Exနဲ့ပြန်တွဲတော့မယ်လို့စဉ်းစားနေရင်ဒီအချက်(၅)ချက်ကိုအရင်ဆုံးဆန်းစစ်ကြည့်ပါလမ်းခွဲပြီဆိုတာနဲ့ရည်ရှည်ဆက်လက်တွဲလို့မရလောက်တဲ့အဖြစ်အပျက်တွေသင်တို့ကြားထဲမှာဖြစ်ပျက်ထားလို့ပဲဖြစ်ပါတယ်။
အကယ်၍အကြောင်းကြောင်းကိုယ့်အနေနဲ့ရည်းစားဟောင်းနဲ့ပြန်လက်တွဲချင်စိတ်ဖြစ်လာတဲ့အခါဘာမှမလုပ်သေးခင်မှာပဲ ဒီအချက်၅ချက်ကိုအရင်ဆုံးဆန်းစစ်စေချင်ပါတယ်။
(၁)ပြင်ဆင်ပြီးပြီလားသင်တို့နှစ်ယောက်ကြားထဲကလမ်းခွဲရတဲ့အဓိကအကြောင်းအရင်းကိုအခုအချိန်မှာရောပြင်ဆင်ပြီးပြီလားဆိုတာသိအောင်လုပ်ပါ။သူ့ဖက်ကပဲဖြစ်ဖြစ်၊သင့်ဖက်ကပဲဖြစ်ဖြစ်ပေါ့။
ဥပမာပြဿနာကအရမ်းရစ်လို့ဆိုရင်အဲဒီအရမ်းရစ်တတ်တဲ့အကျင့်ကိုသူပြင်ဆင်ပြီးပြီလားဆိုတာအရင်ဆုံးသေချာအောင် စမ်းစစ်ပါ။(၂)အရှုပ်အရှင်းတွေရှိသွားလားလမ်းခွဲလိုက်တဲ့ကာလအတွင်းမှာသင်ရော
သူရောနှစ်ဖက်စလုံးမှာတစ်ယောက်ယောက်နဲ့များအီဖူးတာ၊တွဲဖူးတာမျိုးရှိခဲ့လား။လက်ရှိအချိန်အထိရှိနေဦးမယ်ဆိုရင် အရှု့ပ်တွေကိုလက်မတွဲခင်သေချာလေးအပြတ်ရှင်းခဲ့ပြီးသူ့ကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြတာအကောင်းဆုံးပါပဲ။
(၃)သူ့ဖက်ကရောတကယ်လိုလားရဲ့လားပြန်လက်တွဲဖို့ကိစ္စကိုတစ်ဦးတစ်ဖက်တည်းကပဲစိတ်ဓာတ်တက်ကြွနေလို့မဖြစ်ပါဘူး။သူ့ဖက်ကရောကိုယ့်ဖက်ကပါတကယ်စိတ်လိုလက်ရပြန်လက်တွဲချင်တာမျိုးဖြစ်မှအဆင်ပြေမှာပါ။
(၄)တကယ်ချစ်သေးရဲ့လားသူကရောသင့်ကိုတကယ်ချစ်သေးရဲ့လား၊သင်ကရောသူ့ကိုတကယ်ချစ်ရဲ့လားဆိုတာအရေးကြီးပါတယ်။သံယောဇဉ်တစ်ခုတည်းနဲ့မရေမရာတစ်ခုတည်းအတွက်နဲ့တော့မဖြစ်စေပါနဲ့။
(၅)အဆင်သင့်ဖြစ်ပြီလားအကယ်၍သူ့ဖက်ကသင်မကြိုက်တဲ့အချက်တွေထပ်လုပ်လာဦးမယ်ဆိုရင်ရောသင့်အနေနဲ့လက်ခံနိုင်မှာလား၊သည်းခံနိုင်မှာလားဆိုတာစဉ်းစားပါ။ဖြစ်လာသမျှအကြောင်းကိစ္စအားလုံးခံစားနိုင်ဖို့အဆင်သင့်ဖြစ်ပြီလား ဆိုတာပြန်စမ်းစစ်ဖို့အရေးအကြီးဆုံးပါပဲ။crd penny
LEAVE A REPLY
Please enter your comment!
Please enter your name here