ယခုအပတ်အတွင်းငွေကြေးကုန်ကျမှုများအလွန်များပြားနေလိမ့်မည်စုဆောင်းထားသော ငွေကြေးများရုတ်တရက်သုံးစွဲရခြင်းများ

ကြုံမည်။မထင်မှတ်ဘဲခရီးတွေထွက်ရတတ်ပါတယ်။အိမ်ပြောင်း၊အိမ်ရွှေ့ကိစ္စများ ဒီအပတ်အတွင်းကြုံနေရတတ်ပါတယ်မိဘအကြီးအကဲ

ကျန်းမာရေးအညံ့များကြုံတွေ့ရတတ်ပါသည်ကိုယ်တိုင်ရဲ့ကျန်းမာရေးကတော့ထင်သလောက်အညံ့အဆိုးမရှိနိုင်တာကို

တွေ့ရပါတယ်ဆောင်ရွက်လိုသော ဆန္ဒမရှိသည့် ကိစ္စရပ်များကို တာဝန်ယူလုပ်ကိုင်ရခြင်းများ  ရှိနေမည်။ တစ်ပါးသူကတိပျက်၍ အလုပ်ကိစ္စများ ထင်သလောက် တိုးတတ်မှုမရှိနိုင်ပါ

အခြားနေရာဋ္ဌာနများမှာ ယာယီတာဝန်ထမ်းဆောင်ပေးရတတ်ပါတယ်။ ဒုက္ခများနေတဲ့မိတ်ဆွေ တွေကို လူအားကိုယ်အားနဲ့ကူညီပေးရတတ်ပါတယ်။

တစ်ခုသတိထားရမှာက ဆရာတင်မှားတတ်ပါတယ်။ အရေး ကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဒီကာလအတွင်းချမှတ်လို့မကောင်းသေးပါဘူး

အချစ်ရေးနဲ့ပတ်သတ်ပြီး ချိန်းဆိုထား တာတွေလွဲရတတ်ပါတယ်။ ချစ်သူခင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်လို့မရတတ်ပါဘူး

အိမ်ထောင်ရေးမှာ ထင်သ လောက်ညံ့နေတာမျိုးမရှိပါဘူး။ အိမ်ထောင်ဘက်နဲ့ တိုင်တိုင်ပင်ပင်ရှိမယ့်ကာလတစ်ခုပဲဖြစ်ပါတယ်။

ပညာရေး မှာတော့ ပညာသစ်တစ်ခု စတင်သင်ယူလို့မကောင်းသေးပါအကျိုးပေးဂဏန်း၅/၆/၈အထူးဟောအလုပ်များကိစ္စများနေမည်ယတြာအောင်သပြေပန်းဘုရားကပ်လှူလိုက်ပါခရစ်တစ်ဆရာ ြငိမ်းေအးလူ