၁ဂဏန်းသမားများအတွက်အထူးဟောစာတမ်းခရစ်သက္ကရာဇ်အရ1၊10၊19နှင့်28ရက်နေ့များတွင်မွေးဖွားသူများသည်1ဂဏန်းသမားများဖြစ်သည်1ဂဏန်း၏ဝိသေသလက္ခဏာဂဏန်းအားလုံးတို့၏ရှေ့ဆောင်ဂဏန်းဖြစ်သည်

နေစကြာဝဠာအတွင်းရှိအလယ်ဗဟိုတွင်ရပ်တည်နေသောနေမင်းကြီး၏အမှတ်လက္ခဏာဖြစ်သည်။ဂြိုဟ်အားဖြင့်တနင်္ဂနွေဂြိုဟ်ဖြစ်သည်ဓာတ်သဘောအရအဖိုဓာတ်ဓာတ်”မီး”ဓာတ်ဖြစ်သည်ထိုဝိသေသလက္ခဏာများကြောင့်

(1)ဂဏန်းနေ့ရက်ဖွားများသည်အောက်ပါစရိုက်လက္ခဏာများရှိတတ်ကြသည်စရိုက်လက္ခဏာခေါင်းဆောင်စိတ်ရှိသည်တာဝန်ယူတတ်သောစိတ်ရှိသည်စိတ်နေစိတ်ထားမြင့်မားသည်သူများနောက်လိုက်မလုပ်လို။မိမိထက်နိမ့်ကျသောသူကို

ကူညီတတ်သည်လိမ္မာပါးနပ်သည်သိလွယ်တတ်လွယ်ပြီးနေရာတကာတွင်ရှေ့ဆုံးမှခေါင်းဆောင်ရခြင်းကိုနှစ်သက်သည်လူမှုရေးလုပ်ငန်းများတွင်ဦးဆောင်သူများဖြစ်တတ်သည်။အချို့သောသူများတွင်လူတစ်ဖက်သားအပေါ်အလွန်အကျွံ

လွှမ်းမိုးလိုသေစိတ်ရှိတတ်သည်။လက်တွေ့ဆန်ပြီးရုပ်ဝါဒဖက်ကိုအလေးသာသာသည်ဘဝရည်မှန်းချက်ကြီးသည်။ဇွဲသတ္တိကောင်းသည်အပင်ပန်းခံနိုင်သည်မိမိကိုယ်ကိုအထင်ကြီးစိတ်များတတ်သည်လူတစ်ဖက်သားအားကူညီတတ်

သော်လည်းမိမိကမူသူများအကူအညီကိုအောက်ကျနောက်ကျခံပြီးမတောင်းတတ်ချေအရာရာကိုအလွယ်တကူမယုံကြည်လွယ်တတ်ချေဘာသာရေးတွင်ယုံကြည်မိလျှင်အလွန်အကျွံယုံကြည်တတ်ကြပြီးမယုံကြည်မိလင်လည်း

လုံးဝပစ်ပယ်ထားတတ်သည်။အများစုသည်စကားပြောကောင်းသူများဖြစ်သည်။နည်းလမ်းမျိုးစုံဖြင့်လူအများကိုစည်းရုံးသိမ်းသွင်းနိုင်သူများဖြစ်သည်စီးပွားရေးနှင့်အလုပ်အကိုင်မြင့်မားသောရည်မှန်းချက်နှင့်ဘဝတွင်သူများအပေါ်

ခေါင်းဆောင်လုပ်လိုသောသဘောထားများကြောင့်သေးသိပ်နုပ်ဖျင်းသောအလုပ်များကိုစိတ်ဝင်စားလေ့မရှိပါစစ်ဘက်အုပ်ချုပ်ရေးဘက်စီမံခန့်ခွဲရသော လုပ်ငန်းများလူမှုရေးနှင့်ဆက်နွယ်နေသောလုပ်ငန်းများဆရာဝန်သမားတော်

ရွှေနှင့်ကျောက်မျက်ရတနာလုပ်ငန်းစက်ရုံအလုပ်ရုံလုပ်ငန်းများမီးလျှပ်စစ်တို့နှင့်ပတ်သက်သောလုပ်ငန်းများအင်ဂျင်နီယာလုပ်ငန်းများတွင်အကျိုးပေးမှပိုများနိုင်သည်မိမိလုပ်ကိုင်ရာလုပ်ငန်းခွင်အလုပ်ဌာနတွင်မည်သည့်အဆင့်မှ

စရသည်ဖြစ်စေထိပ်ဆုံးသို့တက်သွားနိုင်သောဘဝကံကြမ္မာမျိုးရှိကြသူများဖြစ်လေ့ရှိသည်အချစ်ရေးနှင့်အိမ်ထောင်ရေးအချစ်ရေးနှင့်အိမ်ထောင်ရေးကိစ္စများတွင်မိမိချစ်သူအိမ်ထောင်ဘက်ဖြစ်သူများအပေါ်တွင်လွှမ်းမိုးလိုစိတ်များ

တတ်ကြသူများဖြစ်ပြီးအချို့တွင်တစ်ဖက်သတ်အနိုင်ယူလိုသောသူများအဖြစ်တွေ့ရလေ့ရှိသည်သို့သော်အိမ်ထောင်တာဝန်၊မိသားစုတာဝန်ကျေပွန်တတ်ကြသူများဖြစ်လေ့ရှိသည်မိမိတို့၏အချစ်ကိုဇနီးခင်ပွန်းသားသမီးများအပေါ်တွင်သိသိ

သာသာထုတ်ဖေါ်ပြလေ့မရှိတတ်ကြ။အေးစက်စက်နိုင်သည့်သဘောထားမျိုးရှိသည်ကျန်းမာရေး(1)ဂဏန်းသမားများသည်များသောအားဖြင့်ကျန်းမာရေးကောင်းတတ်ကြပါသည်။ဦးခေါင်းနှင့်ပတ်သက်သောရောဂါများခေါင်းကိုက်

ခေါင်းမူးမျက်စေ့ရောဂါ၊ဦးနှောက်နှင့်အာရုံကြောရောဂါသွေးတိုးနှင့်နှလုံးရောဂါ စသည့်ရောဂါများကိုသတိပြုရမည်ဘဝကံကြမ္မာ(1)ဂဏန်းသမားများသည်နေမင်း၏အမှတ်လက္ခဏာဖြစ်ခြင်း၊အစဦးဂဏန်းဖြစ်ခြင်းတို့ကြောင့်

ဘဝကံဇာတာအလွန်အမင်းနိမ့်ကျခြင်းများတွေ့ရခဲလှသည်မိမိတို့ကျင်လည်ကျက်စားရာဘဝအဆင့်အတန်းအလိုက်ဦးဆောင်သူအကြီးအကဲခါင်းဆောင်များအဖြစ်တွေ့ရလေ့ရှိပါသည်(1)ဂဏန်းသမားများထဲတွင်(1)ရက်နေ့တွင်

မွေးဖွားသူများနှင့်(19)ရက်နေ့တွင်မွေးဖွားသူများသည်ပိုမိုကံကောင်းတတ်ပြီး(10)ရက်နေ့တွင်မွေးဖွားသူများနှင့်(28)ရက်နေ့တွင်မွေးဖွားသူများသည်ဘဝခရီးလမ်းအနည်းငယ်ကြမ်းတမ်းတတ်ပါသည်နိမ့်မြင့်တက်ကျလောကဓံကို

ပိုမိုကြုံတွေရရဖွယ်ရှိပါသည်။(28)ရက်ဖွားများသည်လူတစ်ဖက်သားအပေါ်မိမိမိသားစုအပေါ်တွင်တစ်ဖက်သတ်လွှမ်းမိုးလိုစိတ်များပြားတတ်ခြင်းကိုသတိပြုသင့်သည်။ထိုအချက်သည်ပြုပြင်သင့်သောအချက်ဖြစ်သည်။

(1)ရက်နေ့မွေးသူများတွင်လည်းအထီးကျန်ဆန်ပြီးလူအများနှင့်သဟဇာတမဖြစ်တတ်ခြင်းအထွဋ်အထိပ်သို့ရောက်လိုစိတ်ပြင်းပြခြင်းများသည်အားနည်းချက်တစ်ရပ်ဖြစ်တတ်သည်(19)ရက်နေ့ဖွားမြင်သူများမှာလူအများနှင့်

သဟဇာတအဖြစ်လွယ်ဆုံးဖြစ်ပြီးလူအများ၏ထောက်ခံအားပေးမှုကိုလည်အများဆုံးရတတ်ကြသူများဖြစ်ကြသည်မိတ်ဘက်ရန်ဘက်ဂဏန်းများ1ဂဏန်းသည်1ဂဏန်း 2ဂဏန်း3ဂဏန်း7ဂဏန်းများနှင့်မိတ်ဘက်ကျပြီး4ဂဏန်း

ဖြစ်လျှင်မူကောင်းမိလျှင်လည်းအရမ်းကောင်းတတ်ပြီးတစ်ခါတစ်ရံအဆိုးဖြစ်ခြင်းမျိုးလည်းရှိတတ်ပါသည်ကောင်းအားဆိုးအားပြင်းထန်တတ်ပါသည်5ဂဏန်း6ဂဏန်း7ဂဏန်း8ဂဏန်းများနှင့်သဟဇာတမဖြစ်လှချေအထူးသဖြင့်

1ဂဏန်းသမားများသည်6ဂဏန်းနှင့်ဝိဂဏန်းများကိုလုံးဝရန်ဘက်ကျသောကြောင့်အထူးရှောင်သင့်သည်ထို့ကြောင့်ဘဝခရီးလမ်းတွင်အဆင်ပြေချောမွေ့မှုများကို ရရှိရန်မိမိနှင့်တည့်သောဂဏန်းမွေးဖွားသူများနှင့်ပေါင်းသင်းဆက်ဆံခြင်း

ထိုနံပါတ်များများပါသောအိမ်နံပါတ်၊ကားနံပါတ်များကိုရွေးချယ်ခြင်းအရေးကြီးသောကိစ္စများလုပ်ဆောင်ရန်နေ့ရက်များအတွက်မိတ်ဘက်ဂဏန်းများကိုရွေးချယ်ပြီးရန်ဘက်ဂဏန်းများကိုရှောင်ရှားခြင်းဖြင့်ကောင်းကျိုးများပိုမိုရရှိစေနိုင်သည်
ကံကောင်းကံညံ့

ဖြစ်စေနိုင်သောအသက်ပိုင်းများ1ဂဏန်းသမားများသည်ယေဘူယျအားဖြင့်အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း5ဂဏန်း6ဂဏန်း8ဂဏန်း9ဂဏန်းများနှင့်မတည့်လှသောကြောင့်မိမိအသက်သည်တစ်လုံးတည်း

ပေါင်းခြင်းဖြင့်5,6,7,9ဂဏန်းများဖြစ်နေပါကထိုနှစ်များသည်များသောအားဖြင့်ကံမကောင်းတတ်ချေ1,2,3,7ဂဏန်းများဖြစ်နေပါကထိုနှစ်များသည်ကံကောင်းသောနှစ်များဖြစ်တတ်သည်4ဂဏန်းကျသောနှစ်မှာမူကောင်းအား

ဆိုးအားပြင်းထန်တတ်သည်သို့သော်အထက်ပါအသက်ပိုင်းများသည်ပုံသေနည်းမဟုတ်ပါအကြမ်းဖျဉ်းမျှသာဖြစ်ပါသည်ယေဘူယျအားဖြင့်မှန်ကန်တတ်သောကြောင့်သတိပြုနိုင်စေရန်ဖြစ်ပါသည်ဆရာမမေဘုန်းမြတ်(နက္ခတ်ဗေဒင်)မှာ၀င်ရောက်မေးမြန်နိုင်ပါသည်Viber_09883483973