပ္အေရွ႕ေျမာက္အရပ္ေတြမွာအခြင့္အေရးအခြင့္အလန္းမ်ားရွာေဖြသင့္သည္။ ထိုအရပ္ေဒသမ်ားတြင္ ေအာင္ျမင္မႈ႔ ရရွိႏိုင္သည္။မိမိေနအိမ္သို႔အသက္အရြယ္ ႀကီးရင့္ေသာရဟန္းသံဃာေတာ္တစ္ပါး ထူးထူးျခားျခား ၾကြေရာက္လာမည္။
အလြန္ေကာင္းေသာ နိမိတ္ျဖစ္ေသာေၾကာင့္သင့္အေနႏွင့္တတ္ႏိုင္သေလာက္ အလွဴဒါန ျပဳအပ္ေပသည္။ မိမိတို႔အတြက္ အလုပ္တြင္အႀကီးအကဲမ်ား၏ကူညီပံ့ပို႔ေပးျခင္းခ်စ္ခင္ ေစာင့္ေရွာက္ျခင္းမ်ားရရွိမည္။သင္သည္၀န္ထမ္းျဖစ္ပါက၀န္ထမ္းအလုပ္တြင္ပစ္စာတိုင္စာခံရတတ္သည္။
အမႈ႔အခင္း ျပႆနာမ်ား ေျဖရွင္းစရာမ်ားႀကံဳရတတ္ေပရာအထူးသတိထားသင့္သည္။အထူးအားျဖင့္ မိမိ၏လက္ေအာက္ငယ္သားမ်ား၏ ေတာ္လွန္ပုန္ကန္ျခင္းခံရတတ္ပါတယ္။ ျပန္လည္အာခံျခင္း ႀကံဳရတတ္ပါတယ္။ကားေမာင္းဆိုင္ကယ္ေမာင္းတာေတြကိုလည္း ဂရုစိုက္သင့္၏။အသက္ကိုမထိခိုက္သည့္တိုင္ေအာင္ယဥ္အႏၲရယ္ ျဖစ္တတ္၏။
ဤအခ်ိန္ကာလတြင္သင္သည္မည္သူတစ္စံုတစ္ေယာက္ကိုမွ်ယံုၾကည္ျခင္းမျပဳအပ္ေပ။လူယံုကဒုကၡေပးျခင္း ခံရတတ္သည္။ ေငြေၾကးကိစၥမ်ားႏွင့္ ပါတ္သက္၍ ေျဖရွင္းရတတ္ေသာေၾကာင့္ ေခ်းငွားျခင္းအာမခံျခင္းမျပဳသင့္၊ ေရွာင္ၾကည္သင့္၏။ မ်က္လံုးပ်က္ေသာသူမ်က္စိေစြေသာသူဒုကၡေပးျခင္းခံရတတ္တယ္။ လူမႈေရး ျပႆနာ မ်ားတတ္သည္။
က်န္းမာေရး အေနႏွင့္ကေတာ့ဆီးပူေညာင္းက် ျဖစ္ျခင္းဆီးေအာင့္ျခင္း မ်က္စိနာျခင္းမ်က္မွန္ပါ၀ါတိုးရျခင္း ျဖစ္တတ္ပါတယ္။ ေဆးထိုးေဆးေသာက္ မွားတတ္သည္။ ေလာင္းကစားလုပ္ငန္းမ်ား ျဖတ္လမ္းစီးပြားေရးမ်ားလံုး၀မျပဳလုပ္သင့္ဘ၀ပ်က္သည့္အထိဒုကၡျဖစ္တတ္သည္။ထီထိုးျခင္းကို ၀ါသနာပါပါက(၁၆) (၆၁) ပါေသာထီအတြဲကိုထိုးပါ။
အိမ္ေထာင္ရွိသူမ်ားအတြက္ အိမ္ေထာင္ေရး ကံၾကမၼာ အေကာင္းဘက္မွာ ရွိပါတယ္။သာယာျခင္းအဆင္ေျပျခင္းခ်မ္းေျမ့ျခင္းမ်ားရရွိမည္။လူငယ္မ်ားအတြက္အခ်စ္ေရး ရႈပ္ေထြးမည္ၾကားလူအေနွာင့္အယွက္ ျပဳျခင္းခံရတတ္သည္။ ၾကားေလေသြးေလ ေ၀းရတတ္သည္။သင္၏ကံဇာတာအညံ့အခုိက္မ်ား ေျပေပ်ာက္ေစၿပီး ေကာင္းက်ိဳးမ်ား ျပည့္စံုေစရန္အတြက္သံဃာေတာ္တို႔အား သတ္သတ္လြတ္ ဟင္းလ်ာ လွဴဒါန္းပါခရစ္တစ္
ကြာသပတေးသားသမီးများအတွက်ဒီလအတွင်းမှာသင့်အတွက်ကံဇာတာကတော့မိသားစုအလုပ်အကိုင်စီးပွားရေးတွေ ထူးထူးခြားခြားတိုးတက်လာမည်။ အိုးအိမ်ကိစ္စ နေရာထိုင်ခင်းကိစ္စ တွေမှာလည်းထူးထူးခြားခြားတိုးတက် အောင်မြင်ခြင်းမိသားစုရည်ရွယ်ချက်ရည်မှန်းချက်များ ပြည့်၀ အောင်မြင်မှု့ရရှိမည်။
အလုပ်အကိုင်နှင့်ပါတ်သက်၍ မြောက်အရပ်အရှေ့မြောက်အရပ်တွေမှာအခွင့်အရေးအခွင့်အလန်းများရှာဖွေသင့်သည်။ ထိုအရပ်ဒေသများတွင် အောင်မြင်မှု့ ရရှိနိုင်သည်။မိမိနေအိမ်သို့အသက်အရွယ် ကြီးရင့်သောရဟန်းသံဃာတော်တစ်ပါး ထူးထူးခြားခြား ကြွရောက်လာမည်။
အလွန်ကောင်းသော နိမိတ်ဖြစ်သောကြောင့်သင့်အနေနှင့်တတ်နိုင်သလောက် အလှူဒါန ပြုအပ်ပေသည်။ မိမိတို့အတွက် အလုပ်တွင်အကြီးအကဲများ၏ကူညီပံ့ပို့ပေးခြင်းချစ်ခင် စောင့်ရှောက်ခြင်းများရရှိမည်။သင်သည်ဝန်ထမ်းဖြစ်ပါကဝန်ထမ်းအလုပ်တွင်ပစ်စာတိုင်စာခံရတတ်သည်။
အမှု့အခင်း ပြဿနာများ ဖြေရှင်းစရာများကြုံရတတ်ပေရာအထူးသတိထားသင့်သည်။အထူးအားဖြင့် မိမိ၏လက်အောက်ငယ်သားများ၏ တော်လှန်ပုန်ကန်ခြင်းခံရတတ်ပါတယ်။ ပြန်လည်အာခံခြင်း ကြုံရတတ်ပါတယ်။ကားမောင်းဆိုင်ကယ်မောင်းတာတွေကိုလည်း ဂရုစိုက်သင့်၏။အသက်ကိုမထိခိုက်သည့်တိုင်အောင်ယဉ်အန္တရယ် ဖြစ်တတ်၏။
ဤအချိန်ကာလတွင်သင်သည်မည်သူတစ်စုံတစ်ယောက်ကိုမျှယုံကြည်ခြင်းမပြုအပ်ပေ။လူယုံကဒုက္ခပေးခြင်း ခံရတတ်သည်။ ငွေကြေးကိစ္စများနှင့် ပါတ်သက်၍ ဖြေရှင်းရတတ်သောကြောင့် ချေးငှားခြင်းအာမခံခြင်းမပြုသင့်၊ ရှောင်ကြည်သင့်၏။ မျက်လုံးပျက်သောသူမျက်စိစွေသောသူဒုက္ခပေးခြင်းခံရတတ်တယ်။ လူမှုရေး ပြဿနာ များတတ်သည်။
ကျန်းမာရေး အနေနှင့်ကတော့ဆီးပူညောင်းကျ ဖြစ်ခြင်းဆီးအောင့်ခြင်း မျက်စိနာခြင်းမျက်မှန်ပါဝါတိုးရခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးဆေးသောက် မှားတတ်သည်။ လောင်းကစားလုပ်ငန်းများ ဖြတ်လမ်းစီးပွားရေးများလုံးဝမပြုလုပ်သင့်ဘဝပျက်သည့်အထိဒုက္ခဖြစ်တတ်သည်။ထီထိုးခြင်းကို ဝါသနာပါပါက(၁၆) (၆၁) ပါသောထီအတွဲကိုထိုးပါ။
အိမ်ထောင်ရှိသူများအတွက် အိမ်ထောင်ရေး ကံကြမ္မာ အကောင်းဘက်မှာ ရှိပါတယ်။သာယာခြင်းအဆင်ပြေခြင်းချမ်းမြေ့ခြင်းများရရှိမည်။လူငယ်များအတွက်အချစ်ရေး ရှုပ်ထွေးမည်ကြားလူအနှောင့်အယှက် ပြုခြင်းခံရတတ်သည်။ ကြားလေသွေးလေ ဝေးရတတ်သည်။သင်၏ကံဇာတာအညံ့အခိုက်များ ပြေပျောက်စေပြီး ကောင်းကျိုးများ ပြည့်စုံစေရန်အတွက်သံဃာတော်တို့အား သတ်သတ်လွတ် ဟင်းလျာ လှူဒါန်းပါခရစ်တစ်