ဆံပင်မသန်တဲ့မိန်းကလေးတွေအတွက်ဆံပင်အမြန်ဆုံးရှည်လာစေမယ့်နည်းမ်း(၄)သွယ်မိန်းကလေးတွေအနေနဲ့မျက်နှာအလှအပကအရေးကြီးသလိုဆံကေသာအလှကလည်းအလွန်ကိုအရေးကြီးပါတယ်ဆံပင်မသန်စွမ်းတာအရှည်နှေး

တာဆံပင်ပျက်စီးတာတွေဖြစ်နေရင်မျက်နှာလေးဘယ်လောက်လှအောင်ပြင်ထားထား အလှကမပြည့်စုံနိုင်ပါဘူးဒါကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ပြဿနာတွေကိုကြုံတွေ့နေရတဲ့ပျိုမေတို့အတွက်ဆံပင်သန်ပြီးမြန်မြန်ရှည်လွယ်မယ့်သဘာဝ

နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်(၁) ခေါင်းမလျှော်ခင် ဦးရေပြားကို သွေးလှည့်ပတ်မှုကောင်းအောင် လုပ်ပါဆံပင်ရှည်လွယ်ဖို့ဆံပင်ကောင်းဖို့အတွက်ဆိုရင် ခေါင်းလျှော်တဲ့နည်းလမ်းကအလွန်အရေးကြီးပါတယ်

ခေါင်းမလျှော်ခင်မှာဦးရေပြားကိုနွေးသွားအောင်လုပ်ပေးဖို့ဆံပင်အရင်းနားလေးတွေကိုလက်ဖျားလေးတွေနဲ့ထိုးဖွပေးပါလက်ဝါးနှစ်ဖက်ကိုပူနွေးလာအောင်ပွတ်တိုက်ပြီးဦးရေပြားမှာကပ်ပေးပါအဲ့ဒီလိုမျိုး၅မိနစ်လောက်လုပ်ပေးပြီးမှ

ခေါင်းလျှော်ပေးလိုက်ရင်ဆံသားကိုပိုကောင်းစေပြီး မြန်မြန်ရှည်လာစေပါတယ်(၂)အိန္ဒိယရိုးရာနှိပ်နည်းသုံးပါဆံပင်အရင်းတွေကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီးဖြည်းဖြည်းချင်းဆွဲပေးပါပြီးရင်လက်မကိုသုံးပြီးဦးခေါင်းနောက်ခြမ်းကိုနှိပ်ပါ

လက်ချောင်းထိပ်လေးတွေနဲ့လည်ပင်းနောက်ဘက်တလျှောက်နှိပ်ပေးပါနောက်ဆုံးမှနဖူးဆံစပ်တလျှောက်ကိုလက်ဝါးနဲ့ပွတ်တိုက်ပေးပါဒီနည်းလမ်းကအိန္ဒိယလူမျိုးအမျိုးသမီးတွေ ဆံပင်သန်ဖို့သုံးကြတဲ့ရိုးရာနည်းတစ်ခုဖြစ်ပါတယ်

EAINSHINMA.COM content and Photo is copyrighted and only allowed to appear on website. Please respect our copyrights”Eainshinma.com

(၃)ဦးရေပြားကိုအောက်စီဂျင်ရအောင်လုပ်ပေးပါ။ဆံပင်သန်ဖို့၊ဆံပင်မြန်မြန်ရှည်ဖို့ဆိုရင် ဦးရေပြားကအောက်စီဂျင်ရဖို့လိုပါတယ်ဦးရေပြားအောက်စီဂျင်ရအောင်ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးရမှာပါဦးခေါင်းသွေး

လှည့်ပတ်မှုကောင်းဖို့အတွက် ဦးခေါင်းကိုအိပ်ရာအစွန်ဘက်မှာ၁၀မိနစ်လောက် နောက်ပြန်လှန်ထားပေးရပါမယ်၎။ကြက်ဥနဲ့အမြဲ ပေါင်းတင်ပေးပါကြက်ဥရဲ့ပရိုတင်းဓာတ်ကဆံပင်မြန်မြန်ရှည်ဖို့အကောင်းဆုံလိုအပ်ချက်တစ်ခုပါဒါကြောင့်

ဆံပင်ပေါင်းတင်တဲ့တခြညးနည်းလမ်းတွေမလုပ်ဖြစ်ရင်တောင် ကကြက်ဥနဲ့တော့ တစ်ပတ်တစ်ခါပုံမှန်ပေါင်းတင်ပေးပါကြက်ဥတစ်လုံးလုံးကိုသံလွင်ဆီတစ်ဇွန်းနဲ့ရောပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပြီး ၁၅မိနစ်ကြာရင်ခေါင်းလျှော်ပေးပါဒီအတိုင်းပေါင်းတင်ပေးတာက ဆံပင်ကိုသိသိသာသာရှည်လာစေပါတယ်