အိမ်ဆောက်ရင်သုံးတဲ့သံချောင်းများကိုအတုအစစ်ခွဲခြားနည်းမြန်မာ့စကားပုံမှာ အတုကတထောင်အစစ်ကတယောက်ဆိုတဲ့စကားပုံရှိပါတယ်ဟုတ်ပါတယ်အစစ်ဟာနာမည်ရလာပြီဆိုလျှင် အတုပေါင်းများစွာ ပေါ်လာတတ်ပါတယ်
အတုနှင့်အစစ်မှာဘယ်အတုကမှအစစ်ထက်ကောင်းတယ်ဆိုတာမရှိခဲ့ပါဘူးကျွန်တော်တို့အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလောကဟာအပြိုင်အဆိုင်များလှတဲ့လောကတခုဖြစ်ပါတယ်။ဈေးကွက်ဆိုတာ Red Ocean နဲ့ Blue Ocean ဆိုပြီးရှိနေတာဖြစ်ပြီးကျွန်တော်တို့ရဲ့အိမ်ဆောက်ပစ္စည်း
လောကဟာဆိုရင်Red Ocean ဖြစ်ပါတယ်ဒီနေရာမယ်Red Ocean ကို ရှင်းပြရမယ်ဆိုရင် Red Ocean ဟာ ဈေးနှုန်းအပြိုင်အဆိုင်များပြီးအတိုက်အခိုက်များတဲ့ဈေးကွက်ဖြစ်ပါတယ်ကျွန်တော်တို့အိမ်ဆောက်ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းဟာလဲဈေးနှုန်းအပြိုင်အဆိုင်ဝန်ဆောင်မှု
အပြိုင်အဆိုင် ပြင်းထန်တဲ့ ဈေးကွက်ဖြစ်ပါတယ်သံချောင်းဈေးကွက်မှာ နိုင်ငံခြားကနေ တိုက်ရိုက် တင်သွင်းရောင်းချတဲ့ Import သံချောင်းများရှိသလို၊ ဒီကစက်မှုဇုံမှာပဲ ထုတ်တဲ့ Local သံချောင်းဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်လက်ရှိ ဖြစ်နေတဲ့ သံချောင်းအတုအစစ် ကိစ္စကတော့
နိုင်ငံခြားကလာတဲ့သံချောင်းတံဆိပ်များကို Localစက်ရုံမှာပဲစက်မှုဇုံထုတ် သံချောင်းတွေမှာအသားတံဆိပ်ပြန်ရိုက်ပြီးအော်သံချောင်းOriginal သံချောင်းဆိုပြီး ဈေးကွက်ထဲ ရောင်းချနေကြတာပဲဖြစ်ပါတယ်HRB-400၊HRB-500 သံချောင်းအစစ်များထက်အဆိုပါ
အသားတံဆိပ်ပြန်ရိုက်ထားတဲ့သံချောင်းကပိုပြီးဈေးသက်သာပါတယ်Local ထုတ်သံချောင်းထက် ဈေးများပါတယ် တကယ်တမ်းမှာတော့အဆိုပါအသားတံဆိပ်ပြန်ရိုက်ပြီရောင်းနေတဲ့ သံချောင်းများဟာ Local ထုတ်သံချောင်းများသာ ဖြစ်ပါတယ်အတုကို စစ်လို့ထင်ပြီးဝယ်လိုက်ရတဲ့
Customer များအတွက် အလွန်ပဲ ထိခိုက်နစ်နာပါတယ်ဒီတော့ မေးစရာတခုကပေါ်လာပါပြီကျွန်တော်တို့ဒီသံချောင်းအတုနဲ့ အစစ်ကို ဘယ်လိုခွဲကြမလဲဟုတ်ပါတယ်အနာသိရင်ဆေးရှိရစမြဲပါပဲဒီလိုအတုအစစ်ခွဲနည်းကိုကျွန်တော်တင်ပြပေးပါ့မယ်အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးပါ့မယ်
အခုကျွန်တော်ပြောပြမယ့်အချက်(၆)ချက်ကို မူတည်ပြီး အတုအစစ်ခွဲခြားနိုင်ပါတယ်(၁)ဖောင်းလုံးကြီးခြင်းသံချောင်းများရဲ့ဘေးမှာပါတတ်ကြတဲ့ဖောင်းလုံးများကို ရင်းနှီးကြမယ် ထင်ပါတယ်။ သံချောင်းအတုများရဲ့ ဖောင်းလုံးဟာ အော်သံချောင်းOriginal သံချောင်းများထက်ပိုပြီးကြီးတတ်ကြပါတယ်
(၂)စာလုံးပုံ(Font)မတူခြင်းအော်သံချောင်းများအပေါ်မှာရေးထားတဲ့စာလုံးပုံFontနဲ့ဒီမှာပြန်ပြီးအသားတံဆိပ်ရိုက်ထားတဲ့စာလုံးပုံများဟာ ကွာခြားပါတယ် အော်သံချောင်းများရဲ့စာလုံးပုံကပိုသပ်ရပ်ပြီးသံချောင်းအတုများကတော့ စာလုံးပုံလက်ရာ ကြမ်းပါတယ်
(၃)Chemical Compositionသံချောင်းတုများရဲ့အရောင်များဟာ ဖြူစပ်စပ် ဖြစ်နေပါတယ်ဒီလိုဖြစ်ရတာကတော့ပါဝင်တဲ့ Chemical Compositionမမှန်လို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်ဒါ့အပြင်သံချောင်းတုများရဲ့
ကုန်ကြမ်းဟာ အော်သံချောင်းများရဲ့ ကုန်ကြမ်းလိုသံရိုင်းကနေလုပ်တာမျိုးမဟုတ်ပဲ Scrap Metal လို့ခေါ်တဲ့သံဟောင်းများကနေ ပြန်လည်အရည်ကျိုပြီးလုပ်ထားတာဖြစ်ပါတယ်ဒီအတွက်ကြောင့်ကြံ့ခိုင်မှုပိုင်းမှာအရမ်းကိုကွာခြားပါလိမ့်မယ်
(၄)ကြံ့ခိုင်မှုအပိုင်းသံချောင်းတုများဟာကြံ့ခိုင်မှုပိုင်းမှာအင်မတန်မှအားနည်းလှပါတယ်အထက်မှာပြောခဲ့သလို Scrap Metal ကနေပြန်လည်ပြုလုပ်ထားတဲ့အတွက်ကြောင့်ကြံ့ခိုင်မှုပိုင်းမှာအားနည်းပါတယ်ဒါ့အပြင်သံချောင်းတချောင်းချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းမှာလဲတချောင်းနဲ့တချောင်း
ကွာခြားနေပြန်ပါတယ်(၅)Bundleသံချောင်းတုများရဲ့Bundle သံချောင်းအစီးရဲ့ထိပ်နှစ်ဖက်ဟာ ညီနေတတ်ပါတယ်။ အော်သံချောင်းများကတော့ Bundle မညီတတ်ကြပါဘူး(၆)အရောင်အသွေးအော်သံချောင်းများရဲ့
အရောင်ကတော့ သံရောင်ပေါက်တတ်သလိုညိုပြာပြာဖြစ်တတ်ပါတယ်Import အဖြစ်တင်သွင်းရတာဖြစ်ပြီးသင်္ဘောတွေရဲ့Bulk Shipment တွေနဲ့လာရတာဖြစ်တဲ့အတွက်ရေဒဏ်လေဒဏ်နဲ့သံချေးအနည်းငယ် တတ်တာမျိုး
ရှိတတ်ပါတယ်ဒါပေမယ့်သံချောင်းတုများကတော့အရောင်အသွေးပိုင်မှာလှတတ်ပါတယ်သံချေးလဲမပါတတ်ပါဘူးအဆိုပါအချက် (၆)ချက်ကိုကြည့်ပြီးသံချောင်းအတုနဲ့အစစ်ကို ခွဲခြားနိုင်ပါတယ်TCCB