သုံးမိနစ်လျှပ်စစ် ရေနွေးအိုးပျက်ရင်ပစ်မထားနဲ့အခုလိုပြင်သုံးရင်အများကြီးသုံးလို့ရတယ်။လူသုံးများနေတဲ့ဖော်ပြပါသုံးမိနစ်လျှပ်စစ်ရေနွေးအိုးတွေဟာလပိုင်းနဲ့ပျက်စီးပြီးစက္ကူအဟောင်းရောင်းတဲ့ဆိုင်တွေမှာအချိန်ဈေးနဲ့

လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင်အသုံးချတဲ့နည်းကိုရေးပြလိုက်ပါတယ်။အခုလို ပြုပြင်ပြီးကျနော်ကိုယ်တိုင်လက်တွေ့သုံးနေတာ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ်မူလအသစ်ထက်စိတ်ချစွာအသုံပြုနိုင်တဲ့နည်းပါရေနွေးအိုး

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

အများစုဟာpower supply. ခေါ်လျှပ်စစ်ကိုအောက်ဖက်အဝိုင်းနေရာက ကြွေးပါတယ်အဲ့ဒီနေရာမှာတပ်ဆင်ထားတဲ့terminal ကြေးပြားလေးတွေဟာအလွန်ပါးပြီးအသုံးပြုတာကြာလာရင်အပူဒဏ်ကြောင့်ပျက်စီးကာ

ငုတ်နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာရေနွေး ကျိုမရဖြစ်တဲ့ဘဝကိုရောက်ရပါတယ်အဲသည်တော့power supplyပေးတဲ့လမ်းကြောင်းအသစ်ထွင်ပြီးတပ်ပေးလိုက်ရင်အကောင်းဖြစ်သွားပါတယ်အိုးအများစုကအောက်ဖက်မီး

အဝင်နေရာပျက်ကြလို့ပါပိုပြီးသေချာခြင်ရင်AVO မီတာနဲ့အောက်ဖက်က အပူပေးကွိုင်ကို ထောက်တိုင်းလို့အချက်ပြရင်ကွိုင်ကောင်းတာပါဘဲပြုပြင်ပုံက၁.ယိုးဒယားကလာတဲ့ဟင်းကြော်အိုးအနီတွေမှာသုံးတဲ့အခံဆော့ကက်ဂေါင်း

(ကြွေခံဖြစ်ရပါမယ်)ကိုလျှပ်စစ်ဆိုင်တွေမှာ500နဲ့ဝယ်ပါ။၂.ရေနွေးအိုးအောက်ဖက်screwသုံးလုံးဖြုတ်ပြီးဖွင့်ပါအလည် အဝိုင်းသို့power supply ပေးသည့်ဝါယာစ နှစ်စ တွေ့ရပါမည်အပြာနှင့်အနီ၎င်းအစနှစ်ခု

အား ဘဲနှုတ်သီး ပလာယာဖြင့် အသာဖြုတ်ပါ။ပုံ(၂)၃.ဝယ်လာသည့်ဆော့ကက်အထိုင် မှ ကြွေသား ပါသည့်အပိုင်းကို ယူပြီး ရေနွေးဘူး၏အောက်ခြေတဖက်ခြမ်းဝါယာကြိုး အလှမ်းမှီရာ နေရာတွင်နေရာချပါ။အခြားဘက်တွင် အချက်ပြမီး/pilot lamp)ရှိသည်၎.အောက်ခြေ

အပေါက်ဖောက်ရာတွင် ဖောက်စက် မရှိပါက ဖော်ပြထားသလိုသံချွန် /စကေဘာကိုမီးအပူပေးပြီး ရေနွေးဘူးအောက်ခံ ကော်သားကိုအပေါက်ဖောက်ယူပါပုံ (၃)၅.ဆော့ကက်အထိုင် ကြွေခေါင်းတပ်ဆင်နေရာချရာတွင်လျှပ်စစ်

ဝင်မည့်ငုတ် နှစ်ခု မထိအောင် စံနစ်တကျနတ်ကြပ်ပေးပါ။(တဖက်ဖက်ကို ရာဘာ ပိုက်သေး စွပ်ပေးလျှင်ပိုပြီးစိတ်ချရပါသည်။ပုံ(၄)၆.၎င်းနောက်ပထမ ဖြုတ်ထားခဲ့သည့်ဝါယာ၂စကိုအသစ်ထိုင်ထားသည့် ကြွေဆော့ကက်တွင်တပ်ဆင်

ပေးပြီး အောက်ဘက်မှ screw သုံးလုံးကို စံနစ်တကျ ပြန်တပ် ပေးလျှင် ရေနွေးကြိုနိုင်သည့် အိုးအကောင်းတခု ရလာမည်ဖြစ်ပါသည်။ပုံ(၅)၇.အသုံးပြု မည့်မီးကြိုးမှာ ယိုးဒယား ဟင်းကြော်အိုး အနီ တွင် အသုံပြုသည့်ကြိုးဖြစ်ပြီးအိမ်တွင်ရှိပါကထပ်မံဝယ်ယူရန်မလိုအပ်ပါဝယ်လျှင်

1500ကျပ် ဝန်းကျင်ပေးရပါသည်။အိုးအထိုင် အဟောင်း မှ ဝါယာများဖြုတ်ကာ အထိုင်ကို ပြန်ပြီးအသုံပြုနိုင်ပါသည်။ဆော့ကက်အထိုင် မှာ ကြွေ ဖြစ်ရပါမည်ရေနွေးအိုးမှာwatt-900 ခန့်ဖြစ်လို့ အထိုင်တွေကို့ စံနစ်တကျ နတ်ကြပ် ရပါမည်မထိတထိ ဖြစ်ပါကလျှပ်စစ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

sparkများဖြစ်ကာ အန္တရာယ်ဖြစ်နိုင်ကြောင်းပါခမျာရေနွေးအိုး က ဈေးပေါပါတယ်။4500/ဘဲ ပေးရတာပါ။ ပြင်သုံးရင်၂ နှစ်လှည့်မကြည့်ရပါဘူးဗျာယမန်နေ့ကကျနော် ပြုပြင်ပေးခဲ့သောအမျိုးတယောက်ရဲ့ ရေနွေးအိုးပါဗဟုသုတ နှင့် ငွေကိုခြွေတာနိုင်စေရန် ရေးသားတင်ပြသည်။credit